ငှက်ပျောဖျက်ပိုးများနှင့်ကာကွယ်နှိမ်နင်းနည်းများ
ငှက်ပျောနှာတံရှည်ကျိုင်း၊ ပင်စည်ထိုးကျိုင်း
ဖျက်ပိုးအများအပြားကျရောက်ပါက မပြန့်ကားသေးသော အရွက်သည်သေကာ၊ ပိုးကျနေသော သားတက်ငယ်များသည် ညှိုးလာပြီး ဆက်လက်မဖွံ့ဖြိုးတော့ပါ။ ပိုးအများအပြားကျရောက်သော ငှက်ပျောခြံများသည် ထုတ်လုပ်မှုနည်းလာခြင်း၊ ငှက်ပျောခိုင်များ ပုံမှန်ထက်သေးငယ်ခြင်း စသည်တို့ဖြစ်ပေါ်ကြောင်း တွေ့ရသည်။
ကျိုင်းများသည် ငှက်ပျောပင်ကြီး၏ ပင်စည်ထဲတွင် ၉ လအထိ အသက်ရှင်နေထိုင်နိုင်သည်။ ထို့ကြောင့် ငှက်ပျောခြံများတွင် ကျိုင်းများ အသက်ရှင်နေထိုင်နိုင်သော အပင်အပျက်အစီး အပိုင်းအစများ မရှိစေရန် သန့်ရှင်းရေး ပြုလုပ်ခြင်းသည် အမှန်တကယ်လိုအပ်သော ကာကွယ်နှိမ်နင်းနည်းဖြစ်သည်။ ငှက်ပျောခိုင်များခုတ်သိမ်းပြီးနောက် ငှက်ပျော ပင်စည်များကို မြေကြီးနားကပ်၍ ဖြတ်ပေးသင့်သည်။ စိုက်စနစ်မကောင်းပါက နှာတံရှည်ကျိုင်းများ ဖျက်စီးရန်အတွက် အခြေအနေကောင်းတစ်ခုဖြစ်စေပါသည်။ သားတက်များကို ပုံမှန်ဖြတ်ပေးခြင်း၊ ရေတက်များဖယ်ရှားပေးခြင်းနှင့် အင်းဆက်များခိုလှုံနိုင်သော အပင်၏ ဆွေးမြေ့ပျက်စီးနေသော အစိတ်အပိုင်းများ၊ အရွက်ခြောက်များကို အပင်ခြေ၌မရှိရန် ပြုလုပ်ခြင်းဖြင့် အင်းဆက်ဖျက်ပိုးကျရောက်မှုကို လျော့နည်းစေပါသည်။ ငှက်ပျောပင်စည်ရင်းပတ်လည်တွင် ပေါင်းရှင်းနေရန်နှင့် သန့်စင်သော စိုက်ပျိုးရေးကိရိယာများကို သုံးစွဲရန်အရေးကြီးပါသည်။
ဇီဝကာကွယ်နည်းအဖြစ် အကျိုးပြုကျိုင်းတစ်မျိုးဖြစ်သော Histerid beetle ဖြင့် ဤဖျက်ပိုးကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်ပါသည်။ ၎င်းအင်းဆက်၏ အကောင်ကြီးနှင့် ပိုးလောက်နှစ်မျိုးလုံးသည် ဖျက်ပိုးများကို အဓိကကာကွယ်နိုင်သော အကျိုးပြုကျိုင်းကောင်များဖြစ်ပါသည်။
ဓါတုဆေးအသုံးပြုမည်ဆိုပါက (၁)ဆေးထောင်ခြောက်ဖြင့် ကာကွယ်နည်း၊(၂)အပင်သစ်များကို ဆေးရည်တွင် နှစ်၍ကာကွယ်နည်း၊(၃) ဖျက်ပိုးကျနေသော အပင်များကို စိုက်ခင်းတွင် ဆေးဖြန်း၍ နှိမ်နင်းနည်း စသည့်နည်း (၃) နည်းဖြင့် ကာကွယ်နိုင်ပါသည်။
ငှက်ပျောပင်စည်ထိုးကျိုင်း
ဤဖျက်ပိုးသည် အကောင်ကြီးအနေဖြင့် ပြန့်ကားနေသော အရွက်နုများ၊ငှက်ပျောပင်စည် များကို ကိုက်ဖျက်စားစသောက်သည်။ထို့ပြင် အသီးနုများ၏ အခွံကို စားသောက်ခြင်းဖြင့် အသီးခွံပေါ်တွင် အမာရွတ်ဖြစ်ကာ ရောင်းပန်းမလှဖြစ်စေသည်။
စိုက်ပျိုးပြုစုရာ၌ သန့်ရှင်းစေခြင်း၊ အထူးသဖြင့် ကျိုင်းကောင်အများအပြား ရှိတတ်သော မြက်ပင်များကို စိုက်ခင်းမှရှင်းလင်းပေးခြင်းဖြင့် ပိုးသတ်ဆေးဖျန်းရန်မလိုအပ်ပဲ ဖျက်ပိုးအရေအတွက်ကို ထိန်းပေးနိုင်ပါသည်။
ဖားများ၊ အိမ်မြှောင်များ၊ ပင့်ကူများသည် ကျိုင်းလောက်ကောင် အများအပြားကို စားသောက်ခြင်းဖြင့် ၎င်း၏ဖျက်ပိုး အရေအတွက်ကို ကျဆင်းစေပါသည်။ ကျိုင်းကောင်များ၏ ဖျက်ဆီးမှုသည် စီးပွားရေးကို များစွာ ထိခိုက်မှုမရှိပါက ပိုးသတ်ဆေးများကို အသုံးမပြုသင့်ပါ။
ငှက်ပျောသံချေးလှေးပိုး
လှေးပိုးများသည် ငှက်ပျောခိုင်အတွင်း ဝင်ရောက်ကာ ပွင့်ဖတ်များ ငှက်ပျောဖီးမှကွာသည်နှင့် အသီးနုများ၏ အခွံပျော့များပေါ်တက်ရောက်၍ စားသောက်ဖျက်စီးကြသည်။ လှေးပိုးများကြောင့် ပျက်စီးမှုသည် အသီး၏အရသာပေါ် သိသာစွာထိခိုက်မှုတော့ မရှိပေ။
ဖျက်ပိုးသည် ဖျက်စီးခံရသော သားတက်များမှပျံ့နှံ့သဖြင့် စိုက်ခင်းသစ်တွင် ပိုးမွှားကင်းသော သားတက်များကိုသာ စိုက်ပျိုးပါ။ ပိုးသတ်ဆေးကို ပြွန်တန်ရှည် တစ်ခုအတွင်း သို့မဟုတ် ပြွန်အတွင်းရှိ ဝါဂွမ်းစတွင် ထည့်ပေးကာ သားတက်ကိုနှစ်၍ စိုက်ပျိုးနိုင်ပါသည်။
Ref: စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှထုတ်ဝေသော သီးနှံ့စိုက်ပျိုးနည်းစနစ်များ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026