အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခေတ်မီစိုက်ပျိုးရေးစနစ်မှ ဓာတုကင်းလွတ် စိုက်ပျိုးရေးစနစ်သို့ ကူးပြောင်းခြင်း

ခေတ်မီစိုက်ပျိုးရေးစနစ်မှ ဓာတုကင်းလွတ် စိုက်ပျိုးရေးစနစ်သို့ ကူးပြောင်းခြင်း

Khant Zaw Htet
Khant Zaw Htet • 15/01/2018
လက်ရှိ စိုက်ပျိုးရေးလုပ်ငန်းများကို modern farming ခေါ်တဲ့ ခေတ်မှီစိုက်ပျိုးရေးစနစ်ကို အခြေခံထား ပါတယ်။ တစ်နည်းအားဖြင့် အထွက်နှုန်း တိုးတက်ခြင်းကို ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်တယ်။ အဓိကအားဖြင့် အထွက်နှုန်းများများရခြင်းက ခေတ်မှီစိုက်ပျိုးစနစ်၏ ရည်းမှန်းချက်ဖြစ်ပါသည်။ ခေတ်မှီ စိုက်ပျိုးရေးစနစ်မှာ မျိုးစေ့ များ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပင်အားဆေး၊ မြေသြဇာ တို့က မဖြစ်မနေ လိုအပ်သော သွင်းအား စုများဖြစ်ကြသည်။ ဓာတုဗေဒဆေး၊ မြေသြဇာကို ပုံမှန်သုံးပြီး အထွက်ကောင်း အောင် ပြုလုပ်ရသောကြောင့် တစ်နှစ်ထက် တစ်နှစ် ပမာဏ ပိုမိုသုံးစွဲလာရပါသည်။ နောက်ဆုံး နှစ်ပေါင်းများစွာ ကြာလာတော့ ပိုးသတ်ဆေးဖျန်းနေပေမယ့် ဆေးယဉ်ပါးလာခြင်း၊ မြေသြဇာအသုံးများလာခြင်းကြောင့် မြေများ ပျက်စီးလာခြင်း၊ အထွက်နှုန်း ထိခိုက်လာခြင်း၊ အထွက်ပုံမှန်ရှိသော်လည်း ကုန်ကျစရိတ်နှင့် အကျိုးအမြတ် မညီမျှခြင်း စတဲ့ ပြသနာများနှင့် ရင်ဆိုင်လာရပါသည်။ နောက်ဆက်တွဲပြသနာတွေကတော့ လူသားမျိုးနွယ်စုမှာ အသက်အန္တရယ်ဖြစ်စေသော ဓာတ်ကြွင်းအာနိသင်များလာခြင်း၊ ပတ်ဝန်းကျင် ကို ထိခိုက် စေခြင်း၊ ဥပမာ ပျားနှင့်ငါးများ သေကြေ ပျက်စီးစေခြင်း စတဲ့ ဆိုးကျိုးများကို ခံစားရမည်။
 
အဲဒါကြောင့် ဘယ်လိုကုစားရမယ် ဆိုတာကို သိရှိရန် စိုက်စနစ်၊ ပိုး၊ ရောဂါအကြောင်း၊ ရာသီဥတု တို့ကို နားလည် ကျွမ်းကျင်မှသာ Organic Farming ကိုလုပ်ဆောင်နိုင် ပါလိမ့်မည်။ Substainable Agriculture သည် ဆန့်ကျင်ဘက်အရာ နှစ်ခုကို ပြောင်းလဲပေးနိုင်သော ပေါင်းကူးဖြစ်သည်။ ရေရှည်ခံ စိုက်ပျိုးရေးစနစ်တွင် အခြေခံအားဖြင့် ပတ်ဝန်းကျင် လူသား မျိုးနွယ်တို့ကို ဘေးအန္တရယ် မဖြစ်အောင် ဓာတုပစ္စည်းများကို စနစ်တကျ ကိုင်တွယ် ဖြေရှင်းခြင်း၊ ပုံမှန်သုံးနေသောနှုန်းထားထက် လျော့ချအသုံးပြုခြင်း၊ Organic နည်းများပါ ရောနှော အသုံးပြုလာခြင်း စသည့်အချက်များ ပါဝင်လာပါသည်။ ဥပမာအားဖြင့် မြေသြဇာ ၂အိတ်သုံးပါက ၁အိတ်နှင့် Organic မြေသြဇာပြုလုပ်ပြီး ရောထွေးအသုံးပြုခြင်း၊ ပိုးမွှားများကို ဖျက်ဆီးခြင်း၊ ဆေးကိုလိုအပ်မှသာဖျန်းခြင်း ကိုဆိုလိုပါသည်။ စိုက်စနစ်တွင် ပိုးရောဂါများ ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် လေကာပင်များ စိုက်ပေးခြင်း၊ ပိုးရောဂါများကို ထောင်ချောက်ပင်များစိုက်ပြီး ကာကွယ်ခြင်း၊ Predator ခေါ် သားရဲပိုးများကိုမွေးမြူထားရှိပြီး ပိုးများကို နှိမ်နင်းခြင်းတို့ပါဝင်သည်။
 
