စိုက်ပျိုးရေးတွင် ကျင့်သုံးသင့်သည့် အလေ့အထကောင်းများ-၃
မႈိ Fungus
ASEAN-FOOD SAFETY Module တွင်ထည့်သွင်း ဖေါ်ပြထားခြင်းမရှိသော အဏုဇီဝ ပိုး တစ်မျိုးမှာ မှို ဖြစ်ပါသည်။
အပင်ရောဂါ ဖြစ်စေသော သက်ရှိအများစုမှာ မှိုများ ဖြစ်ကြပါသည်။ အပင်ကို ရောဂါဖြစ်စေသော မှို မှ လူကို အန္တရာယ် ဖြစ်စေသော မှို မှာ အားဂေါ့ မှို ဖြစ်ပါသည်။ အားဂေါ့ ဆိုသည်မှာ (Rye) ဟုခေါ်ဆိုသည့် ဝီစကီချက် လို့ရသည့်ကောက်နှံပင် တစ်မျိုး တွင် ဖြစ်ပွားသည် မှို ရောဂါ တစ်မျိုး ဖြစ်ပါသည်။ရောဂါဖြစ်စေသည့်သက်ရှိမှာ Claviceps purpurea ဆိုသော မှို တစ်မျိုး ဖြစ်ပါသည်။(Rye) ရိုင်း သည်ယခင်က ဂျုံခင်းထဲတွင်ပေါက်ပွားတတ်သည့်ပေါင်းပင် တစ်မျိုး ဖြစ်ခဲ့ပါသည်။
ဥရောပ အရှေ့ပိုင်းနှင့် ရုရှ အနောက်ပိုင်း ဒေသများတွင် ၅ရာစုနှစ်လောက် အချိန်များ မှ စတင်ပြီး အားဂေါ့ မှိုရောဂါ သည် ကပ်ရောဂါ ဆိုးသဖွယ် လူများစွာကို သေစေခဲ့ပါသည်။ အားဂေါ့ရောဂါ ဖြစ်သည့်အခါ (Rye) ရိုင်းကောက်နှံများတွင် ကောက်နှံစေ့ တည်ရမည့်နေရာတွင် အဆံမတည် ပဲ Claviceps purpurea မှို သည် ပတ်ဝန်းကျင် ကို ခံနိုင်ရည် ရှိစေမည့် ပုံစံတစ်မျိုးကို ဖွဲ့စည်း ဖြစ်ပေါ်စေပါသည်။ ထို ပုံစံသည် မာကျော ကျစ်လစ်ပြီး ကြွက်ချေး သဏ္ဍန် ခရမ်းရောင် အဆံ သဖွယ် ကောက်နှံ တွင် သီးပါသည်။

ထိုကောက်နှံပါသော အဆံများကို ရိတ်သိမ်းမိပြီး ပေါင်မုန့်ကြမ်း များဖုတ်ကာ စားသုံးကြသူများ မှာ အဆိပ်သင့် ကြရပါသည်။ အသားတစ်သျှူးများ သေဆုံးခြင်း၊ လက်မောင်း၊ ခြေထောက် ၊ခြေဖျား လက်ဖျား များတွင် လောင်ကျွမ်းခြင်းဖြစ်ပေါ်ကာ ညိုမည်းလာခြင်း၊ လူနာမှာ ပြင်းထန်သော ခံစားချက်ကြောင့် လူးလှိမ့်ကာ သေဆုံးကြရပါသည်။ထိုအချိန်က ဘုရားသခင် က ပြစ်ဒဏ်ချမှတ်သည့် လောင်ကျွမ်းမှု ဝေဒနာ God’sFire ဟုခေါ်ဆိုကြပါသည်။
သက္ကရာဇ် ၁၀၃၉ တွင် ပြင်သစ် နိုင်ငံ တွင် ထိုသို့အဆိပ်သင့်မှုမျိုး အကြီးအကျယ် ဖြစ်ပွား သောကြောင့် လူနာများကို ဆေးကုသ ရန်အတွက် ဆေးရုံများပင်တည်ထောင်ပေးခဲ့ရပါသည်။ဆေးရုံတည်ထောင် ပေးခဲ့သူ Gastonde Valloire က သူတော်စင်St. Anthony ရဲ့ ကယ်ဆယ် မှု ဖြင့် သက်သာရာ ရပါစေကြောင်း ရည်ရွယ် လျက်အဆိပ်သင့်ရောဂါကို God’s Fireရောဂါ မှ St. Anthony’s Fire ဟုပင် ပြောင်းလဲ ခေါ်ဆိုကြပါသည်။
ဘုန်းတော်ကြီးများက ဆေးရုံပေါင်း၃၇၀ ဆောက်လုပ်ပေးရသည် အထိ လူနာများ များပြားခဲ့ပါသည်။ လူနာများသည်လည်း(Rye) ရိုင်း ဂျုံကြမ်းပေါင်မုန့် ကို စားသုံးကြရသည့် ဆင်းရဲသားလူနာများ ပင်ဖြစ်သည့် အပြင် အားဂေါ့မှို အဆိပ်ပါသည့် ပေါင်မုန့် စား၍ ရောဂါဖြစ်ရခြင်းကို မသိကြသည့်အလျောက် ဆက်လက် စားသုံးနေသည့်အတွက် ရောဂါသက်သာသူများပင် ထပ်ဖြစ်ကြ ရပါသည်။
