အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခရမ်းချဥ်သီး ဖင်မဲပုပ်ခြင်းနှင့် ထိပ်ပုပ်ခြင်းရောဂါ (Blossom End Rot)

ခရမ်းချဥ်သီး ဖင်မဲပုပ်ခြင်းနှင့် ထိပ်ပုပ်ခြင်းရောဂါ (Blossom End Rot)

ဦးကြီးတို့ မင်္ဂလာပါဗျ။

    ခရမ်းချဥ်စိုက်ပျိုးရာတွင် အထွက်နှုန်းကို ထိခိုက်ရုံသာမက ခရမ်းချဥ်သီးအရည်အသွေးကို ထိခိုက်စေသော ခရမ်းချဥ်သီး ဖင်မဲပုပ်ခြင်းနှင့် ထိပ်ပုပ်ခြင်းရောဂါ လေ့လာကြရအောင်။

    ဖင်မဲပုပ်ခြင်းနှင့် ထိပ်ပုပ်ခြင်းက ခရမ်းချဥ်စိုက်ပျိုးရာတွင် အဓိကပြဿနာတစ်ခုဖြစ်ပါသည်။ ဖင်မဲပုပ်ခြင်းနှင့် ထိပ်ပုပ်ခြင်းသည် ရောဂါဟုဆိုသော်လည်း ရောဂါမဟုတ်ပါ။ ဖြစ်ရသောအကြောင်းအရင်းများမှာ-

    • အပင်အတွင်းတွင် ကယ်ဆီယမ် (Ca) အာဟာရဓာတ် မညီမျှခြင်း။ ကယ်ဆီယမ်ဓာတ် ချို့တဲ့လျှင်သော်လည်းကောင်း၊ ပေါများလွန်းလျှင်သော်လည်းကောင်း ဖင်မဲပုပ်ခြင်းနှင့် ထိပ်ပုပ်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အပင်များက ကယ်ဆီယမ်ကိုစုပ်ယူရာတွင် အဟန့်အတားများရှိပါသည်။ မြေကြီး၏ အစိုဓာတ်များလွန်းခြင်း၊ နည်းလွန်းခြင်း၊ ခရမ်းချဥ်အမြစ်များ ထိခိုက်ဒဏ်ရာရရှိခြင်း၊ မြေကြီး၏ ချဥ်ငံဓာတ် pH များလွန်းခြင်း နည်းလွန်းခြင်း၊ မြေကြီး၏အပူချိန် များလွန်းခြင်း နည်းလွန်းခြင်း စသည့်အချက်များသည် အပင်မှ ကယ်ဆီယမ်စုပ်ယူမှုကို ဟန့်တားနေပါသည်။

    • အပင်၏ အစောပိုင်းကာလများတွင် အပင်ကြီးထွားမှုမြန်လွန်းလျှင်လည်း ဖင်မဲပုပ်ခြင်းနှင့် ထိပ်ပုပ်ခြင်းများကို ဖြစ်စေနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အပင်များကြီးထွားရန်အတွက် ကယ်ဆီယမ်ဓာတ်များ လိုအပ်ပါသည်။ သို့သော်လည်း အမြစ်က အပင်လျှင်မြန်စွာ ကြီးထွားနေချိန် ကယ်ဆီယမ်ကို လုံလောက်စွာ မစုပ်ယူနိုင်သောကြောင့် ဖြစ်ပါသည်။ 

    • ခရမ်းချဥ်ပင် ကြီးထွားနေချိန် အစိုဓာတ်များလွန်းလျှင်လည်း ဖြစ်စေပါသည်။

    • ခရမ်းချဥ်အသီးတင်ချိန်တွင် အစိုဓာတ် လုံလောက်စွာမရလျှင်လည်း ဖြစ်စေပါသည်။

ဖင်မဲပုတ်ခြင်းနှင့် ထိပ်ပုတ်ခြင်းရောဂါ ဘယ်အချိန်မှာ စဖြစ်စေလဲ?

ခရမ်းချဥ်သီး ကြီးထွားမှုတစ်ဝက်ခန့်တွင် လက္ခဏာများစပြပါသည်။ ခရမ်းချဥ်သီး၏ ခေါင်း (သို့မဟုတ်) ဖင်တွင် ရေစိုနာကွက်လေးဖြစ်လာပါသည်။ ထို့နောက် ထိုအကွက်လေးသည် တဖြည်းဖြည်းကြီးထွားလာကာ အညိုရောင် (သို့မဟုတ်) အနက်ရောင်ပြောင်းသွားပါသည်။ နောက်ဆုံးတွင် ထိုရေစိုနာအကွက်သည် စတင်ပုပ်လာပြီး ဖင်မဲပုပ်ခြင်းနှင့် ထိပ်ပုပ်ခြင်းရောဂါ ဖြစ်လာပါသည်။ ရောဂါဖြစ်ပွားနေသော အသီးများကိုတွေ့လျှင် ချက်ချင်းခူးဆွတ်၍ လွှင့်ပစ်ရပါမည်။ ထိုရောဂါကို ငရုတ်၊ ဘူး၊ ဖရုံ၊ ဖရဲ၊ သခွား၊ ခရမ်းသီးစသော သီးနှံများတွင်လည်း တွေ့ရတတ်ပါသည်။

ကာကွယ်ရန် နည်းလမ်းများ

    • ခရမ်းချဥ်ပင်များ ကြီးထွားနေချိန် မြေကြီး၏အစိုဓာတ်ကို သင့်တင့်မျှတအောင် ထိန်းသိမ်းထားရပါမည်။ မြေကြီးများ ခြောက်သွေ့နေပါက ရေသွင်းပေးရပါမည်။ ရေသွင်းသောအခါတွင်လည်း အလွန်အကျွံမသွင်းသင့်ပါ။ မြေကြီး၏ အနက် ၆ လက်မ လောက်စိုရုံမျှသွင်းပေးရပါမည်။

    • ကယ်ဆီယမ်ဓာတ်ချို့တဲ့မှုမဖြစ်စေရန် ကယ်ဆီယမ်ဓာတ်ပါဝင်မှုများသော မြေသြဇာ များကျွေးပေးခြင်း

    • မြေကြီး၏ ချဥ်ငံဓာတ် (pH) ကို ၆.၅ နှင့် အနီးဆုံးဖြစ်အောင် ထိန်းသိမ်းထားရပါမည်။ 

    • နိုက်ထရိုဂျင်ပါဝင်မှုများသော မြေသြဇာများကို လျော့သုံးခြင်းနှင့် ဖော့စဖော့စ်ရပ်စ် ပါဝင်မှုများသော မြေသြဇာများကို အသုံးပြုပေးခြင်း

    • ရေငွေ့ပျံမှုကို လျော့ချပေးနိုင်ရန်နှင့် မြေကြီး၏ အစိုဓာတ်ကိုထိန်းနိုင်ရန် မြေကြီးကို ကောက်ရိုး၊ ပဲရိုး၊ နှမ်းရိုးစသော သီးနှံအကြွင်းအကျန်များနှင့် ဖုံးအုပ်ပေးခြင်း သို့မဟုတ် မြေကြီးကို ပလတ်စတစ်များဖုံးအုပ်၍ စိုက်ပျိုးပေးခြင်း(Mulching) 

    • ခံနိုင်ရည်ရှိသောမျိုးများကို အသုံးပြုပေးခြင်း။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

မောင်နေထက်မျိုး

မောင်နေထက်မျိုး

လွန်ခဲ့သော ၄ နှစ် က

ကုသနိုင်လား

ကိုချမ်း

ကိုချမ်း

လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။