အပင်တစ်သျှူးမွေးမြူခြင်း (Plant Tissue Culture)
အပင်တစ်သျှူးမွေးမြူခြင်းပညာရပ်ဆိုသည်မှာ အပင်ဆဲလ်များ၊ ဝတ်မှုန်များ၊ တစ်သျှူးများ၊ သန္ဓေသားလောင်းများ၊ အစေ့များနှင့် အပင်၏ အစိတ်အပိုင်းအမျိုးမျိုးဖြစ်သော အရွက်၊ ပင်စည်၊ အမြစ် စသည်တို့ကို မူလအပင်မှဖြတ်ယူ၍ ပိုးမွှားသန့်စင်ထားသော အာဟာရပြင်ပေါ်တွင် အပင်ဖြစ်လာသည် အထိ အဆင့်ဆင့်မွေးမြူရသော နည်းပညာဖြစ်ပါသည်။
အာဟာရအဖြစ် အာဟာရပြ င် (သို့မဟုတ်) အာဟာရရည်ကို အသုံးပြုနိုင်ပါသည်။
ဦးစွာ အထက်ပါ အာဟာရပြင် (သို့မဟုတ်) အာဟာရရည်ကို တစ်သျှူးမွေးမြူမည့် ပုလင်း၊ ဖန်ပြွန်ထဲသို့ ထည့်ရပါမည်။ ယင်းအာဟာရပြင် (သို့မဟုတ်) အာဟာရရည်ပါသော ပုလင်း၊ ဖန်ပြွန်များကို ပိုးသန့် အခြေအနေရရှိရန် ပေါင်းရပါမည်။ အသုံးပြုမည့် အပင်တစ်သျှူးစ များကိုလည်း ပိုးသန့် အခြေအနေ ရရှိရန် ဆောင်ရွက်ပြီး ယင်းအာဟာရပြင်ပေါ်တွင် မွေးမြူရပါသည်။ အသုံးပြုမည့် အပင်တစ်သျှူးစ များကို ပိုးသန့်ခြင်း၊ လိုအပ်သည့် ပမာဏရရှိအောင်ဖြတ်တောက်ခြင်း၊ တစ်သျှူးစများကို အာဟာရပြင် ပေါ်သို့တင်ခြင်း စသည့် လုပ်ငန်းများကိုပိုးသန့်ကာလများကို အဆက်မပြတ် မှုတ်သွင်းပေးနေသော အခန်းငယ် (Laminar air flow) တွင်ဆောင်ရွက်ရပါမည်။
အပင်တစ်သျှူးစများ ကမွေးမြူထားသော ပုလင်း၊ ဖန်ပြွန်များကို သန့်ရှင်းသော အခန်းတွင်း၌ သင့်တော်သော အပူချိန်၊ အလင်းပြင်းအားနှင့် လင်းတာချိန်များတွင်ထား၍ မွေးမြူရပါသည်။ အပင်တစ်သျှူးများကိုကမွေးမြူရာတွင် လုပ်ဆောင်မှုအဆင့်တိုင်း၌ ပိုးမွှားသန့်စင်သော အခြေအနေ ရရှိရန် အရေးကြီးပါသည်။
အပင်တစ်သျှူးမွေးမြူရေး လုပ်ငန်းကို ဆောင်ရွက်ရန်အတွက် အခြေခံလိုအပ်ချက်များမှာ အာက်ပါ အတိုင်းဖြစ်ပါသည်။
က။ အပင်တစ်သျှူးမွေးမြူရေးဓာတ်ခွဲခန်း
ခ။ ပိုးသန့်လေများ အဆက်မပြတ်မှုတ်သွင်းပေးနေသော အခန်းငယ်(Laminar air flow)
ဂ။ ပေါင်းအိုး (Autoclave)
ဃ။ ပေါင်းခံရေချက်စက် (Water distiller)
င။ ဓာတ်ခွဲခန်းသုံးချိန်ခွင် (Analytical balance)
စ။ ချဥ်ငန်ဓာတ်တိုင်းကိရိယာ (pH meter)
ဆ။ အာဟာရပြင်ဖျော်စပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများ (Chemicals)
