အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်ဟင်းခါးသီးတွင် အဖြစ်အများဆုံးသော ရောဂါများ

ကြက်ဟင်းခါးသီးတွင် အဖြစ်အများဆုံးသော ရောဂါများ

ဖားဥမှိုရောဂါ (Sphaerotheca fuliginea)

    • အစိုဓာတ်လွန်ကဲတာက ဒီရောဂါကို ဖြစ်စေပါတယ်။ 

    • ရောဂါလက္ခဏာကို အရွက်ရင့်တွေမှာ ပထမဦးဆုံး တွေ့ရတတ်ပါတယ်။

    • အပေါ်ရွက်တွေမှာ ပေါင်ဒါမှုန့်တွေလို အဖြူမှုန့်တွေ တွေ့ရပါမယ်။

    • အရွက်အောက်မှာဆိုရင် စက်ဝိုင်းပုံစံ အကွက်တွေ အစက်တွေ တွေ့ရပါမယ်။

    • အရမ်းဆိုးရွားသွားရင် အရွက်တွေက အညိုရောင် ပြောင်းပြီး ရှုံ့တွသွားပါမယ်။

    • အရောင်ပျက်တာတွေလည်း ဖြစ်ပါမယ်။ 

    • ရောဂါကျတဲ့ အပင်က အသီးတွေက ကောင်းကောင်း မဖွံ့ဖြိုးတော့ဘဲ သေးညှပ်ပြီး ကျန်ခဲ့ပါမယ်။

ကုသနည်း

    • ရောဂါလက္ခဏာ စတွေ့တာချက်ချင်း ရေတစ်လီတာမှာ ကာဘန်ဒါဇင်(Carbendazim) ၁ မီလီလီတာ နှုန်းနဲ့ ဖျော်စပ်ပြီး ဖျန်းပေးနိုင်ပါတယ်။ 

    • ဒါ့အပြင် ရေတစ်လီတာလျှင် ကာရာသိန်း (Karathane) ၀.၅ မီလီလီတာ နှုန်းနဲ့ ဖျော်စပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။

    • ၎င်းဆေးတစ်မျိုးမျိုးကို ၁၅ရက်ခြားတစ်ခါနှုန်းဖြင့် ၂ကြိမ်မှ ၃ကြိမ် အထိ အသုံးပြုနိုင်ပါတယ်။

ဖျူစေရီယမ် ပင်ညှိုးရောဂါ (Fusarium oxysporum f.sp. niveum)

    • အစပိုင်းမှာတော့ ခဏတဖြုတ် ညှိုးတဲ့ လက္ခဏာမျိုး ပြတတ်ပါတယ်။ 

    •  အထူးသဖြင့် နွယ်ကိုင်းတွေကို ပိုသက်ရောက်ပါတယ်။ 

    • ရောဂါကျနေတဲ့ အရွက်တွေဟာဆိုရင် အဝါရောင်ဖြစ်နေပြီး ပျော့တွဲကျနေတတ်ပါတယ်။ 

    • နောက်ဆုံးမှာ အပင်က သေသွားနိုင်ပါတယ်။

ကုသနည်း

    • ရောဂါလက္ခဏာ စပေါ်တာနဲ့ ချက်ချင်း ကာရာသိန်း(Karathane) ၆ဂရမ် ကို ရေ ၁၀လီတာလျှင် ဖျော်စပ်၍ သော်လည်းကောင်း (သို့) ဘာဗီစတင် (Bavistin) ၁ဂရမ်ကို  ရေတစ်လီတာနှုန်းဖြင့် ဖျော်စပ်၍သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။

    • (၅-၆)ရက်ခြား တစ်ကြိမ်နှုန်းဖြင့် ၃ကြိမ်အထိ ဖျန်းပေးနိုင်ပါတယ်။

    • ဆေးဖျန်းတဲ့အခါမှာ နွယ်ကိုင်းတွေနဲ့ အရွက်တွေကို လုံးဝ စိုရွှဲနေအောင် ဖျန်းပေးဖို့ လိုအပ်ပါတယ်။

ဒေါင်းနီးမှိုရောဂါ (Pseudoperonospora cubensis)

    • စိုထိုင်းဆများတဲ့ အခါမှာ အဖြစ်များပါတယ်။

    • ပထမဆုံး ရောဂါလက္ခဏာအနေနဲ့ အပေါ်ရွက်တွေမှာ အဝါရောင် လေးထောင့်အကွက်တွေ ပေါ်လာပါတယ်။

    • စိုထိုင်းဆများနေတဲ့ အနေအထားမှာ ဆိုရင်တော့ အရွက်ရဲ့ အောက်မျက်နှာပြင်တွေမှာ အဖြူရောင် မှိုတွေ တွေ့ရနိုင်ပါတယ်။

    • ဒီရောဂါဟာဆိုရင် ပြန့်နှံ့မှု မြန်ပြီး အပင်ကို သေဆုံးစေနိုင်ပါတယ်။

ကုသနည်း

    • ဒီရောဂါအတွက်ကတော့ Ridomil 1.5g ကို ရေ တစ်လီတာမှာ ဖျော်စပ်ပြီး အသုံးပြုနိုင်ပါတယ်။

    • မန်ကိုဇက် (Mancozeb) ၀.၂% ကိုလည်း ရေမှာ ဖျော်စပ်ပြီး အသုံးပြုနိုင်ပါတယ်။

ကြက်ဟင်းခါးမိုစေ့ရောဂါ

    • စုပ်စားပိုးကနေတစ်ဆင့် ဒီရောဂါကို အပင်ထံသို့ သယ်ဆောင်ခြင်းကြောင့် ဖြစ်ပွားစေတာ ဖြစ်ပါတယ်။

    • သေးငယ်ပြီး ပုံစံမမှန်တဲ့ အဝါရောင် အကွက်တွေကို အရွက်တွေပေါ်မှာ မြင်တွေ့နိုင်ပါတယ်။

    • အရွက်အရွယ်အစားတွေ လျော့လာမယ်၊ ပုံစံမမှန်တာတွေ ဖြစ်လာမယ်၊ ရှည်မျောမျောတွေ ဖြစ်လာမယ်။

    • အသစ်ထပ်ထွက်လာတဲ့ အရွက်တွေဟာဆိုရင်လည်း ရှုံ့တွပြီး ပုံစံပျက်နေပါမယ်။

ကာကွယ်နည်း

    • အပင်ပေါက်ပြီး နောက်မှာ အပင်တွေကို Monocrotophos 0.05% (သို့) Phosphamidon 0.05% တစ်မျိုးမျိုးကို (၁၀)ရက်ခြား တစ်ကြိမ်နှုန်းနဲ့ ဖျန်းပေးနိုင်ပါတယ်။

Reference

Bitter gourd crop diseases and their control agropedia

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

4
mgmgting

mgmgting

လွန်ခဲ့သော ၂ နှစ် က

ဘာဆေးသုံးရမလဲ

U Nay Lynn

U Nay Lynn

လွန်ခဲ့သော ၄ နှစ် က

အသုံးဝင်ပါတယ်

သန်းဌေး

သန်းဌေး

လွန်ခဲ့သော ၅ နှစ် က

ဘယ်လိုကာကွယ်ရပါမလည်း

win htet ko

win htet ko

လွန်ခဲ့သော ၅ နှစ် က

Monocrotophos 0.05% (သို့) Phosphamidon 0.05% ဘာ​​ဆေးလဲ ဘယ်မှာများ ဝယ်လို့ရလဲ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။