အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နှမ်းရိုးမည်း ရောဂါ (Black Stem or Charcoal Rot)

နှမ်းရိုးမည်း ရောဂါ (Black Stem or Charcoal Rot)

ရောဂါ လက္ခဏာ

နှမ်းပင်၏ ပင်ခြေပိုင်း၌ အညိုရောင် အနာကွက်ငယ်များ စတင်ဖြစ်ပေါ်သည်။ ရောဂါ ပြင်းထန်ပါက ရောဂါရ အပိုင်းရှိ တစ်ရှုးသားများ ညိုမည်းလာပြီး အချို့မှာ အနာချိုင့် ဖြစ်လာသည်။ အခေါက်များလည်း ဖွာလန်၍ လာသည်။ ထို့ပြင် ယင်းတစ်ရှုးများပေါ်တွင် ခပ်မည်းမည်း အဖုကလေးများ ဖြစ်ပေါ်လျက်ရှိသည်။ ထိုအချိန်တွင် နှမ်းပင်ခြေရင်းပိုင်းမှာ လုံးဝ မဲနက်ပြီး ပင်ပေါ်ပိုင်းလည်း အဝါရောင်ပြောင်းကာ ညှိုးစပြုလာသည်။ နောက်ဆုံး တပင်လုံး မဲခြောက်၍ သေသွားသည်။ ရောဂါက နှမ်းရိုးကို ခွဲကြည့်ပါက မှိုမျှင်စုများ တွေ့နိုင်သည်။

ကူးစက် ပျံ့နှံ့ခြင်း

ရောဂါ ဖြစ်စေသောမှိုသည် မြေတွင်း၌ ကျန်ခဲ့သော အပင်ကြွင်းကျန်များပေါ်တွင် ခိုအောင်းနေလေ့ ရှိသည်။ နှမ်းပင်ဖြစ်လာချိန်တွင် မြေကြီး အစိုဓာတ် လွန်ကဲချိန်နှင့် ကြုံပါက ပင်ကျန်များပေါ်၌ ခိုနေသာ မှို၏ တိုက်ခိုက်မှုကို ခံရသည်။ ထို့ပြင် ရောဂါရ စိုက်ခင်းများမှ အခြား လယ်ယာသုံး ပစ္စည်းကိရိယာများနှင့် ကျွဲ၊ နွား တိရိစ္ဆာန်များ၏ ခြေထောက်များတွင် ကပ်ပါသော မြေကြီးမှုန်တို့မှ တဆင့် တစ်ကွက်မှ တစ်ကွက်သို့ ကူးစက်နိုင်သည်။ ဤရောဂါသည် အပူချိန် (၃၅-၃၉) ဒီဂရီ စင်တီဂရိတ်ရှိချိန်တွင် ရောဂါ ပြင်းထန်လေ့ ရှိသည်။

ကာကွယ်နှိမ်နင်းနည်းများ

  • စိုက်ခင်းရေ မဝပ်စေရန် ဆောင်ရွက်ပါ။
  • ကြားပေါင်းလိုက်ချိန်တွင် အပင်များ ထိခိုက်မှု မရှိစေရ။
  • သီးလှည့် စနစ်ဖြင့် စိုက်ပါ။ေ
  • ရာဂါရ ပင်ကြွင်း၊ ပင်ကျန်များကို မီးရှို့၍ လည်းကောင်း၊ မြေမြုပ်၍ဆွေးမြေ့စေရန် ဆောင်ရွက်ပါ။
  • ပုလဲမြေသြဇာ လွန်ကဲစွာ အသုံးပြုမှုကို ရှောင်ပါ။ ပိုတက် မြေသြဇာကို အချိုးကျ သုံးစွဲပါ။
  • မန်ကိုဇက်၊ ဘီနိုမို်င်း စသည့် ဆေးများကို အညွှန်းပါ အတိုင်း ပက်ဖျန်းပါ။ 

မှတ်ချက်။ စိုက်ပျိုးရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် နည်းပညာများအား ပြန်လည် မျှဝေပါသည်။ 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 0 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။