ဇ။ ဓာတုပစ္စည်းများထားရန်ရေခဲသေတ္တာ (Refrigerator)
စျ။ လေအေးပေးစက် (Air conditionor)
ည။ ဓာတ်ခွဲခန်းသုံးဖန်ထည်ပစ္စည်းအမျိုးမျိုး (Glasswares)

အပင်တစ်သျှူး မွေးမြူခြင်းနည်းပညာ၏ အကျိူးကျေးဇူးများ
ဤနည်းပညာကို အသုံးပြု၍ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်ပြီး နှင့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် မိခင်အပင် နှင့် တသွေမတိမ်းတူညီသော ပျိုးပင်ငယ်များကို စီးပွားဖြ စ် အမြောက်အမြားထုတ်လုပ်ဖြ န့်ချိလျက်ရှိပါသည်။ အပင်တစ်သျှူးမွေးမြူခြင်းနည်းကို မျိုးစေ့ဖြင့် မျိုးပွားရန်ခက်ခဲသော အပင်များတွင်လည်းကောင်း၊ မျိုးတုန်းမည့်အန္တရာယ်ရှိနေသည့် ရှားပါး အပင်မျိုးစိတ်များကို ထိန်းသိမ်းရန် အတွက်လည်းကောင်း၊ မိခင်အပင်နှင့် တသွေမတိမ်း တူညီသော ပျိုးပင်ငယ်များကို ထုတ်လုပ်ရန်အတွက် လည်းကောင်း၊ ဗိုင်းရပ်ရောဂါကင်းစင်သည့်ပျိုးပင်များ ထုတ်လုပ်ရန်အတွက် လည်းကောင်း၊ အပင်ငယ်များကို တစ်နှစ်ပတ်လုံး ပွားများထုတ်လုပ်ရန်အတွက်လည်းကောင်း၊ အချိန်တိုအတွင်းစီးပွားဖြစ် ထုတ်လုပ်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ အသုံးပြုလျက်ရှိပါသည်။ ထို့ပြင် သမားရိုးကျနည်းဖြ င့် မျိုးစပ်ရန်အခက်အခဲရှိနေသောအခြေအနေတွင် အပင်တစ်သျှူးကမွးမြူခြင်းနည်းပညာကို အသုံးပြု၍စပ်မျိုးများနှင့် မျိုးသစ်များကို ထုတ်လုပ်ပေးနိုင်ပါသည်။
စပါးသီးနှံတွင် ဝတ်မှုန်မှအပင်ဖြစ်အောင် ဓာတ်ခွဲခန်းအတွင်းမွေးမြူသော အပင်တစ်သျှူးမွေးမြူခြင်း နည်းပညာ (Anther culture) ကို အသုံးပြု၍ မျိုးသစ်များကို ထုတ်လုပ်နိုင်ပါသည်။ သမားရိုးကျမျိုးစပ်မွေးမြူခြင်းနည်းဖြ င့် စပါးမျိုးသစ်တစ်မျိုး ထုတ်လုပ်ရန်အတွက် စုစုကပါင်း (၁၀)နှစ်ခန့် ကြာမည်ဖြစ်ပြီး နှစ်စဥ်မျိုးစပ်ခြင်း၊ မိမိလိုလားသော လက္ခဏာများ ပါသော အပင်ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။
