သဘာဝ(Organic)ပိုးသတ်ဆေးများ ပြုလုပ်နည်း
သဘာဝဆေးဖက်ဝင် အပင်များဖြစ်ကြသော တမာ၊ ဂျင်း၊ ငရုတ်၊ စပါးလင်၊ ပင်စိမ်းရိုင်း၊ ဆေးဂန္ဓမာ၊ ငှက်ဖျားဆေးပင်၊ မဲရိုင်း၊ ပတဲကော၊ စိန်နပန်စသည်တို့ကို နည်းအမျိုးမျိုးဖြင့် အနံ့ပြင်းသော အရည်ရရှိအောင်ပြုလုပ်၍ Organic ပိုးသတ်ဆေးပြုလုပ်ကြပါသည်။ အလွယ်ဆုံးနှင့် အထိရောက်ဆုံးနည်း မှာ အီးအမ်(EM)ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။ အကယ်၍ အီးအမ်(EM)မရှိပါက အီးအမ်မပါဘဲလုပ်ရသော နည်းလမ်းများကို အသုံးပြုကြပါသည်။
၎င်းတို့အနက်မှ အောက်ပါဆေးနည်းများကို ကျွန်တော်မျှဝေပေးမည် ဖြစ်ပါသည်။
• ငရုတ်သီး ပိုးသတ်ဆေး
• ကြက်သွန်ဖြူ ပိုးသတ်ဆေး
• ဆေးရွက်ကြီး ဆပ်ပြာဆေးရည်
• တမာပိုးသတ်ဆေး
• ကြက်သွန်ဖြူ၊ ငရုတ်၊ ဂျင်း ပိုးသတ်ဆေး တို့၏ ပြုလုပ်ပုံ၊ ဖျော်စပ်နည်း၊ အသုံးပြုပုံ၊ ကာကွယ် နှိမ်နင်းနိုင်သော ရောဂါများ အစရှိသည်တို့ကို တောင်သူဦးကြီးများ သိရှိသဘောပေါက် နားလည်စေရန် တင်ပြသွားပါမည်။
၁။ ငရုတ်သီးပိုးသတ်ဆေး
ပထမဦးစွာ ငရုတ်သီး (၁၅) ကျပ်သားကို ရေ (၁) ပိဿာဖြင့် ရောနှော၍ (၂) နာရီကြာအောင် ပြုတ်ပါ။ ထို့နောက် ရေ (၂) ပိဿာရောပြီး ငရုတ်သီးများကို ချေပါ။ ထို့နောက် ရေ (၄) ပိဿာနှင့် အရက်ဖြူ (တောအရက်) ပုလင်းဝက် ထည့်ပါ။ နောက်ဆုံးတွင် ငရုတ်သီးပိုးသတ်ဆေးရည် ရရ်ှိပါမည်။
၂။ ကြက်သွန်ဖြူပိုးသတ်ဆေး
ပထမဦးစွာ ကြက်သွန်ဖြူ (၁) ပိဿာကို ထောင်းပြီး ရေ (၁) ပိဿာ၊ အရက်ဖြူ(တောအရက်) (၂) ပုလင်းနှင့် ရောစပ်ပါက ကြက်သွန်ဖြူ ပိုးသတ်ဆေးရည် ရရှိပါမည်။
၃။ ဆေးရွက်ကြီးဆပ်ပြာဆေးရည်
(က) ဆေးရွက်ကြီး- ၂၅ ကျပ်သား
( ခ )ရေ - ၄ ဂါလန်
( ဂ)ဆပ်ပြာ - ၂ ကျပ်သား
ဖျော်စပ်နည်း
ပထမဦးစွာ ရေ (၄) ဂါလန်ကို မြေအိုးတွင် ထည့်၍ ကျိုချက်ပါ။ ၎င်းထဲသို့ ဆေးရွက်ကြီး (၂၅) ကျပ်သားကို ထည့်၍ ကျိုပါ။ ပါးပါးလှီးထားသော ဆပ်ပြာ(၂) ကျပ်သားကို ၎င်းဖျော်ရည်ထဲသို့ ထပ်မံထည့်၍ ကျိုချက်ပါ။ ဆပ်ပြာ(ဆပ်ပြာစစ်စစ်)ပျော်ဝင်ပြီးချိန်တွင် အအေးခံ၍ ပိတ်ပါးစဖြင့် စစ်ပါ။ သတိပြုရန်မှာ အခြားဓာတုဆေးများပါဝင်သည့် ဆပ်ပြာမှုန့်များ အသုံးပြုခဲ့ပါက အပင်ကို လောင်ကျွမ်းစေ နိုင်ပါသည်။
အသုံးပြုပုံ
ထိုဆေးရည် (၁) ဆကို ရေ (၂) ဆဖြင့် ရော၍ ပိုးကျရောက်သည့် အပင်ရင်းတွင် လောင်း၍ဖြစ်စေ၊ အပင်ပေါ်သို့ ပက်ဖြန်း၍ဖြစ်စေ အသုံးပြုနိုင်ပါသည်။
ကာကွယ်နှိမ်နင်းနိုင်သည့် ရောဂါများ
ပျပိုး၊ ခူ၊ ပုရွက်ဆိတ်၊ ပိုးလောက်ကောင်များ။
၄။ တမာပိုးသတ်ဆေး
