အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ချင်း(ဂျင်း) ရောဂါများနှင့် ကာကွယ်နှိမ်နှင်းနည်းများ

ချင်း(ဂျင်း) ရောဂါများနှင့် ကာကွယ်နှိမ်နှင်းနည်းများ

Green Way
Green Way • 26/12/2022

ဂျင်းစိုက်ပျိုးထုတ်လုပ်ရာတွင် ပိုးမွှားကျရောက်မှု နည်းပါးပြီး ဘက်တီးရီးယား၊ မှိုနှင့် နီမတုတ် တို့ကြောင့် ဖြစ်ပွားသော ရောဂါကျရောက်မှု ပိုများပါသည်။ ထိုသို့ ကျရောက်တတ်သောရောဂါများမှာ နီမတုတ်မြစ်ဖုရောဂါ၊ ဘတ်တီးရီးယားပင်ညှိုးရောဂါ/ ဥပုပ်ရောဂါ၊ နှင့် ဖျူဆေရီယမ်ပင်ညှိုးရောဂါ/ ဥပုပ်ရောဂါတို့ ဖြစ်သည်။ ဂျင်းတက်များဖွံ့ဖြိုးနေချိန်တွင် မိုးအလွန်အကျွံရွာခြင်း၊ ရေဝပ်ခြင်းများကြောင့်လည်း ဂျင်းဥပုပ် ရောဂါများ ဖြစ်ပွားနိုင်သည်။ 

(က) ဂျင်းတွင်ကျရောက်သောရောဂါများ

နီမတုတ်မြစ်ဖုရောဂါ

 

ပုံ (၁) နီမတုတ်ရောဂါဖြစ်ထားသော ဂျင်းတက်

နီမတုတ်မြစ်ဖုရောဂါကျရောက်ပါက ဘတ်တီးရီယား၊ မှိုနှင့် အခြားအဆွေးစားကပ်ပါးပိုးမွှားများဝင်ရောက်ရန် လွယ်ကူစေသောကြောင့် ဥတက်များ၏ အပင်ပေါက်နှုန်းကို သိသာစွာလျော့ကျစေသည်။ 

ဘတ်တီးရီးယား ပင်ညှိုးရောဂါ/ ဥပုပ်ရောဂါ

ပုံ(၂) ဘတ်တီးရီးယားပင်ညှိုးရောဂါ/ ဥပုပ်ရောဂါ

ရောဂါဖြစ်ပေါ်ပါက ရုတ်တရက်အပင်ညှိုးသွားပြီး အပင်အောက်ခြေမှစတင်ဝါကာ ခြောက်လာမည်။ ထို့နောက် အမြစ်နှင့် မိခင်မျိုးတက်များ အညိုရောင်ပြောင်း၍ပုပ်သွားပြီး ရောဂါစဖြစ်သောနေရာတစ်ဝိုက်တွင် ရေစိုနာအရစ်ဖြစ်ပေါ်ခြင်း၊ အနံ့စူးရှခြင်း၊ ဆွဲနုတ်ပါက အပင်အလွယ်တကူပါလာခြင်းများကို တွေ့ရမည်။ အပင်များ လျင်မြန်စွာခြောက်သွေ့သွားပြီး အရွက်များသည် အဝါရောင်မှ အညိုရောင်သို့ ၃ ရက်မှ ၄ ရက်အတွင်း ပြောင်းသွားမည်။ 

ဖျူဆေရီယမ်ပင်ညှိုးရောဂါ/ ဥပုပ်ရောဂါ

အပင်တွင် အစိမ်းရောင်အရွက်များရှိနေသော်လည်း အပင်ပု၍ဝါနေခြင်း၊ ရွက်ဖျားများခြောက်နေခြင်းတို့ ဖြစ်ပေါ်ပြီး အောက်ခြေတွင်ရှိသော အရွက်များ တဖြည်းဖြည်း အဝါရောင်ပြောင်းလာသည်ကို တွေ့ရမည်။

ပုံ (၃) ဖျူဆေရီယမ်ပင်ညှိုးရောဂါ/ ဥပုပ်ရောဂါ

(ခ) ကာကွယ်နှိမ်နင်းနည်းများ

ဂျင်းဥပုပ်ရောဂါများကို မည်သည့်ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့်မှ မနှိမ်နင်းနိုင်ပါ။ ရောဂါမကျရောက်စေရန်သာ ကာကွယ်ထိန်းချုပ်ခြင်းများ ပြုလုပ်ရမည်။ 

  • ဂျင်းဥပုပ်ရောဂါကို ကာကွယ်ရန်အတွက် ရောဂါကင်း၍ ကျန်းမာသော ဂျင်းမျိုးတက်များကိုသာ ရွေးချယ်စိုက်ပျိုးခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။  
  • ဂျင်းစိုက်မည့်မြေသည်လည်း ရောဂါကျရောက်ဖူးသော မြေ၊ ဂျင်းတစ်မျိုးတည်းကိုသာ အကြိမ်ကြိမ် စိုက်ပျိုးထားသောမြေ မဖြစ်ရပါ။ 
  • ဘက်တီးရီးယားရောဂါ အလွန်ကူးစက်လွယ်သည့် အာလူး၊ ခရမ်းချဉ်၊ ငရုတ်၊ ခရမ်းနှင့် ဂေါ်ဖီထုပ်များနှင့် သီးညှပ်/ သီးထပ် မစိုက်ပျိုးသင့်ပါ။ 
  • စိုက်ပျိုးပြီးချိန်တွင် ပေါင်းရှင်းခြင်း၊ ရေဝပ်ရေအောင်းခြင်းများမရှိစေရန် ရေနုတ်မြောင်းများကိုလည်း စနစ် တကျဖော်ထားရမည်။ ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများသည် ရောဂါကျရောက်မှုကို မနှိမ်နင်းနိုင်သောကြောင့် ရောဂါကျရောက်ချိန်တွင် အလွန်အကျွံ သုံးစွဲခြင်းနှင့် ရောဂါမကျရောက်ခင် ကြိုတင်သုံးစွဲခြင်းများကို မပြုလုပ်သင့်ပါ။ 
  • ထရိုင်ကိုဒါးမား၊ တမာပိုးသတ်ဆေးတို့ကိုအသုံးပြုကာ လူ၊ ပတ်ဝန်းကျင်နှင့် စိုက်ပျိုးမြေကို အန္တရာယ်မဖြစ်စေဘဲ ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်သော ကာကွယ်နှိမ်နင်းနည်းများ ပြုလုပ်နိုင်သည်။  

အပိုင်း(၂) တွင် သဘာဝနည်းများဖြစ်သည့် ထရိုင်ကိုဒါးမားမှိုဖြင့် ဂျင်းဥပုပ်ရောဂါကို ကာကွယ် ခြင်း၊ တမာဆီဖြင့် ပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ အီးအမ်-၅ ဖျော်ရည်အသုံးပြု၍ ဖျက်ပိုးများနှင့် အပင်ရောဂါများ ကာကွယ်နှိမ်နင်းခြင်း စသည့်အကြောင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ' ချင်း (ဂျင်း) စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ နည်းလမ်းကောင်းများ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
Sayadul Islam

Sayadul Islam

လွန်ခဲ့သော ၂ နှစ် က

ဂျင်းကို ဘယ်လိုမျိူးနေရာတွင်စိုက်သင့်ပါသလဲ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။