မိမိလိုလားသော လက္ခဏာများပါသော စပါးပင်မှဝတ်မှုန်ကို ဓာတ်ခွဲခန်းအတွင်း အာဟာရပြင်ပေါ်တွင်မွေးမြူခြင်းဖြင့် လအနည်းငယ်အတွင်း ဗီဇမှန်ကန်သော သန္ဓေသန့်အပင်များကို ရရှိနိုင်ပြီးစုစုပေါင်း (၃)နှစ်မှ (၄)နှစ်အတွင်း မျိုးသစ်ကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့်ပထမသားဆက် (F1)များကို ဤနည်းဖြ င့် အချိန်တိုအတွင်း မျိုးဗီဇမှန်ကန်ပြီး သန္ဓေသန့်သောအပင်များ အမြောက်အများရရှိအောင် ပွားလေ့ရှိပါသည်။
ယနေ့ကမ္ဘာတွင် စားသုံးသူများသည် သဘာဝအစားအစာများနှင့် အပင်မှရသော သဘာဝဆေးဝါးများကို ပိုမိုအသုံးပြုလိုလာကြပြီဖြစ်ပါသည်။ ထို့ကြောင့် ယခုအခါတွင်အပင်တစ်သျှူးကမွးမြူခြ င်းနည်းပညာမှာ မျိုးပွားရန်နှင့် မျိုးသစ်များ ထုတ်လုပ်ရန်အတွက် သာမက တန်ဖိုးရှိသော ဆေးဘက်ဝင် ဒြပ်ပေါင်းများ ထုတ်လုပ်ရန် အတွက်ပါ အသုံးပြုလာကြသည်။ ထို့ပြင် အပင်မှရရှိသော သဘာဝဆိုးဆေး၊ အရသာ၊ အနံ့ စသည်တို့ကို အမြောက်အများထုတ်ယူနိုင်ရန်အတွက်လည်း အသုံးပြုလာကြပါသည်။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Lucas
လွန်ခဲ့သော ၂ လ ကpowerpointပြင်ပေးပါအပင်တစ်သျှူးအကြောင်းကို
တင့်ထူးကျော်
လွန်ခဲ့သော ၁၀ လ ကအဟာရပြင်လုပ်နည်းလေးမျှဝေပါလား
ဆက်စပ်မေးခွန်းများ
ငရုတ်ကောင်းမျိုး နိုင်ငံခြားမျိုးကောင်းရှိရင် ပြောပြပေး ကြပါ ဧရာဝတီတိုင်းပုသိမ်ဘက်ခြမ်းဆိုပိုအဆင်ပြေတယ်
စောလှထွန်း • ဖြေကြားချက် 1 ခု
စပါးအပင်တွင်းရှိတဲ့ဆစ်ပိုးကိုသေစေဖို့ဘာဆေးသုံးသင်လည်းဗျဆစ်ပိုးသေပီတော့အပင်ပြန်ပြည့်ဖို့အတွက်ဆစ်ပိုးကျတဲ့နေရာကိုပုလဲသုံးပီပက်ရင်ဆင်ပြေလား
ကိုမျိုး • ဖြေကြားချက် 2 ခု
မဂ်လာပါဗျခုနှစ်မှစမ်းစိုက်တဲ့ငရုတ်လေးမိုးများတော့သိပ်မကောင်းဘူးဖြစ်နေပါတယ်ဆရာမိုးတွင်းမစိုက်ပဲနွေရာသီမှာအစက်ချစနစ်နဲ့ခရမ်းချဉ်ဖြစ်ဖြစ်ငရုတ်ဖြစ်ဖြစ်အဆင်ပြေနိုင်လားမသိဘူးဖြစ်နေပါတယ်ရေသွင်းဖို့ကမြေကမညီဖြစ်နေပါတယ် 4/5လပိုင်းလောက်အပေါ်ဆိုနွေဒဏ်ကိုဘယ်သီးနှံကပို့သင့်တော်မလည်းဗျဆောင်းအပေါ်ဆိုကျနော်တို့ဘက်ဈေးသိပ်မရလို့ပါဗျကျေးဇူးတင်ပါတယ်ဗျ
naing lin • ဖြေကြားချက် 1 ခု
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
TunThein • ဖြေကြားချက် 3 ခု
ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား
ဝင်းမင်းအောင် • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026