အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရောဂါလေလား ပိုးလေလား

ရောဂါလေလား ပိုးလေလား

Green Way
Green Way • 08/12/2017

 

စဉ်

ဖျက်ပိုးကျရောက်မှုလက္ခဏာ

ရောဂါကျရောက်မှုလက္ခဏာ

၁။

သီးနှံပင်များကို ဖျက်ဆီးသောပိုးမွှားများကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။

သီးနှံပင်များတွင် ပိုးမွှားများ မမြင်ရပါ။

၂။

အပင်၏ အမြစ်၊ ပင်စည်၊အရွက်၊ အပွင့်၊ အသီးများကို ကိုက်ဖြတ်၊ခြစ်စား၊ စုပ်စားသည့် ဒဏ်ရာများကိုတွေ့ရမည်။

အပင်၏ အမြစ်၊ ပင်စည်၊အရွက်၊ အပွင့်၊ အသီးများပေါ်တွင် နက်ညို၊ မီးခိုးရောင်အကွက်အပြောက်များ တွေ့ရမည်။

၃။

သီးနှံပင်များပေါ်တွင် ကိုက်ဖြတ်ဝင်ထွက်သည့် အပေါက်များ၊ ကျစ်စာများ၊ မစင်လုံးများ တွေ့ရမည်။

သီးနှံပင်များပေါ်တွင် ကိုက်ဖြတ်ဝင်ထွက်သည့် အပေါက်များ၊ ကျစ်စာများ၊ မစင်လုံးများ မတွေ့ရပါ။

၄။

သီးနှံပင်၏ ပင်စည်ထဲဝင်ရောက်ကာ တစ်ပင်လုံးညှိုးခြောက်၊ အရွက်အခက် ပဲ့ကြေခြင်းကို တွေ့ရမည်။

ရောဂါရ အကွက်များဆက်စပ်သွားပါက အရွက်ဝါ၊မဲ၍ကြွေခြင်း၊ တစ်ပင်လုံးညှိုးခြင်း၊ အရည်ထွက်ခြင်း တွေ့ရမည်။

၅။

ပိုးဖျက်ဆီးမှုခံရသော စိုက်ခင်းအား ယူရီးယားဓါတ်မြေသြဇာထည့်ပါက အပင်များပြန်လည်ကြီးထွားရှင်သန်လာသည်။

ယူရီးယားဓါတ်မြေသြဇာထည့်ပါက အပင်များရောဂါပိုမိုဆိုးဝါးပြီး အပင်များသေဆုံးနိုင်သည်။

၆။

ပိုးမွှားမြင်တွေ့ပါက ပင်တွင်းစိမ့်ပြန့်အာနိသင်၊ထိသေ၊ စားသေအာနိသင်ရှိသောဆေးများဖြင့် ကာကွယ်နှိမ်နင်းရသည်။

*သတိပြုရန်မှာ ဓါတုဆေးဖြန်းပါက တောင်သူ့အကျိုးပြု မိတ်ဆွေပိုးများသေဆုံးနိုင်ပါသည်။

ရောဂါကာကွယ်ကုသဆေးများဖြင့် ပက်ဖြန်းရသည်။

တောင်သူအကျိုးပြုမိတ်ဆွေပိုးနှင့် ဖျက်ပိုးများအကြောင်း ကို သီးသန့်ဆွေးနွေးပေးပါမည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။