မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် (Hydroponices) အပိုင်း (၃)
အသင့်သုံးအာဟာရဖျော်ရည်ဖျော်စပ်ပုံ
အပင်အာဟာရဖျော်ရည်ကို ရေ နှင့် ဓာတ်သတ္တုဆားများနှင့် ဖျော်စပ်ရပါမည်။ ရေတွင် အလွယ်တကူ ပျော်ဝင်စေနိုင်သော အရည်အသွေးမြင့် ဓာတ်သတ္တုဆားများကို အသုံးပြုပေးရပါမည်။
အောက်ဖော်ပြပါ ပစ္စည်း (၅) မျိုးနှင့် ဖျော်စပ်ထားသော အပင်အာဟာရဖျော်ရည်ကို အသုံးပြုလျှင် အကောင်းဆုံးရလဒ်ကို ရရှိနိုင်ပါမည်။
• Armo 15-15-15+7S (အာမို)
• Ca Chloride (ကယ်လ်ဆီယမ် ကလိုရိုက်)
• Armo 15-15-30+ 6 ME (အာမို)
• Mg Sulfate (မဂ္ဂနှီယမ် ဆာလဖိတ်)
• Fetrilon (Microelements)
ပါဝင်ပစ္စည်းတစ်မျိုးစီကို ရေထဲတွင်ထည့်ပြီး ကျဲသွားအောင် နောက်ထပ်ရေထည့်ပေးပါက အနည်ကျ ခြင်းကို မဖြစ်ပေါ်စေနိုင်ပါ။
အပင်အာဟာရပျော်ရည်ကို လီတာ (၂၀၀ ဆံ့) တိုင်ကီအတွင်း အောက်ပါ အတိုင်း ဖျော်စပ် နိုင်ပါသည်။ (၆ × ၁၂ မီတာ) စိုက်ပျိုးအိမ်အတွက် အပေါ်တိုင်ကီနှစ်လုံးမှာ ထည့်ဖို့ဖျော်ရည် လီတာ (၂၀၀+၂၀၀) အသုံးပြုရပါမည်။
(၁) တိုင်ကီရေတစ်ဝက်ဖြည့်ပြီး Armo 15-15-15+7S (အာမို) ဂရမ်-၁၀၀ ကို ပျော်ဝင်အောင် ထည့်ဖြည့်ပါ။
(၂) ရေထပ်ထည့်ပေးပါ။ ရေထည့်ရင်း ဦးစွာ Ca Chloride ဂရမ် (၅၀) ထို့နောက် အာမို ၁၅-၁၅-၃၀+၆ME (အာမိုဂရမ် ၅၀ နောက်ဆုံး Mg Sulphate) ဂရမ် ၁၀၀ ထည့်ပါ။
(၃) ဖါထရီလွန်ကိုဘီ (၅၀) မီလီလီတာ ထည့်ဖျော်ပါ။
ထို့နောက် မြေလွှာမဲစနစ်မှာ အသုံးပြုရန် အပင်အာဟာရပျော်ရည် အသင့်ဖြစ်ပါပြီ။ စိုက်ပျိုးအိမ်ကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် စည်းမျဉ်းတစ်ရပ်အဖြစ် အပင်အာဟာရပျော်ရည်၏ အချဉ်ဓာတ် (စံ) နှင့် လျှပ်ကူးနှုန်း (EC) ကို ပုံမှန်စစ်ဆေးပေးနေရပါမည်။ (စံ) မှာ (၆-၈) အကြားရှိနိုင်ပါသည်။ (EC) မှာ (၁၁၀၀ မှ ၁၆၀၀) မိုက်ခရိုS အကြားရှိနိုင်ပါသည်။
အပင်အာဟာရ ရည်ဖျော်စပ်ရန်
၁။ လိုအပ်သော ဓာတ်သတ္တုတ်ဆားပမာဏကို ချိန်တွယ်ပါ။
၂။ အာမို 15-15-15+7S ကိုရေထဲတွင် အလွယ်တကူပျော်ဝင်နိုင်စေရန် ထောင်းပြီး ချေပေးပါ။ ထို့နောက် ခြောက်သွေ့ပြီးမှောင်သော နေရာတွင် ထားရပါမည်။
နေ့စဉ်လုပ်ရမည့်လုပ်ငန်းများ
• pH နှင့် EC မီတာများကိုအသုံးပြုပြီး တိုင်ကီများအတွင်းရှိ ပျော်ရည်ရဲ့ pH နှင့် EC တန်ဖိုးများကို စစ်ပေးရပါမည်။ စစ်ဆေးရရှိလာသော အချက်အလက်များကို Note စာအုပ်ဖြင့် မှတ်သားထားရပါမည်။
• အစက်ချပေါက်များ ပိတ်မနေစေရန် စစ်ဆေးပေးရပါမည်။
• အထက်ရေတိုင်ကီမှာ ပျော်ရည်လေးပုံတစ်ပုံကျန်လျှင် အပင်အာဟာရပျော်ရည် ဖြည့်ပေး ပါ။ (၂၀၀) လီတာအထိဖြည့်ပါ။ ဖျော်ရည်ဖြည့်နေစဉ် အဝင်ပေါက်ခလုတ်များကိုပိတ်ထား ရန် သတိပြုပါ။
