ပဲသီးစားပိုး ဖျက်ဆီးပုံနှင့် ကာကွယ်နှိမ်နင်းနည်း
လက်ခံပင်သီးနှံများမှာ ပဲမျိုးစုံ၊ ဝါ၊ ခရမ်းချဉ်၊ ခရမ်း၊ ဆေးရွက်ကြီး၊ ရုံးပတီ၊ ပြောင်းဖူး၊ နှံစားပြောင်း၊ နှမ်း၊ ငရုတ် စသည့် အပင်မျိုးစုံတွင် ကျရောက် တတ်သည်။ အင်္ဂလိပ် အမည်မှာ Pod Borer/ Amercian Bollworm/ Cotton Bollworm/ Corn Bollworm or Old World (African) bollworm တို့ ဖြစ်သည်။ မျိုးစဉ် (Order) သိပ္ပံအမည် Heliocoverpa armigera ဖြစ်သည်။ မျိုးစဉ်မှာ Lepidoptera တွင် ပါဝင်ပြီး မျိုးရင်းအမည်မှာ Noctuidae ဖြစ်သည်။
ဖ်က္ဆီးပံုလကၡဏာမွာ အရွက်၊ အဖူး၊ အပွင့်၊ အသီးတို့ကို ပိုးလောက်ကောင် ဘဝတွင် ကိုက်ဖြတ်ဖျက်ဆီးသည်။ အရွက်များတွင် ဆန်ခါပေါက် ကျ၍ အရွက်ကြောများသာ ကျန်သည်အထိ ဖျက်ဆီး၍ အဖူး၊ အပွင့်၊ အသီးများ ပဲ့နေခြင်း၊ ပြတ်နေခြင်းတို့ကို တွေ့ရသည်။ ပိုးလောက်ကောင်၏ ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ် ထက်ဝက်ခန့်သည် အသီးတွင်းသို့ ဝင်ရောက် စားသောက်တတ်ပါသည်။ ကုလားပဲ သီးလုံးများကို ကိုက်ဖောက် ဝင်ရောက်၍ အတွင်း၌ ကုလားပဲစေ့အား စားသောက်နေသော ပိုးလောက်ကောင်ကို ခွေလျက်သား တွေ့ရှိနိုင်ပါသည်။ ပြောင်းဖူးဖက်များ ပဲ့နေခြင်း၊ ပေါက်နေခြင်းကို တွေ့ရပါက ဖက်ကိုခွာကြည့်လျှင် ပြောင်းဖူးစေ့များပေါ်၌ စား သောက်လျက်ရှိသော ပိုးလောက်ကောင်ကို တွေ့ရှိရပါသည်။ ပိုးလောက်ကောင်တို့ စွန့်ပစ်သော စိမ်းမဲရောင် ပိုးချေးများကို ဖျက်ဆီးခံရသော အပင်အစိတ်အပိုင်း အနီးတစ်ဝိုက်၌ ထင်ရှားစွာ တွေ့ရှိရပါသည်။
ဓာတ်ပုံ- ပြောင်းဖူးနှင့် ခရမ်းချဉ်သီးတွင် ဝင်ရောက် ဖျက်ဆီးနေသော လောက်ကောင် (alamy.com)
ဓာတ်ပုံ- ပြောင်းဖူးနှင့် ခရမ်းချဉ်သီးတွင် ဝင်ရောက် ဖျက်ဆီးနေသော လောက်ကောင် (alamy.com)
ဘဝစက်ဝန်း
ဖလံများသည် အညိုရောင်ရှိသည်။ ဖလံမသည် အဝါရောင်ဥများကို တစ်လုံးချင်း အရွက်နှင့် အပွင့်အဖူးတို့၏ မျက်နှာပြင်ပေါ်၌ အုချသည်။ ဖလံမ တစ်ကောင်သည် ဥပေါင်း (၁၀ဝဝ) အထိ ဥနိုင်သည်။ ပေါက်ခါနီးဥသည် အညိုရောင်သို့ ပြောင်းသွားသည်။ ဥမှပေါက်ခါစ လောက်ကောင်သည် အစိမ်းရောင်ရှိ၍ အရွယ်ကြီးသော် စိမ်းညိုရောင်ရှိသည်။ ပိုးလောက်ကောင်၏ ခန္ဓာ ကိုယ်ဘေးတစ်ဖက် တစ်ချက်စီတွင် အညိုဖျော့ရောင် အစင်း တန်းပါရှိသည်။ အစာဝသော ပိုးလောက်ကောင်များသည် အပင် ခြေသို့ဆင်း၍ မြေကြီးအတွင်း၌ ရုပ်ဖုံးပြုလုပ်ကြသည်။ ရုပ်ဖုံး၏ အရောင်မှာ တောက်ပြောင်သော နီညိုရောင်ရှိသည်။ ရုပ်ဖုံးမှ ထွက်လာသော ဖလံများသည် ညအချိန်၌ သာထွက်၍ မိတ်လိုက် ကြသည်။ ပိုးလောက်ကောင်များသည် နေ့အချိန်၌ အပင်ခြေ၌ ဖြစ်စေ၊ အရွက်၊ အဖူး၊ အပွင့်များကြား၌ဖြစ်စေ ပုန်းအောင်းနေ၍ ညနေပိုင်းအချိန်မှ နံနက်စောစော (၈) နာရီခန့်အထိ အပင် အစိတ်အပိုင်းတို့ကို ဖျက်ဆီးကြသည်။ ဥဘဝမှ ဖလံသက်တမ်း ကုန်သည်အထိရက်သတ္တ (၄-၅) ပတ်ခန့်ကြာသည်။ ဘဝစက်ဝန်းမှာ ဥဘဝတွင် (၄) ရက်၊ လောက်ကောင်ဘဝတွင် (၂- ၃) ပတ်၊ ရုပ်ဖုံးဘဝတွင် (၁) ပတ်၊ အကောင်ကြီး (ဖလံ) ဘဝတွင် (၁) ပတ် ကြာသည်။
ကာကွယ်နှိမ်နင်းနည်း
(၁) အပင်ပေါ်ရှိဥများ၊ ပိုးလောက်ကောင်များကို လက်နှင့် ကောက်ယူဖျက်ဆီးပါ။
(၂) မီးထောင်ချောက်ထွန်း၍ ဖလံများကို ဖမ်းယူဖျက်ဆီးပါ။
(၃) ပဲမျိုးစုံ သီးနှံအတွင်း ပြောင်းဖူးကို ထောင်ချောက်သီးနှံ အဖြစ် စိုက်ပျိုး၍ ပြောင်းဖူးပင်ပေါ်၌ ကျရောက်သော ပိုးလောက်ကောင်များကို ဖျက်ဆီးပစ်ပါ။
၄) ဖျက်ဆီးမှုလက္ခဏာတွေ့ရှိရသော အပေါက်အပဲ့ရှိသည့် အသီးတောင့်များကို ခူးယူဖျက်ဆီးပါ။
(၅) ပဲမျိုးစုံ စိုက်ပျိုးမည့်မြေကွက်အား ကြိုတင်ထယ်ထိုး၊ ထွန်မွှေ၍ မြေကြီးနှင့် ပေါင်းမြက်များတွင် ခိုအောင်းနေသော ရုပ်ဖုံးများနှင့် ပိုးလောက်ကောင်များကို ဖျက်ဆီးပစ်ပါ။
(၆) မြေပြင်ချိန်တွင် ဖျူရာဒန် ၃ ဂျီ (သို့) ဒိုင်ရာဇီနွန် ၁၀ ဂျီအား တစ်ဧကလျှင် (၃-၆) ကီလိုနှုန်း ထည့်ပေးပါ။ (၇) ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုး ပက်ဖျန်းပါ။ (ဥပမာ- အဆီဖိတ် (Acephate)/ အင်မီဒါကလိုပစ်(Imidacloprid)
(၈) လောက်ကောင်များသည် ညနေပိုင်းနှင့် နံနက်စောစော ပိုင်းတွင်စားသောက်ဖျက်ဆီးလေ့ရှိသဖြင့် ညနေပိုင်းနှင့် နံနက်စောစောအချိန်များတွင် ပိုးသတ်ဆေးပက်ဖျန်းပါ။
(၉) ဓာတုပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲပါက ဖျက်ပိုး၏ ပိုးသတ်ဆေး ခံနိုင်စွမ်းရည် ပိုမိုလာစေခြင်း၊ စိုက်ခင်း အတွင်းရှိ အကျိုးပြု မိတ်ဆွေပိုးများ သေစေခြင်းတို့ဖြစ်စေသဖြင့် တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီးဖျော်ရည် စသည်တို့ကိုအလှည့်ကျသုံးစွဲပါ။
မှတ်ချက်။ စိုက်ပျိုးရေး ဦးစီးဌာန(www.doa.gov.mm)၏ ခွင့်ပြုချက်ဖြင့် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020