ရာသီ နှင့်ကိုက်ညီပြီး ခံနိုင်ရည်ရှိသော မျိုးများ ကိုသာ စိုက်သင့် သည်။ ဘယ်ရာသီ အခြေအနေဆို ဘယ်ပိုး ဘယ်ရောဂါ ကျတတ်သည်။ ဘယ်ဆေးကို ထိရောက်အောင် ဖျန်းရမည် စသည်တို့ကို ကျွမ်းဝင်မှု ရှိရပါမည်။ အထက်ပါ အချက် များသည် Substainable Agriculture ရဲ့ အကြမ်းဖျင်း အချက်အလက်များ ဖြစ်သည်။ Substainable Agriculture အကြောင်းကို မသိဘဲ Organic Farming ပြောင်းရန် မလွယ်ကူပါ။ အခြေခံအကျဆုံး အချက်ကတော့ Organic Farming စနစ်ကို အဓိက ထားပြီး Morden Farming စနစ်ကို တတ်နိုင်သမျှ လျှော့ချခြင်းဖြင့် Substainable Agriculture စနစ် ကိုသွားနိုင်ပြီး Organic Farming စနစ်ကို လွယ်ကူစွာ အောင်မြင်ပါလိမ့်မည်။ 
 
အခြေခံမခိုင် ပဲ Organic Farming စနစ်ကူးပြောင်းပါက အခက်အခဲပေါင်းများစွာ ကြုံတွေ့နိုင်ပါသည်။ Organic Farming ကိုရရန် ကျွန်တော်တို့ မြန်မာစိုက်ပျိုးရေးသမားတိုင်းဟာ Modern Farming အဆင့်ကနေ Substainable Agriculture ကို အဆင့်ဆင့်ပြောင်းလဲပြီးOrganic Farming ကို တဆင့်ချင်းသွားသင့်ပါတယ် လို့တင်ပြချင်ပါတယ်။
 
 
 
Khant Zaw Htet
ဆန်းလွင်

ဆန်းလွင်

လွန်ခဲ့သော ၆ လ က

ကျေးဇူးပါ

Win Ko Thu

Win Ko Thu

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ

ကိုသန်းလိူင်

ကိုသန်းလိူင်

လွန်ခဲ့သော ၅ နှစ် က

ဆရာ ကိုအမြဲ လေးစားပါတယ်

You

ဆက်စပ်မေးခွန်းများ

မတ်ပဲနဲ့ပဲကီးခင်းထဲတွင် ရွေးချယ်ပေါင်းသတ်ဆေး ဘာဖျန်းရမလဲ သိရင် ပြောပေးပါ ဦးဗျ

Thura Htun • ဖြေကြားချက် 4 ခု

ငရုတ်ကောင်းမျိုး နိုင်ငံခြားမျိုးကောင်းရှိရင် ပြောပြပေး ကြပါ ဧရာဝတီတိုင်းပုသိမ်ဘက်ခြမ်းဆိုပိုအဆင်ပြေတယ်

စောလှထွန်း • ဖြေကြားချက် 1 ခု

စပါးအပင်တွင်းရှိတဲ့ဆစ်ပိုးကိုသေစေဖို့ဘာဆေးသုံးသင်လည်းဗျဆစ်ပိုးသေပီတော့အပင်ပြန်ပြည့်ဖို့အတွက်ဆစ်ပိုးကျတဲ့နေရာကိုပုလဲသုံးပီပက်ရင်ဆင်ပြေလား

ကိုမျိုး • ဖြေကြားချက် 2 ခု

မဂ်လာပါဗျခုနှစ်မှစမ်းစိုက်တဲ့ငရုတ်လေးမိုးများတော့သိပ်မကောင်းဘူးဖြစ်နေပါတယ်ဆရာမိုးတွင်းမစိုက်ပဲနွေရာသီမှာအစက်ချစနစ်နဲ့ခရမ်းချဉ်ဖြစ်ဖြစ်ငရုတ်ဖြစ်ဖြစ်အဆင်ပြေနိုင်လားမသိဘူးဖြစ်နေပါတယ်ရေသွင်းဖို့ကမြေကမညီဖြစ်နေပါတယ် 4/5လပိုင်းလောက်အပေါ်ဆိုနွေဒဏ်ကိုဘယ်သီးနှံကပို့သင့်တော်မလည်းဗျဆောင်းအပေါ်ဆိုကျနော်တို့ဘက်ဈေးသိပ်မရလို့ပါဗျကျေးဇူးတင်ပါတယ်ဗျ

naing lin • ဖြေကြားချက် 1 ခု

အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။

TunThein • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။