ကုလားပဲ ပင်ခြေပုပ်ရောဂါ (Collar Rot)
ရောဂါလက္ခဏာမှာ အပင်ငယ်စဉ်တွင် (စိုက်ပြီး ၆ ပတ်အထိ) အစိုဓာတ်များသောမြေတွင် တွေ့ရှိရပါသည်။ ရောဂါဖြစ်သော အပင်မှာ အဝါရောင်ရှိပြီး အပင်ငယ်ပါက မြေပေါ်သို့ လဲကျပြီး အပင်ကြီးပါက အပင်ထောင်လျက် ခြောက်နေသည်ကို တွေ့ရသည်။ ရောဂါ ဖြစ်စေသော သက်ရှိမှာ Sclerotium rolfsii ဖြစ်သည်။
အပင်ငယ်၌ ပင်ခြေမှစ၍ အမြစ်အောက်ဘက်သို့ ဆက်၍ ပုပ်သည်။ ပုပ်သော အပိုင်းတွင် အဖြူရောင် မှိုမျှင်များဖြင့် ဖုံးအုပ်နေသည်ကို တွေ့ရတတ်သည်။ ထိုကဲ့သို့ အဖြူရောင် မှိုမျှင်များသည် အပင်ခြောက်ပြီး နောက်ပိုင်းအထိ ရှိနေသည်။


ဓာတ်ပုံ- အပင်ခြေတွင် အဖြူရောင် မှိုမျှင်များဖြင့် ဖုံးအုပ်နေပုံ
အစိုဓာတ်များသောမြေတွင် ရောဂါရ အပင်ကို နှုတ်ကြည့်ပါက အပင်ခြေတွင် မှိုမျှင်ဖြူများနှင့် အတူ မုန်ညင်းစေ့ကဲ့သို့သော (စကလိုရှား) အလုံးငယ်များကိုတွေ့နိုင်သည်။ ထိုနည်းတူ မြေကြီးထဲတွင်လည်း တွေ့နိုင်ပါသည်။ စိုက်ခင်းထဲတွင် အပင်သေများသည် အကွက်ငယ်များ အဖြစ် ပြန့်ကြဲအခြေအနေမျိုး တွေ့နိုင်ပါသည်။
ရောဂါ သံသရာ
မြေတွင်း အစိုဓာတ်များခြင်း၊ မဆွေးမြေ့သေးသော ပင်ကြွင်းကျန်များ ရှိနေခြင်း၊ မြေချဉ်ငံဓာတ်နိမ့်ခြင်း၊ အပူချိန် (၂၈-၃၀) ဒီဂရီ စင်တီဂရိတ် ရှိခြင်းတို့သည် ရောဂါ ဖြစ်ပွားရန် အကောင်းဆုံး အခြေအနေ ဖြစ်ပါသည်။ အပူချိန် မြင့်သော ဒေသတွင် ရေသွင်း စိုက်ပျိုးရသော ကုလားပဲခင်း၌ အပင်အရွယ် မရွေး ရောဂါ ဖြစ်ပေါ်နိုင်ပါသည်။ စပါးအပြီး ကုလားပဲ သီးထပ် စိုက်ပျိုးသောဒေသတွင် ရောဂါ ပိုမို တွေ့ရှိနိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
- ရောဂါရ ပင်ကြွင်း၊ ပင်ကျန်များအား မီးရှို့ ဖျက်ဆီးပစ်ပါ။
- မြေအစိုဓာတ်များမှု မဖြစ်စေရန် ထိန်းသိမ်းပါ။
- (Azoxystrobin) အဇိုဇစ် စထရိုဘင်၊ (Tebuconazole) တက်ဗျူကိုနာဇိုး၊ (Benomyl) ဘီနိုမိုင်း၊ (Carbendazim) ကာဗင်ဒါဇင်၊ (Validamycin) ဗလစ်ဒါမိုက်စင် စသော မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် ပက်ဖျန်းနိုင်ပါသည်။
မှတ်ချက်။ စိုက်ပျိုးရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် (www.doa.gov.mm) မှ နည်းပညာများအား ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကုလားပဲပင်ခြေပုပ်ရောဂါ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020