လယ်မြေကောင်းတစ်ကွက်ရဲ့ လက္ခဏာတွေနဲ့ မြေပြင်သုံး စက်ကိရိယာများ
ကောင်းမွန်သော လယ်ကွက်တွင်ပိုင်ဆိုင်ထားရမည့် အချက်အလက်များနှင့် မြေပြင်ရာတွင် အသုံးပြုသော ကိရိယာများကို တောင်သူဦးကြီးများ သိရှိစေရန်အတွက် ဖော်ပြပေးလိုက်ပါသည်။
ကောင်းမွန်သော လယ်ကွက်သည်..
- (က) အနိမ့်၊ အမြင့်မရှိခြင်း
- (ခ) ကျောက်ခဲ၊ ကျောက်စရစ် မရှိခြင်း
- (ဂ) ဆပ်ပြာမပေါက်ခြင်း
- (ဃ) ထွန်ရေးနက်ခြင်း
- (င) ရေသွင်းပေါက်ပါရှိခြင်း
- (စ) ရေထုတ်ပေါက်ပါရှိခြင်း
- (ဆ) ရေမြောင်းများလုံလောက်စွာပါရှိခြင်း
- (ဇ) ကန်သင်းနှင့်ပြည့်စုံခြင်း တို့ဖြစ်ပါသည်။
မြေပြုပြင်ရာတွင် အသုံးပြုသော ကိရိယာများ
(က) လင်ပန်းထယ်
သီးနှံစိုက်ပျိုးရန်အတွက် မြေပြုပြင်ရာတွင် ပထမဆုံး မြေခွဲရာ၌ လင်ပန်းထယ်ကိုအသုံးပြုသည်။ မိုးရာသီ၌ ရေမလွှမ်းမီ သီးနှံစိုက်သည့် မြေများတွင် ထယ်ရေးဝင်ထားခြင်းဖြင့် နုန်းတင်ကစ၍ မြေဆီတိုးတက်စေပါသည်။ လင်ပန်းထယ်ဖြ င့် လယ်ကန်သင်းများဖျက်ခြင်း၊ ကန်သင်းဖို့ ခြင်းများကို မြေပျော့စဉ်တွင် အသင့်အတင့် ဆောင်ရွက်နိုင်ပြီးထယ်သွား(၃)ခုပါသော ညာပြန်ထယ်များကို အများအားဖြ င့် အသုံးပြုလက်ရှိပါသည်။ ယင်းကို ထွန်စက်၊ လက်တွန်းစက်တို့ဖြင့် ချိတ်ဆွဲ၍ အသုံးပြုနိုင်သည်။

လင်ပန်းထယ်ဖြင့် ထယ်စာ(မြေစိုင်ခဲ) များကို ညာဘက်သို့လှန်ချပုံ
(ခ) လင်ပန်းထွန်
ပထမထယ်ထိုးပြီးနောက် မြေထယ်စာများကို ခြေမွရန်နှင့် မြေညှိရန်အတွက်လင်ပန်းထွန်များကို အသုံးပြုသည်။ အသွား(၁၆) ခု ပါသော လင်ပန်းထွန်ကို အများအားဖြင့်အသုံးပြုသည်။

လင်ပန်းထွန်း
(ဂ) သမန်းမွှေစက် (ရိုတာဗေတာ)
သမန်းကမွှစက်သည် မြေကြီးကို ခုတ်ခြေသောကိရိယာ ဖြစ်ပါသည်။ ထို့အပြင် ရိုးပြတ်၊ ပေါင်း မြက်ပင်၊ သီးနှံအမြစ်နှင့် အငုတ်များကို ခုတ်စင်း၍ မြေကြီးထဲသို့ မြှုပ်နှံပေးခြင်းဖြင့် မြေဩဇာပိုမိုကောင်းမွန်စေပါသည်။ သမန်းမွှေစက်ပေါ်တွင် ဓားသွားများကို ၂ တန်း (သို့) ၃ တန်း စသည်ဖြ င့် တပ်ဆင်လေ့ရှိသည်။ သဲမြေ၊ နုန်းမြေ များနှင့် ရွှံစေးမများလွန်းသည့် မြေများတွင် အစိုဓာတ်အသင့်အတင့်ရှိသောအခါ တစ်စပ်တည်းဖြင့် သီးနှံစိုက်ပျိုးနိုင်သည့်မြေ (သမန်းမြေ ) ကိုရသည်။ အလတ်တန်းစား မြေမျိုးတွင်အစိုဓာတ် အသင့်အတင့်ရှိပါက ထယ်၊ ထွန်မပါဘဲ ယင်းကိရိယာဖြင့် နှစ်စပ်ထွန်ယက်စိုက်ပျိုးနိုင်သည်။

