ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
ဒူးရင်းအရွက်များတွင် ကျရောက်သော ရောဂါဖြစ်စေသောသက်ရှိ Cephaleuros viresecens / Trentepohlia sp. ဖြစ်သည့် algae ရေညှိကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲခြင်းများဖြစ်သည့် မြေဆီအဟာရချို့တဲ့ခြင်း၊ အပင်ခြေရှုပ်ထွေးခြင်း၊ နွယ်တက်အပင်များရှိနေခြင်း၊ ခြများကျရောက်ခြင်းတို့ကြောင့် ကျရောက်သည်။
ရောဂါလက္ခဏာ
ဒူးရင်းအရွက်များအပါ်တွင် သေးငယ်သော မီးခိုးစိမ်းရောင် အစက်ပြောက်များမှ စတင်ဖြစ်ပေါ်သည်။ အချိန်ကြာလာသည့်အခါ လိမ္မော်ရောင်သို့ပြောင်းလာသည်။ သတိပြုမိသောအချိန်တွင် အရွက်များအပေါ်တွင် သံချေးရောင် အစက်အပြောက်များကို အရွက်၏အပေါ်မျက်နှာပြင်တွင် တွေ့ရသည်။ အစက်အပြောက်များမှာ (3-5 mm ) အချင်းထိ ရှိသည်။ အရွက်၏ အောက်မျက်နှာတွင်လည်း ရောဂါလက္ခဏာကို တွေ့ရသည်။ ရောဂါကျရောက်မှုများပါက အပင်၏ အစာချက်လုပ်ခြင်းလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေကာ ပန်းပွင့်နှုန်းကို ကျဆင်းစေပါသည်။ နောက်ဆက်တွဲ ရောဂါကျရောက်မှုများကိုလည်း ဖြစ်စေသည်။
ကာကွယ်နှိမ်နင်းနည်း
များသောအားဖြင့် အပင်အဟာရချို့တဲ့ချိန်တွင် ကျရောက်မှု ပို၍ပြင်းထန်သည်။ အပင်ကို အဟာရချို့တဲ့မှုမရှိအောင် ဂရုစိုက်၍ ရေလိုအပ်ချိန် ရေမှန်မှန်သွင်းပေးပါ။ အပင်ခြေပေါင်းရှင်း၍ အပင်လေဝင်လေထွက်ကောင်းမွန်စေရန် စနစ်တကျ ကိုင်းဖြတ်ပေးပါ။ စနစ်တကျကိုင်းဖြတ်ပေးခြင်းဖြင့် အပင်အရွက်အုပ်များအတွင်း စိုထိုင်းဆများခြင်းကိုလည်း လျော့နည်းစေသည်။ ရောဂါကျရောက်မှုပြင်းထန်ပါက အကိုင်းများကွဲအက်ကာ နောက်ဆက်တွဲရောဂါများ ကျရောက်တတ်သဖြင့် နောက်ဆက်တွဲ ရောဂါကျရောက်မှုမှ ကာကွယ်ရန် မှိုသတ်ဆေးဖြန်းပါ။
မှိုသတ်ဆေးအဖြစ် ai benomyl ဘီနိုမိုင်း သို့ thiophenate methyl သိုင်အိုဖန်းနိတ် မီသိုင်းသို့ ကော့ပါး ပါသောမှိုသတ်ဆေးအပြင် အခြားသော ပင်လုံးပြန့်အာနိသင်ရှိသော မှိုသတ်ဆေးများကို ရောဂါကျပျိုးပင်များအား ပက်ဖျန်းနိုင်ပါသည်။
22.4.2020
အေးသန္တာစိုး၊ B.Agr.Sc-1998
Ref; http://jaowoffice.weebly.com/blog/durian-diseases
http://animhosnan.blogspot.com/2013/12/durian-foliar-diseases.html
https://forum.thaivisa.com/topic/1063745-durian-leaf-antracnose/
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 5 ခု
ဂေါ်ဖီထုပ်ပျိုးပင်တွေအခုလိုအဝိုင်းလိုက်သေနေလို့ဘယ်လိုလုပ်ရမလဲသိတဲ့သူများရှိရင်ပြောပြပေးကြပါဗျအပင်သက်တန်းကရက်ပေါင်း20လောက်ရှိသေးတယ်ပိုးသတ်ဆေးရော့မြေသြဇာရော့မကျွေးထားဘူးဗျ
kyaw kyaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ayethandasoe
အားလုံး
ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
23/10/2020
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
20/04/2020
ဂန္ဓမာပန်း ကျောက်ရောဂါ (Chrysanthemum white rust)
19/03/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....