ပြင်သစ်နိုင်ငံသည် ထို ဆိုးရွားသော ကပ်ရောဂါ ဖြစ်ပွား ရာ ဗဟိုဒေသ ဖြစ်ခဲ့ပြီး လူပေါင်း လေးသောင်းကျော် ထိ သေဆုံးခဲ့ရပါသည်။ ပြင်သစ် နိုင် ၏ (Rye) ရိုင်းဂျုံကြမ်းပန်းပွင့်ချိန် သည် အေးစက် စိုစွတ်ချိန်ဖြစ်သဖြင့် အားဂေါ့မှို သည် ပန်းပွင့်အတွင်းလွယ် ကူစွာပေါက်ပွား နိုင်ရပါသည်။
၁၆၇၀ ခုနှစ် တွင်မှသာ ပြင်သစ်လူမျိုး ဆရာဝန် French physician, Dr. Thuillier သည် အားဂေါ့မှို ပါဝင်သော ဂျုံကြမ်း ကို ကြိတ်ပြီးပြုလုပ်ထားသော ပေါင်မုန့် များကို စားသုံးခြင်းကြောင့် ဟု အတည်ပြုပြောဆို နိုင်ခဲ့ပါသည်။
Error
" alt="" />
ကင်ဆာ ဖြစ်စေသာ အဆိပ်အတောက် ကို ထုတ်ပေးသည့် မှိုများလည်းရှိပါသည်။
စားသုံးသူများအတွက် အန္တရာယ် ကြီးမားစွာပေးနိုင်သော အပင်ရောဂါ မှို များ မှာAspergillus flavus နှင့်Aspergillus parasiticus, တို့ ဖြစ်ကြပါသည်။
Aflatoxins အက်ဖလာတောက်ဆင် ဟုခေါ်သော မှို အဆိပ်ကို ထုတ်ပေးတတ်သည့် မှို များဖြစ်သဖြင့် လည်း ဂရုစိုက် ရန်အရေးကြီးလှပါသည်။
ထို မှိုဆိပ် များမှာ ၁၄ မျိုးလောက် ပင် ရှိပါသည်။ Aflatoxins M1, M2 သည် Aspergillus parasiticusမှို ပါဝင်သော နွားစာကို စားသုံးမိသော နွား ၏ နွားနို့ တွင်ပင် ပါဝင်နိုင်ပါသည်။အမေရိကန် နိုင်ငံ ရှိ United States Food and Drug Administration (FDA) ကသတ်မှတ်ထားသည် မှာ လူတို့အတွက် အစားအစာနှင့် တိရိစ္ဆန် အစားအစာ တို့တွင် သန်းတစ်ထောင် ပုံ လျှင် ၂၀ နှင့် ၃၀၀ပုံ အတွင်းသာ ပါဝင်သင့်ကြောင်း သတ်မှတ်ထားပါသည်။ ထို့ထက် ပိုမို ပါဝင်ပါက ကျန်းမာရေး ထိခိုက်နိုင်ကြောင်း ထုတ်ပြန်ထားပါသဖြင့် ထိုမှိုများကို အထူး ဂရုစိုက် သင့်ပါသည်။
ဆက်လက်ဖေါ်ပြပါမည်။
ဆက်စပ်မေးခွန်းများ
မတ်ပဲနဲ့ပဲကီးခင်းထဲတွင် ရွေးချယ်ပေါင်းသတ်ဆေး ဘာဖျန်းရမလဲ သိရင် ပြောပေးပါ ဦးဗျ
Thura Htun • ဖြေကြားချက် 4 ခု
ငရုတ်ကောင်းမျိုး နိုင်ငံခြားမျိုးကောင်းရှိရင် ပြောပြပေး ကြပါ ဧရာဝတီတိုင်းပုသိမ်ဘက်ခြမ်းဆိုပိုအဆင်ပြေတယ်
စောလှထွန်း • ဖြေကြားချက် 1 ခု
စပါးအပင်တွင်းရှိတဲ့ဆစ်ပိုးကိုသေစေဖို့ဘာဆေးသုံးသင်လည်းဗျဆစ်ပိုးသေပီတော့အပင်ပြန်ပြည့်ဖို့အတွက်ဆစ်ပိုးကျတဲ့နေရာကိုပုလဲသုံးပီပက်ရင်ဆင်ပြေလား
ကိုမျိုး • ဖြေကြားချက် 2 ခု
မဂ်လာပါဗျခုနှစ်မှစမ်းစိုက်တဲ့ငရုတ်လေးမိုးများတော့သိပ်မကောင်းဘူးဖြစ်နေပါတယ်ဆရာမိုးတွင်းမစိုက်ပဲနွေရာသီမှာအစက်ချစနစ်နဲ့ခရမ်းချဉ်ဖြစ်ဖြစ်ငရုတ်ဖြစ်ဖြစ်အဆင်ပြေနိုင်လားမသိဘူးဖြစ်နေပါတယ်ရေသွင်းဖို့ကမြေကမညီဖြစ်နေပါတယ် 4/5လပိုင်းလောက်အပေါ်ဆိုနွေဒဏ်ကိုဘယ်သီးနှံကပို့သင့်တော်မလည်းဗျဆောင်းအပေါ်ဆိုကျနော်တို့ဘက်ဈေးသိပ်မရလို့ပါဗျကျေးဇူးတင်ပါတယ်ဗျ
naing lin • ဖြေကြားချက် 1 ခု
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
TunThein • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020