စပါးရွက်များရှိ လက္ခဏာများကိုကြည့်၍ ပိုးမွှားရောဂါပြဿနာများကို နှိုင်းယှဥ်ခွဲခြား ဖြေရှင်းခြင်း (၂)
ခပ်ဆင်ဆင် ရောထွေးလွယ်သော စပါးရောဂါများ ပြဿနာများကိုလည်း နှိုင်းယဥ်ပြသထားပါတယ်။ စာနှင့် ပုံများကိုတွဲပြီး ဖတ်ရှုလေ့လာပေးပါ။ စာချည်းပဲဆို သိပ်မမြင်သာမှာ စိုးလို့ပါ။ ပုံများကို ထောက်ပြီးတော့လည်း အနည်းငယ် ချဲ့ကြည့်နိုင်ပါတယ်။
(၃) စပါးဘတ်တီးရီးယားရွက်စင်းရောဂါ နှင့် စပါးရွက်ညိုပျောက်ရှည်ရောဂါ
Rice bacterial leaf streak Vs Narrow brown leaf spots of rice

ရုတ်တရက် ကြည့်လိုက်ရင် ခွဲရခက်ပါတယ်။ တစ်ခုက ဘတ်တီးရီးယားကြောင့်ဖြစ်ပြီးကျန်တစ်ခုကတော့ မှိုရောဂါဖြစ်ပါတယ်။ ရွက်ညိုပျောက်ရှည်မှာ ဘတ်တီးရီးယားရွက်စင်းလောက် အရွက်များကို ထိခိုက်ခြင်း မရှိပါ။ အစင်းတွေက အညိုရောင်၊ နီညိုကြောင် ပြသပြီး တစ်ခုနဲ့တစ်ခု နည်းနည်းခွာပြီး ပြပါတယ်။ အရွက်ကို နေရောင်အောက်မှာ ထောင်ကြည့်လိုက်ရင် ဘတ်တီးရီးယားရွက်စင်းတွေဟာ အလင်းဖောက်မြင်ရပြီး ကျန်တစ်ခုကတော့ အလင်းမဖောက်ပါဘူး။
ရွက်ညိုပျောက်ရှည်အတွက် Triazole ထရိုင်ရာဇော် အုပ်စုမှိုသတ်ဆေးတွေ (အေအိုင် ပရိုပါကွန်နာဇော်/ ဟက်ဇာကွန်နာဇော်/ တက်ဗျူကွန်နာဇော်/ အက်ပီကွန်နာဇော်တွေက ထိရောက်ပါတယ်။ ဥပမာ - သြဘာက ပရိုဝမ်း ဝိစာရက ဟက်ဇာဂွန် မှိုဆေးများဖျန်းနိုင်ပါတယ်။
(၄) စပါးရွက်ညိုပျောက်ရှည် နှင့် စပါးရွက်ညိုပျောက်ရောဂါ
Brown Spots Vs Narrow Brown Spots in Rice

နှစ်ခုလုံးကမှိုရောဂါဖြစ်ပြီး ကာကွယ်နှိမ်နှင်းနည်းကတော့ အတူတူဖြစ်ပါတယ်။ ရွက်ညိုပျောက်က အညိုရောင်အစက်များ အပျောက်များ ဖြစ်ပေါ်ပြသပါတယ်။ အစက်များမှာ ဘဲဥပုံ အဝိုင်းပုံများဖြစ်ပါတယ်။ ရွက်ညိုပျောက်ရှည်ကတော့ အပ်နဲ့ အရွက်ပေါ်ကို ဆွဲခြစ်ထားသလိုပြသပြီး သူ့နာမည်အတိုင်း အစင်းက ပိုရှည်ပါတယ်။
(၅) စပါးရွက်ညိုပျောက် နှင့် စပါးဂုတ်ကျိုးရောဂါ

