ကော်ဖီသံချေးရောဂါ သတိပြုစရာ
ကော်ဖီစိုက်ပျိုးသော တောင်သူဦးကြီးများခင်ဗျာ မိမိအခင်းတွင် သံချေးရောဂါကျရောက်ခဲ့မည်ဆိုပါက အထွက်နှုန်းကျဆင်း၍ ဈေးကွက်မဝင်ဖြစ်မည်ဆိုသောကြောင့် ကော်ဖီသံချေးရောဂါအား သတိပြုကာကွယ်ရန် လိုအပ်ပါသည်။
ပျံ့နှံသောနေရာများ
ကော်ဖီသံချေးရောဂါသည် ကမ္ဘာအနှံ့ ကော်ဖီစိုက်ပျိုးသောနိုင်ငံများတွင် ပျံ့နှံ့ဖျက်ဆီးလျှက်ရှိသော ရောဂါတစ်မျိုးပါ။ ကျွန်ုပ်တို့နေထိုင်သော အာရှတိုက်တွင်လည်းပျံ့နှံ့လျှက်ရှိပါသည်။
ရောဂါလက်ခံသောကော်ဖီမျိုး
များသောအားဖြင့် မြန်မာနိုင်ငံတွင် ကော်ဖီအများအပြားစိုက်ပျိုးသော ဒေသများမှာ အေးသော တောင်ပေါ် ဒေသများဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်စိုက်ပျိုးကြသော ကော်ဖီများအနက် သံချေးရောဂါဒဏ်ခံနိုင်ရည်မဲ့သော မျိုးနှစ်မျိုးမှာ အာရေးဘီးကားနှင့် ကာနီဖာရာမျိုးဖြစ်သည်။
ရောဂါလက္ခဏာနှင့် ပျံ့နှံ့ဖျက်ဆီးပုံ
ကော်ဖီသံချေးရောဂါဖြစ်စေသော သက်ရှိ၏သိပ္ပံအမည်မှာ Hemileia vastatrix ဖြစ်သည်။ ရောဂါကျရောက်သည်ဆိုပါက ကော်ဖီရွက်၏ အောက်ဖက်မျက်နှာပြင်တွင် လိမ္မော်ရောင်မှို၏ မျိုးပွားစပိုးများ သံချေးမှုန်များဖျန်းထားသကဲ့သို့ အကွက်လိုက် ဖြစ်ပေါ်လာသည်။ အရွက်၏ အပေါ်ဖက်မျက်နှာပြင်တွင် အစိမ်းရောင်ဧရိယာပျက်စီးကာ အဝါရောင်အကွက်အစက်များ ဖြစ်ပေါ်လာသည်။ ရောဂါကြီးရင့်လာသည်နှင့်အမျှ အောက်ဖက်မျက်နှာပြင်ရှိ မှိုမျိုးပွားစပိုးများ၏အလယ်တွင် အညိုရောင်ပြောင်းကာ အဝါရောင်ဘေးလိုင်းများဖြင့် သံချေးမှုန့်အသွင် ဖြစ်ပေါ်လာပါသည်။ အရွက်၏ အပေါ်ဖက် မျက်နှာပြင်သည်လည်း အစိမ်းရောင်ဧရိယာများ ဆုံးရှုံးလာကာ ဝါညိုရောင်အကွက်များဖုံးလွှမ်း၍ အရွက်များကြွေခြင်းနှင့် ကိုင်းများကျိုးသည့်အထိ ဖျက်ဆီးပါသည်။
ပျံ့နှံ့ပုံမှာ ကော်ဖီအရွက်၏ အောက်ဖက်မျက်နှာပြင်ရှိ မှို၏စပိုးများသည် လေအားဖြင့် ပျံ့နှံ့ပါသည်။ မှိုစပိုးများ ရှင်သန်ပေါက်ဖွားရန် ရေဓာတ်လိုအပ်ပါသည်။ ပိုးမွှားများ၏အကူအညီဖြင့်လည်း ပျံ့နှံ့နိုင်ပြီး ခြောက်သွေ့ရာသီဖြစ်ပါက စပိုးများသည် ရောဂါကျရောက်မှုခံနေရသော ကော်ဖီအရွက်များပေါ်တွင် ခိုအောင်းရှင်သန်နေနိုင်ပါသည်။
များသောအားဖြင့် ကော်ဖီသံချေးရောဂါသည် အာရေးဘီးကားကော်ဖီမျိုးကို အထူး တိုက်ခိုက်ပါသည်။ ကော်ဖီပင်အား ပူနွေးစိုစွတ် စိုထိုင်းစများသော မြေနိမ့်ပိုင်းတွင် စိုက်ပျိုးပါက ရောဂါကျရောက်မှု ပိုမိုများပြားမည်ဖြစ်သည်။ ကော်ဖီသံချေးရောဂါကျရောက်လာပါက အရွက်ကြွေခြင်း၊ အသစ်ထွက်လာသော ပင်စည်များအား ကြီးထွားမှုနှေးစေခြင်း၊ ကော်ဖီအသီးများ အချိန်မတိုင်ခင်မှည့်ခြင်း၊ ကြွေခြင်းနှင့် အပင်အသီးသီးမှုများကာ ကိုင်းကျိုးကျခြင်းနှင့် အရွက်ကြွေခြင်းကြောင့် သေစေခြင်းများဖြစ်ပေါ်စေသည်။ ကော်ဖီပင်များ သံချေးရောဂါကျရောက်လာပါက နောက်ဆက်တွဲရောဂါများ ဝင်ရောက်ရန် ပိုမိုလွယ်ကူစေပါသည်။ ဥပမာ မှည့်ပြောက်စွန်းရောဂါနှင့် အခြားသော မှိုရောဂါများ။ ကော်ဖီသံချေးရောဂါသည် ကော်ဖီခင်း၏ အထွက်နှုန်း ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိ ဖျက်ဆီးနိုင်ပါသည်။