ပထမဦးစွာ တမာစေ့/ တမာရွက်ခြောက် (၅၀) ကျပ်သားကို လက်ဆုံဖြင့် အဆန် ကွဲရုံ/ အဖတ်ကြမ်းဖြစ်ရုံထောင်း/ နုတ်နုတ်စင်းကာ ရေ (၂) ဂါလန်ဖြင့် ရောမွှေပြီး (၁) ရက်ခန့်ရေစိမ် ထားပါ။ ထို့နောက် တမာရည်ကို ပိတ်စိမ်းပါးဖြင့် စစ်ပေးပြီး ၎င်းစိမ်ရေ နို့ဆီဘူး တစ်ဘူးလျှင် ရေ (၄) ဂါလန်ဖြင့် ရော၍ မိမိပက်ဖျန်းလိုသော သီးနှံခင်းတွင် ပက်ဖြန်းပေးပါ။ အရက် (သို့) ဝါးရှာလကာရည်ဖြင့် စိမ်ပြီး ရေရောဖြန်းပါက ပိုမိုကောင်းမွန်ပါသည်။ လက်ဖက်စေ့ကို အမှုန့်ကြိတ်၍ အထက်ပါနည်းလမ်း အတိုင်း ပြုလုပ်ပြီး ခရု နှိမ်နင်းရာတွင်လည်း အသုံးဝင်ပါသည်။ အထက်ပါနည်းများအတိုင်း စပါးလင်ရွက်၊ ပဲစိမ်းစားရွက်၊ သြဇာရွက်၊ လောက်သေရွက်တို့ဖြင့်လည်း ပြုလုပ်သုံးစွဲနိုင်ပါသည်။
၅။ ကြက်သွန်ဖြူ၊ ငရုတ်၊ ဂျင်း ပိုးသတ်ဆေး
ထို ပိုးသတ်ဆေးကို အီးအမ်(EM) မရှိပါက အောက်ပါနည်းဖြင့် ပြုလုပ်အသုံးပြုနိုင်ပါသည်။
ပါဝင်ပစ္စည်းများ
• ကြက်သွန်ဖြူ
• ငရုတ်သီးစိမ်း
• ဂျင်း
• ချက်အရက် / အရက်ဖြူ
• ဘီယာ / ထန်းရည်းခါး / ခေါင်ရည်
ပြုလုပ်နည်း
ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် ဂျင်းတို့ကို ထုထောင်း၍ စဉ့်အိုး၊ ပလတ်စတစ်ပုံးထဲ ထည့်ပါ။ ဘီယာ၊ ထန်းရည်ခါးဖြင့် မြုပ်ရုံ (၁၂) နာရီကြာအောင်စိမ်ပါ။ ၎င်းပုံးထဲသို့ တင်လဲရည်(သိူ့)ကြံသကာကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဂျင်းထုထည်တို့၏ ၃ ပုံ ၁ ပုံ ထည့်၍ မွှေပြီး (၅) ရက်ထားပါ။ ထို့နောက် ချက်အရက်ကို ပထမအကြိမ်ထည့်သော ဘီယာ ပမာဏ ထပ်ထည့်၍ (၁၀) ရက်ထားပါ။ (၁၀) ရက်ထားပြီးနောက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ထို့နောက် ဆေးရည်ကုန်သွားလျှင် အရက် ထပ်မံ ထည့်၍ (၁၀) ရက်ထားပြီး ပြန်လည်အသုံးပြုနိုင်ပါမည်။ (၅) ကြိမ်အထိ အရက်ဖြည့်ပြီး သုံးနိုင်ပါသည်။ သတိပြုရန်မှာ စုစုပေါင်းအရည်ပမာဏသည် ထည့်သောအိုး၏ ၃ ပုံ ၁ ပုံခန့်သာထည့်ရန်ဖြစ်ပါသည်။ ၃ ပုံ ၂ ပုံကို လေဟာနယ်အဖြစ်ချန်ထားရန်လိုအပ်ပါသည်။ ။
ဥာဏ်လင်းထက်
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ်ပိုးသတ်ဆေးများ
Soe Naing
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
ဆရာဂုဏ်
လွန်ခဲ့သော ၄ နှစ် ကမဆိုဏ္ဌဘူး
zwe htet
လွန်ခဲ့သော ၄ နှစ် ကရပါတယ်ဗျ
ko
လွန်ခဲ့သော ၄ နှစ် ကတမာရွက်ကအစိုမရဘူး ဘာပိုးတွေထိရောက်မူ့ရှိလဲ ငမြောင်တောင်အဓိကသုံးချင်တာ
Phyo Wait Htun
လွန်ခဲ့သော ၄ နှစ် ကတမာပိုးသတ်ဆေးက ငမြှောင်ကောင်သေလားဗျ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Nyan Lynn Htet
အားလုံး