မြေပဲပင်တွင်ကျရောက်တက်သော ဘက်တီးရီးယားပင်ညိုးရောဂါ
ဦးကြီးတို့ရေ မင်္ဂလာပါဗျ။
ဦးကြီးတို့ရဲ့ မြေပဲခင်းတွေမှာ မြေပဲပင်တွေညိုးပြီးသေနေတာတွေ တွေ့ဖူးမယ်လို့ ထင် ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ လေ့လာကြရအောင်။
ရောဂါလက္ခဏာများ
ရောဂါဖြစ်သောအခါ ဘယ်အချိန်မှာ ရောဂါလက္ခဏာစတွေ့ရသလဲ။ မြေပဲစိုက်ပျိုးပြီး ၂-၃ ပတ်ကြာသောအခါ ရောဂါဖြစ််နေသောအပင်များ၏ မြေပဲအရွက်များသည် အနည်းငယ် ငိုက်ကျနေပြီး အရွက်များလိပ်နေပါသည်။ ထိုအပြင် မြေပဲအရွက်များ၏ ရွက်ကြောများကြားတွင် အစိမ်းရောင်ဖျော့နေပြီး အရွက်အနားသတ်များသည် အဝါရောင်ပြောင်းသွားပါသည်။ နောက်ပိုင်းတွင် အပင်များသည် အဖျားမှ အောက်ကိုကွေးသွားပြီး အရွက်များခြောက်လာပါ သည်။ နောက်ဆုံးတွင် အပင်များသည် အညိုရောင်ပြောင်းသွားကာ ညိုး၍ သေသွားပါသည်။ ရောဂါတိုက်ခိုက်ခံထားရသော အပင်များမှာ အရောင်ပျက်သွားပြီး အမြစ်များပုပ်နေပါသည်။ ထို့အပြင် မြေပဲအတောင့်များလည်း ပုတ်သွားပါသည်။ မြေပဲဘက်တီးယားပင်ညိုးရောဂါ ဖြစ်သောအခါ အသိသာဆုံး လက္ခဏာမှာ မြေပဲပင်စည်များကို ခွဲကြည့်သောအခါ အထဲတွင် မဲပုတ်နေပါသည်။

ရောဂါကူးစက်ပုံ
မြေပဲပင်ညိုးရောဂါဖြစ်စေသော သက်ရှိမှာ Ralstonia solanacearum E Yabuuchi ဖြစ်ပါသည်။
ထိုရောဂါသည် မြေဆောင်ရောဂါဖြစ်သလို မျိုးစေ့ဆောင်ရောဂါလည်း ဖြစ်ပါသည်။ ရောဂါဖြစ်စေသော သက်ရှိသည် အပင်များမရှိသော မြေကြီးတွင် အသက်ရှင်မနေနိုင်ပါ။ ထိုရောဂါသည် ယာခင်းတစ်ခင်းမှတစ်ခင်း ဖြတ်သန်းစီးဆင်းသွားသော မိုးရေများမှလည်း ကောင်း၊ သွင်းရေများမှလည်းကောင်း ကူးစက်ပါသည်။
၎င်းသက်ရှိများ အသက်ရှင်နေနိုင်သော လက်ခံအပင်များမှာ ခရမ်းချဥ်၊ ဆေးရွက်ကြီး၊ ခရမ်း၊ မြေပဲ၊ ဟင်းစားပဲပုတ်၊ ငှက်ပျော စသည့်အပင်တို့ဖြစ်ပါသည်။
ကာကွယ်ရန်နည်းလမ်းများ
-
ရောဂါကင်းစင်သော မျိုးများကို ရွေးချယ်စိုက်ပျိုးရပါမည်။
-
ထိုရောဂါမရှိသောမြေများတွင် ကျန်းမာသန်စွမ်းသော မျိုးစေ့များကို စိုက်ပျိုးရပါမည်။
-
သီးလှည့်စိုက်ပျိုးရပါမည်။
-
ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးရပါမည်။
-
ရောဂါကူးစက်ခံထားရသောအပင်များတွေ့လျှင် ချက်ချင်းနှုတ်၍ မီးရှို့ဖျက်စီးပစ်ရပါ မည်။
-
ထယ်ထိုး၍ မြေလှပ်ထားကာ ထွန်မကြာခဏ မွှေပေးရပါမည်။
-
နောက်ဆုံးမတတ်နိုင်မှသာ ဘက်တီးရီးယားများသေစေသော ဆေးများကို အချိုးအဆ မှန်ကန်စွာသုံးစွဲသင့်ပါသည်။
ချမ်းသာဦး
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မြေပဲဘက်တီးရီးယားပင်ညှိုးရောဂါ
kyae kyee
လွန်ခဲ့သော ၄ နှစ် ကမြေဆောင်ရောဂါကို ကာကွယ်ဖို့ ဘာဆေးသုံးသင့်လဲဗျ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
fipronil profenofos beta.cypermethrin ဒီဆေးသုံးမျိုးအတွဲကမတ်ပဲမှာဘာပိုးတွေကိုနှိမ်နှင်းပေးပါသလဲဖြေပေးပါအုံးဆရာတို့
ဦးစိုး • ဖြေကြားချက် 1 ခု
profenofos beta.cypermethrin frpronil ဒီဆေး3မျိုးအတွဲကဘယ်လိုကာကွယ်ကုသပေးနိုင်ပါသလဲဖြေပေးပါအုံးဆရာတို့
myantthirikhet • ဖြေကြားချက် 1 ခု
ကြက်သွန်နီခင်းမှာ ဘယ်ရောဂါကျရင် ဘယ်ai သုံးမရလဲဆိုတာရော သိသလောက်ပြောပြပေးပါအုံးဗျ
Aung Myo Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from မောင်ချမ်းသာဦး
အားလုံး
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020