ရောဂါအား ကြိုတင်ခန့်မှန်းစစ်ဆေးခြင်း
တောင်သူဦးကြီးတို့ခင်ဗျ ကော်ဖီသံချေးရောဂါအား ကြိုတင်ခန့်မှန်း စစ်ဆေးမည်ဆိုပါက မိမိကော်ဖီခင်း၏ ကော်ဖီပင်အရွက်အောက်ဖက်တွင် လိမ္မော်ဝါရောင် မှိုစပိုးများကို မြင်တွေ့ရမည်ဖြစ်သည်။ အရွက်၏ အပေါ်ဖက်တွင်လည်း အညိုရောင်အစက်များအား အဝါရောင်ဘေးလိုင်းများဖြင့် တွေ့မြင်ရမည်ဖြစ်သည်။ ကော်ဖီခင်းအား ၃ ရက် တစ်ခါသော်လည်းကောင်း ၁ ပတ်တစ်ခါသော်လည်းကောင်း စစ်ဆေးရန်လိုအပ်သည်။
ကာကွယ်နှိမ်နင်းခြင်း
တောင်သူဦးကြီးတို့အနေဖြင့် မိမိတို့၏ကော်ဖီအခင်းအား သံချေးရောဂါကျရောက်စေသော အခြေအနေများကို သိရှိထားရန်လိုအပ်သည်။ ၎င်းအခြေအနေများမှာ မိုးရွာသွန်းမှုများပြားခြင်းနှင့် ကော်ဖီပင်တွင် အရွက်ပမာဏများပြားခြင်းများဖြစ်သည်။ ကော်ဖီသံချေးရောဂါဖြစ်စေသာ သက်ရှိသည် မှိုသတ်ဆေးနှင့် အခြားသော နှိမ်နင်းမှုများခံနိုင်ရည်ရှိရန် မျိုးရိုးဗီဇပြောင်းလဲခြင်းများ ပြုလုပ်နိုင်သောကြောင့် အောက်ပါနှိမ်နင်းခြင်းများ ပြုလုပ်ရန်လိုအပ်သည်။
ကော်ဖီပင်များအား ပင်ခြားတန်းခြားကို မျိုးအလိုက် မှန်ကန်စွာစိုက်ပျိုးခြင်းသည် အပင်တစ်ပင်နှင့်တစ်ပင် နီးကပ်မှုမရှိစေကာ စိုထိုင်းစနည်းစေသောကြောင့် မှိုစပိုးများ ပေါက်ဖွားမှုအား ကာကွယ်ခြင်း၊ အာဟာရဓာတ် မြေဩဇာ လုံလောက်မျှတစွာကျွေးခြင်း၊
ကော်ဖီခင်းတွင် အရိပ်ကျရောက်မှုမရှိစေရန် ပြုလုပ်ခြင်းနှင့် ကော်ဖီပင်ကြီးထွားမှုမြင့်မား၍ အပင်အုံ့ကာ အရိပ်ဖြစ်ပေါ်မှုအား ဖယ်ရှား၍ ကာကွယ်ခြင်း၊
ခံနိုင်ရည်ရှိသောအပင်မျိုးအား အသုံးပြုခြင်း (ဥပမာ ရူဘီစတိုမျိုးသည် အာရေးဘီးကား မျိုးထက်ပို၍ ခံနိုင်ရည်ရှိသည်။)
ကော်ဖီခင်းအား ကုန်းမြင့်ဒေသ အမြင့် ၁၇၀ မီတာ အထက်တွင် စိုက်ပျိုးမည်ဆိုပါက ဓာတုနည်းဖြင့် နှိမ်နင်းမှုအား လိုအပ်မှုမရှိသလောက်နည်းပါးသည်။ သို့သော် ဓာတုဗေဒနည်းဖြင့် နှိမ်နင်းလိုပါက ကော့ပါးဘေ့စ်ကွန်ပေါင်းအများစုနှင့် Troalzde fungicide များအား အသုံးပြုနိုင်သည်။ ကော့ပါးပါဝင်သော မှိုသတ်ဆေးများသည် ဇီဝနည်းဖြင့်အကျိုးပြုနေသော အင်းဆက်များကို သေစေနိုင်သောကြောင့် အုပ်စုများကို အသုံးပြုခြင်းသည် ပိုသင့်တော်ပါသည်။
မစိုက်ပျိုးမီ ရောဂါကင်းလွတ်ပြီး မျိုးကောင်းသော ကော်ဖီပင်များအား စိုက်ခြင်းသည် ရောဂါကျရောက်မှုနည်းစေပါသည်။
တောင်သူဦးကြီးများခင်ဗျာ ဓာတုဆေးများအသုံးပြုရာတွင်လည်း မိမိအသုံးပြုသောဆေးတွင် ပါဝင်သောအညွှန်းအတိုင်း အကြိမ်နှုန်း၊ ပမာဏနှင့် တပ်ဆင်ရမည့်ပစ္စည်းများ ပြည့်စုံစွာ အသုံးပြုစေလိုပါသည်။
Reference:
www.britannica.com>science>coffee
ဘုန်းဟိန်းနိုင်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဝင်းဝင်းထက်
လွန်ခဲ့သော ၂ နှစ် ကတခြားကော်ဖီရွက်မှာ ဖစ်တက်တဲ့ ရောဂါတွေများရှိသေးလားရှင့်
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဘုန်းဟိန်းနိုင်
အားလုံး