သမန်းမွှေစက်(ရိုတာဗေတာ)
(ဃ) ကြားပေါင်းလိုက် ကိရိယာ
ကြားပေါင်းလိုက် ကိရိယာကို သီးနှံစိုက်ခင်းများတွင် ပေါင်းသင်မြေဆွရန်အတွက် လည်းကောင်း၊ မြေမာ၊ မြေကြမ်းများ၊ ကျောက်စရစ်ထူသော များတွင် ပထမဦးဆုံး ထွန်ယက်ရန်အတွက်လည်း အသုံးပြုသည်။ သို့သော် အလယ်အလတ်တန်းစား သာမန်မြေနှင့် မြေပွ၊ မြေနုများတွင်မူ ပထမထယ်များ၌ လင်ပန်းထယ်၊ လင်ပန်းထွန်များ ကဲ့သို့ ကောင်းမွန်စွာခြေမွနိုင်မှုမရှိပါ။ ထွန်သွားတစ်ချောင်းစီကို စပရိန်များဖြ င့်ထိန်းထားခြင်းကြောင့် မြေမာ၊ မြေကြမ်းများကို ထွန်ယက်သည့်အခါ ထွန်သွားချောင်းများမကျိုးပဲ့ဘဲ ယိမ်းယိုင်လှုပ်ရှားမှုကိုသာ ဖြစ်စေသည်။ ယင်းစပရိန်၏ လှုပ်ရှားခြင်းကြောင့် ထွန်သွားချောင်းများသည် မြေကြီးပေါ်တွင် ဆောက်ဖြင့်ခုတ်သကဲ့သို့ ခုတ်သွားစေသည်။ ပေါင်းသင်မြေဆွခြ င်း၊ မြေထဲသို့ စူးစိုက်ဝင်ခြင်း စသည်တို့အတွက် ထွန်သွားချောင်း၏ အဖျားတွင် လုပ်ငန်းအတွက်လိုအပ်သော အသွားအမျိုးမျိုးကို ရွေးချယ်တပ်ဆင်နိုင်ပါသည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
လယ်ယာသုံးစက်ကိရိယာများ
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကယခုလိုသိလိုက်ရတော့လည်းကျေးဇူးပါ
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကယခင်ကစက်ပိုင်ရှင်များပြုလုပ့်ပေးသည့်ကရိယာတစ်ခုသာဖြစ်သော်ကြောင့်လုပ်ငန်းခွင်တွင်အချိန်ကုန်အခက်ခဲမျိုးစုံကြုံရလိုစက်ကယိရာများကိုအငှားစမ်းသပ်သုံးပြီးတော့ဝယ်မသုံးရဲကြဘူးခင်ဗျာ
Nilar Aung
လွန်ခဲ့သော ၃ နှစ် က.
Nilar Aung
လွန်ခဲ့သော ၃ နှစ် ကm
Nilar Aung
လွန်ခဲ့သော ၃ နှစ် က.
ဆက်စပ်မေးခွန်းများ
Padamyar FM ကပါရှင် Smart Farming အတွက် interview လေးလုပ်ချင်လို့အစိမ်းရောင်လမ်းကို ဘယ်လိုဆက်သွယ်လို့ရမလဲရှင်
Sumyat Mon • ဖြေကြားချက် 1 ခု
cantaloupe သခွားမွှေးပင် မနှစ်ကလည် စွတ်ခါနီ ၁၀ရက်အလို စညှိုးပြီး တစ်ဖြည်းဖြည်ပြန်မလမ်းလာတော့ဘူး ဒီနှစ်လည်အဲလိုဖြစ်လာလို့ ဘာရောဂါလည် ကွပ်ကြားကွက်ကြားညှိုးသေကုန်တာ နေပူလျှင်ညှိုးလာပြီ ညနေကြပြန်လန်းလာတာ ဆယ်ရက်လောက်နေလျှင် နေ့ရော ညပါညှိုးကုန်းတာ စိမ်းညှိုး
ကိုဉီး • ဖြေကြားချက် 1 ခု
တကယ်ချေးလို့ရပါသလား
kyi kyiaye • ဖြေကြားချက် 1 ခု
မတ်ပဲနဲ့ပဲကီးခင်းထဲတွင် ရွေးချယ်ပေါင်းသတ်ဆေး ဘာဖျန်းရမလဲ သိရင် ပြောပေးပါ ဦးဗျ
Thura Htun • ဖြေကြားချက် 4 ခု
ငရုတ်ကောင်းမျိုး နိုင်ငံခြားမျိုးကောင်းရှိရင် ပြောပြပေး ကြပါ ဧရာဝတီတိုင်းပုသိမ်ဘက်ခြမ်းဆိုပိုအဆင်ပြေတယ်
စောလှထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
More from Green Way
အားလုံး
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
ဗီဒီယို
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့
03/11/2026
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့
26/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026