အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မွေးစဝက်ငယ်နှင့် နို့ဦးရည်အရေးပါပုံ

မွေးစဝက်ငယ်နှင့် နို့ဦးရည်အရေးပါပုံ

ဦးဇော်(dof)
ဦးဇော်(dof) • 22/09/2021

    ဝက်မကြီးမွေးပြီးချိန်မှ ၁၂ နာရီအတွင်း နို့ဦးရည် (Colostrum) ထွက်ရှိပြီး ၄င်းနို့ဦးရည်တွင် ဝက်ငယ်များ၏ရောဂါကို တိုက်ထုတ်ပေးနိုင်သော (Immunoglobulin) ပါရှိပါသည်။

    နို့ဦးရည်မသောက်စို့ရသော ဝက်ငယ်များမှာ ရောဂါအလွယ်တကူ ဝင်ရောက်နိုင်သည့်အတွက် ဝက်ငယ်များ နို့ဦးရည်ကို ၁၂ နာရီအတွင်း အချိန်မှီသောက်စို့နိုင်ရန် ဝက်မွေးမြူသူမှ စောင့်ကြည့် ကူညီပေးသင့်ပါသည်။

    ဝက်မကြီး၏နို့တိုင်သည် တစ်ခုနှင့်တစ်ခု နို့ပေးနှုန်းမတူညီကြပေ။ ဦးခေါင်းဖက်ရှိ နှလုံးနှင့်အနီးဆုံးနို့တိုင်မှာ နို့ထွက်နှုန်းအကောင်းဆုံးဖြစ်သည့်အတွက် မွေးစဝက်ငယ်များထဲမှ အရွယ်သေးသောဝက်ငယ်ပါလျှင် ၄င်းနို့တိုင်ကို လူမှကူပြီး နို့မှတ်ပေးခြင်းဖြင့် ဝက်ငယ်နို့ညှပ်ပြီး အရွယ်ကွာဟခြင်းကို လျှော့ချပေးနိုင်ပါသည်။

    မွေးဝက်မသည် မွေးပြီး ၁၂ နာရီအတွင်း အဆက်မပြတ်နို့ချပေးပြီး နောက်ပိုင်း တစ်နာရီလျှင် တစ်ကြိမ်ခန့်သာ ချပေးတော့သည်။ တစ်ကြိမ်လျှင် (၂၀ မှ ၃၀) စက္ကန့်ခန့် ကြာသည်။

    မွေးဝက်မ၏ သားပေါက်ကောင်ရေပေါ်မူတည်ပြီး အစာအနည်းအများ ချိန်ဆကျွေးပါ။ နို့ပေးနှုန်းနည်းလာလျှင် အစာကိုလျှော့ကျွေးပါ။ အစာကျွေးနှုန်းများပြီး နို့ထွက်နှုန်းကောင်း၍ ဝက်ကလေးများ နို့ကုန်အောင်မစို့နိုင်ပါက နို့အုံတွင် နို့ကျန်ပြီး နို့အုံရောင်တတ်ပါသည်။

    ဝက်မကြီးအား အစာနှင့်တွဲပြီး အရွက်စိမ်းများကိုလည်း ထည့်ကျွေးသင့်ပါသည်။ သို့မှသာ ဝမ်းမချုပ်ဘဲ ကျန်းမာရေးကောင်းမွန်စေမည် ဖြစ်ပါသည်။ 

Ref: Dip LPAသင်ရိုးညွှန်းမှ ကူးယူဖော်ပြပါသည်။

1
toetoe

toetoe

လွန်ခဲ့သော ၃ နှစ် က

ဝက်မကြီးနို့ထကွ်ကောင်းစရေန်သဘာဝအစာဘာတွေကျွးွလို့ရလည်း

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဝက်မကကြီးတွေအဖြစ်များနေတယ်အစာမစားဘူးဘာရောဂါလဲးဘယ်လိုကာကွယ်ရမလဲး

ကိုနိုင်လင်း • ဖြေကြားချက် 0 ခု

ကြက်ချေးစိမ်းပါပြီးသေလို့..ဘာဆေးတိုက်ရမလဲခင်ဗျ...ဘယ်လိုကုသရမလဲခင်ဗျ..ဆေးရှိလား...ညွန်ကြားပေးပါ

ဦးကျော်ခိုင် • ဖြေကြားချက် 0 ခု

ကြက်ကို အဟာရာရှိအောင် ကြီးအောင် ဘယ်လိုမွေးရမှလဲ ရောဂါကင်းအောင်

Zin Min Wai • ဖြေကြားချက် 1 ခု

ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂

စောထီးကော်မူး • ဖြေကြားချက် 4 ခု

ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ

michael • ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။