• အဝင်ပေါက်ခလုတ်များကိုဖွင့်ပြီး အပင်အာဟာရ ပျော်ရည်စနစ်အတွင်း စီးဝင်ပါစေ။ မနက်စောစောတစ်ကြိမ် နေ့လည်စာစားချိန်တစ်ကြိမ် ညနေပိုင်းတွင်တစ်ကြိမ် တစ်နေ့ သုံးကြိမ်ပြုလုပ်ပေးပါ။
အခြားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ
• တစ်ပတ်လျှင်တစ်ကြိမ် အစက်ချအပေါက်များကို သန့်ရှင်းပေးရပါမည်။
• စိုက်ပျိုးအိမ် တစ်ခုလုံး အတွင်းအပြင် မကြာခဏ ပေါင်းနှုတ်ပေးရပါမည်။
• ပိုးမွှားကျရောက်ခြင်း အပင်ရောဂါ ဖြစ်ပွားခြင်းများကို စောင့်ကြည့်စစ်ဆေးပေးပါ။
Reference-Department Of Agriculture
Agri.Linn.Htet
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မြေမဲ့စိုက်ပျိုးနည်း
Nyan Lynn Htet
လွန်ခဲ့သော ၄ နှစ် ကအာဟာရရည်က မိမိစိုက်ပျိုးထားသည့်အခြေအနေပေါ်မူတည်ပြီး ဖွင့်၊ပိတ်လုပ်ပေးရပါတယ်ဗျ
Nyan Lynn Htet
လွန်ခဲ့သော ၄ နှစ် ကစာအုပ်ရရင် မျှဝေပေးပါ့မယ်ဗျ စိတ်ဝင်စားမှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ🙏
ဦးဗိုလ်ဗိုလ်မြင့်
လွန်ခဲ့သော ၅ နှစ် ကအဟာရရည်ကို နာရီဘယ်လောက်ကြာအောင် မော်တာကိုမောင်းပေးရမှာလဲခင်ဗျာ
မြတ်ဦး
လွန်ခဲ့သော ၅ နှစ် ကစာအုပ်ရရင်လမ်းညွန်ပေးပါ
akmin
လွန်ခဲ့သော ၅ နှစ် ကhi
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ငရုတ်ကောင်းမျိုး နိုင်ငံခြားမျိုးကောင်းရှိရင် ပြောပြပေး ကြပါ ဧရာဝတီတိုင်းပုသိမ်ဘက်ခြမ်းဆိုပိုအဆင်ပြေတယ်
စောလှထွန်း • ဖြေကြားချက် 1 ခု
စပါးအပင်တွင်းရှိတဲ့ဆစ်ပိုးကိုသေစေဖို့ဘာဆေးသုံးသင်လည်းဗျဆစ်ပိုးသေပီတော့အပင်ပြန်ပြည့်ဖို့အတွက်ဆစ်ပိုးကျတဲ့နေရာကိုပုလဲသုံးပီပက်ရင်ဆင်ပြေလား
ကိုမျိုး • ဖြေကြားချက် 2 ခု
မဂ်လာပါဗျခုနှစ်မှစမ်းစိုက်တဲ့ငရုတ်လေးမိုးများတော့သိပ်မကောင်းဘူးဖြစ်နေပါတယ်ဆရာမိုးတွင်းမစိုက်ပဲနွေရာသီမှာအစက်ချစနစ်နဲ့ခရမ်းချဉ်ဖြစ်ဖြစ်ငရုတ်ဖြစ်ဖြစ်အဆင်ပြေနိုင်လားမသိဘူးဖြစ်နေပါတယ်ရေသွင်းဖို့ကမြေကမညီဖြစ်နေပါတယ် 4/5လပိုင်းလောက်အပေါ်ဆိုနွေဒဏ်ကိုဘယ်သီးနှံကပို့သင့်တော်မလည်းဗျဆောင်းအပေါ်ဆိုကျနော်တို့ဘက်ဈေးသိပ်မရလို့ပါဗျကျေးဇူးတင်ပါတယ်ဗျ
naing lin • ဖြေကြားချက် 1 ခု
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
TunThein • ဖြေကြားချက် 3 ခု
ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား
ဝင်းမင်းအောင် • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Nyan Lynn Htet
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....