လူငယ် ပတ်ဝန်းကျင်ဆိုင်ရာ ခေါင်းဆောင်မှု စွမ်းရည်မြှင့် သင်တန်း Young Environmental Leadership Training Young Environmental Leadership
ကလျာဏ မိတ္တဖောင်ဒေးရှင်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို လက်ရှိ လုပ်ကိုင်လျက် ရှိနေသော မြန်မာနိုင်ငံ အနှံ့အပြားမှ လူငယ်များအတွက် ပတ်ဝန်းကျင် ထိန်ုးသိမ်းရေး ဆိုင်ရာ ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင် ခြင်း (Young Environmental Leadership Training) ကို ပြုလုပ်ရန် ရှိပါသည်။ အဓိကအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို လက်ရှိ လုပ်ကိုင်နေသော ၊ ဆက်လက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ကိုင်လိုသော ၊ အခြေခံ ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာ ဗဟုသုတ ရှိသော ၊ မိမိတို့ ဒေသတွင် ဦးဆောင် လုပ်ကိုင်နေသော အနယ်နယ် အရပ်ရပ်မှ လူငယ်များအား အထူးရည်ရွယ်၍ ဤသင်တန်းကို ပြုလုပ်ရခြင်း ဖြစ်ပါသည်။
သင်တန်းပြုလုပ်မည့် ကာလ ။ ။ ၇.၇.၂၀၁၄ မှ ၂၆.၇.၂၀၁၄ အထိ (၂၀ ရက်)
သင်တန်းပြုလုပ်မည့်နေရာ ။ ။ ရန်ကုန် ၊ ပြင်ဦးလွင်။
သင်တန်းသားသတ်မှတ်ချက်များ
v အခြေခံပတ်ဝန်းကျင် ဆိုင်ရာ အသိပညာ ကို သိရှိ နားလည် ပြီး ဖြစ်သူ။
v လက်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်နေသူ ၊ ရေရှည် လုပ်ဆောင်ရန် ရည်ရွယ်ထားသူ။
v အချိန်ပေးနိုင်သူ။
v ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ
o အသိပညာပေးခြင်း
o မီဒီယာကို အသုံးပြု၍ အသိပညာပေး လှုံ့ဆော်ခြင်း၊
o ပတ်ဝန်းကျင် ဆိုင်ရာ တရားမျှတမှု အတွက် လူထုအင်အားပါဝင်လာစေသည့် လှုပ်ရှားမှု ပြုလုပ်ခြင်း) စသည်တို့မှ နယ်ပယ် တစ်ခုခု ကို စိတ်ပါဝင်စားသူ။
သင်တန်းတွင် ဆွေးနွေးမည့် ခေါင်းစဉ်များ
§ နက်ရှိုင်းဂေဟဗေဒ (Deep Ecology)
§ သဘာဝအရင်းအမြစ်စီမံခန့်ခွဲခြင်းအတွက် ဂေဟစည်းမျဉ်းများ (Ecological principles for Natural Resource Management)
§ ဇီဝမျိုးစိတ်မျိုးကွဲ ကြွယ်ဝခြင်း (Biodiversity)
§ ရာသီဥတု ပြောင်းလဲမှု နှင့် သင့်လျော်သော နေထိုင်ခြင်း (Climate Change Adaptation)
§ REDD+
§ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်း (Waste Management)
§ ပတ်ဝန်းကျင်ထိန်းသိမ်းရေး Vs စီးပွားရေး ဖွံ့ဖြိုးမှု - အစိမ်းရောင်စီးပွားရေး (Environmental Conservation Vs Economic Development-Green Economy)
§ ဆန်းစစ်လေ့လာခြင်းဆိုင်ရာ နည်းလမ်းများ (Assessment Tools)
§ မြေယာအသုံးပြုမှု ၊ ရေချိုအရင်းအမြစ်များ၊ (Land Use , Water Resources)
§ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ နှင့် ဥပဒေ များ (Environmental Laws and Policy)
§ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအား လေ့လာခြင်း (Environmental Issues and Myanmar Perspectives)
§ နိုင်ငံသားကောင်း၏ တာဝန် နှင့် ၀တ္တရား (Good Citizenship)
§ နိုင်ငံရေး စနစ်များ နှင့် သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှု ပုံစံများအားလေ့လာခြင်း (Political System and NRM)
§ လူ့ကျင့်ဝတ် နှင့် ဆိုင်သော ခေါင်းဆောင်မှုပုံစံ (Ethical Leadership)
§ လူမှုဆက်နွယ် ဝိညာဉ်ပိုင်းဆိုင်ရာ သဘောတရား (Socially Engaged Spirituality)
§ လေ့လာရေး ခရီးစဉ်များ
သင်တန်းတက်ရောက်သူများ အနေဖြင့် အထက်ပါ ကိစ္စရပ်များအား လေ့လာခွင့် ရရှိမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသော သင်တန်း တက်ရောက်လိုသူများ အနေဖြင့် ပူးတွဲပါ သင်တန်းတက်ရောက်ခွင့် လျှောက်လွှာ ပုံစံ ကို ဖြည့်စွက်ပေးပို့ ရမည် ဖြစ်ပါသည်။ သင်တန်းလျှောက်လွှာများကို (၂၇.၆.၂၀၁၄) ညနေ (၅းဝဝ) ထက် နောက်မကျ စေပဲ ဆက်သွယ်ရန်လိပ်စာသို့ email ပေးပို့ပေးရမည် ဖြစ်ပါသည်။ တက်ရောက်ခွင့် ရရှိသူများအား ပြန်လည် အကြောင်းပြန် ကြားပေးမည် ဖြစ်ပါသည်။
သင်တန်းလျှောက်လွှာများအား ပေးပို့ရန်
မဖူးပွင့်သဥ္ဇာဖြိုး
စီမံချက် ညှိနှိုင်းရေးမှူး
ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ
ကလျာဏမိတ္တဖောင်ဒေးရှင်း
Ph: 09-2220675
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 1 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026