နှစ်ခုလုံးဟာ မှိုရောဂါဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်စေတဲ့ မှိုအုပ်စု မတူတဲ့အတွက် ဖျန်းရမယ့် ဆေးအေအိုင်တွေတော့ မတူပါဘူး။ ဆေးမှားဖျန်းရင် မထိရောက်နိုင်ပါ။
ဂုတ်ကျိုးရောဂါဟာ တောင်ပေါ်ယာစပါးတွေမှာ ပိုဆိုးပါတယ်။ စပါးအဆစ်တွေ ဂုတ်တွေ အနှံတွေ ကျိုးကျိုးကျပြီး အရွက်မှာတော့ ဖဲချပ်တွေက ဒိုင်းမွန်းပုံ အကွက်ရှည်တွေ တွေ့ရတတ်ပါတယ်။ အကွက်ထိပ်နှစ်ဖက် ချွန်ပြီး အလယ်က ကျယ်ပြီး ဝပါတယ်။ အကွက်များဟာ မီးခိုးရောင်သန်းပါတယ်။ တခါတလေ လိမ္မော်ရောင်အဝါရောင်ပြသတတ်ပါတယ်။
စပါးဂုတ်ကျိုးရောဂါ ကာကွယ်နှိမ်နှင်းနည်း
စပါးဂုတ်ကျိုး ရောဂါအတွက်ကတော့ ခံနိုင်ရည်ရှိသော မျိုးများကိုစိုက်ပါ။ ပုလဲအချိုးလျှော့ပြီး ပိုတက်ဓာတ်ဆားအနီ မြေဆီအချိုးမြှင့်ပေးပါ။
မှိုသတ်ဆေးတွေအနေနဲ့တော့ Tricyclazole ထရိုင်စိုက်ကလာဇော် မှိုသတ်ဆေးက အလွန်ထိရောက်ပါတယ်။ (ဥပမာ - မြန်မာ့ သြဘာက ထရိုင်းထန့် မှိုသတ်ဆေး )
Validamycin ဗယ်လစ်ဒါမိုင်ဆင်ဆေး ( ဥပမာ ဝိစာရမှ ဗယ်လီဆိုက်)
အခြားကုမ္ပဏီများမှ အေအိုင်တူဆေးများကိုလည်း သုံးနိုင်ပါတယ်။
ရွက်ညိုပျောက်ကတော့ ညိုဆိုတဲ့အတိုင်း အညိုရောင် နီညိုရောင်ဖြစ်ပါတယ်။ အပျောက်တွေက ဘဲဥပုံ သို့မဟုတ် ဝိုင်းစက်စက် ပုံစံဖြစ်ပါတယ်။
ဖျန်းရမယ့် နိုင်တဲ့ မှိုသတ်ဆေးတွေကတော့ မန်ကိုဇက်နှင့်ကလိုသာလိုနေး အတွဲ၊ ဟက်ဇာကွန်နာဇိုး၊ ပရိုကွန်နာဇိုးတို့ ဖြစ်ပါတယ်။
(၆) စပါးရွက် အနက်စက်ကြပ်ခိုးမှိုရောဂါ

အနက်အစက်အဖု သေးသေးလေးတွေ အရွက်ပေါ်မှာ စုပြွတ်သိပ်စွာ ဖြစ်ပေါ်ပါတယ်။ ရိပ်သိမ်းချိန်ဆို ပိုမိုထင်ရှားပါတယ်။
မန်ကိုဇက် ကဲ့သို့သော မှိုသတ်ဆေး သို့မဟုတ် အခြား မည့်သည့် မှိုသတ်ဆေး မဆိုဖျန်းပြီး ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။
(၇) စပါး ငါးမြွေထိုးရွက်ခြောက်မှိုရောဂါ

အရွက်ထိပ်တွေမှာ ငါးမြွေထိုးအမြီးလို အရစ်ရစ်တွေနဲ့ ပြသပြီး ခြောက်လိုက်လာပါတယ်။ တစ်ခါတစ်လေ အရွက်ဘေးဘက်မှ ပြသပါတယ်။
နိုင်သော မှိုသတ်ဆေးများမှာ မန်ကိုဇက် နှင့် ကလိုသာလိုနေး အတွဲ၊ ဟက်ဇာကွန်နာဇိုး၊ ပရိုကွန်နာဇိုးတို့ ဖြစ်ပါတယ်။
စပါးအထွက်တိုးပြီး စပါးဈေး ကောင်းကြပါစေ ကျေးဇူးရှင်ကြီးများ ခင်ဗျ။
ပုံများကို ပေးပို့ပေးပါသော ရေဆင်းစိုက်ပျိုးရေးသုတေသနဌာန DAR မှ သုတေသီ junior ညီမ တစ်ဦးကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ရေးသားပြုစုသူ - ဖုန်းမာန်တိုး (ရေဆင်းရနံ့)
လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်က မြန်မာပြည်က စပါးခင်းတွေမှာ ကွင်းဆင်းလေ့လာ ထားမှုများပေါ် အခြေခံထားပါတယ်။
ကျမ်းကိုး - အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနအဖွဲ့အစည်း
website, Nutrient Deficiencies of Field Crops
Guide to Diagnosis and Management စာအုပ် CABI, Rice Disease Book by S.H. Ou
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးပင်တွင်ကျရောက်တတ်သောရောဂါများ
အကြောင်းအရာ 2
စပါးပင်တွင်ကျရောက်တတ်သောဖျက်ပိုးများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Bhone Myat Thu
လွန်ခဲ့သော ၁ နှစ် ကဘက်တီးရီးယား ရွက်စင်းအတွက် မာလာမြိုင်က ဒရိူဂျင်
Bhone Myat Thu
လွန်ခဲ့သော ၁ နှစ် ကဂုတ်ကျိုးအတွက် မာလာမြိုင်က ဖူဂျီး၀မ်းလည်းရပါတယ်
U Myo Tint
လွန်ခဲ့သော ၁ နှစ် ကစပါးပင်အဖုံးစုံချိန်အောဆုံအရွက်ခြောက်တွေတွေ့တယ်ဘာဖြစ်တက်လဲ
Tun Naing
လွန်ခဲ့သော ၂ နှစ် ကအခုပြောပြပေးတဲ့ရောဂါတွေက ဘယ်လိုမြေအမျိုးစားတွေမှာဘယ်လိုကြောင့်ဖြစ်တတ်လဲခင်ဗျ
နေနိုင်
လွန်ခဲ့သော ၄ နှစ် ကnပါပဟ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024