စပျစ်ခင်းထဲက ဒေါင်းနီးမှိုရောဂါ
ဦးကြီးတို့ မင်္ဂလာပါဗျ။ စပျစ်စိုက်ပျိုးသော တောင်သူဦးကြီးတို့ရေ ဦးကြီးတို့ရဲ့စပျစ်ခင်းထဲမှာ ဒေါင်းနီးမှို ရောဂါကျရောက်လျှင် စပျစ်အထွက်နှုန်းကို သိသာစွာကျဆင်းစေပြီး အရည်အသွေးညံ့သော စပျစ်သီးများကို သီးစေပါသည်။
ဒေါင်းနီးမှိုရောဂါ၏ လက္ခဏာများ


စပျစ်ခင်းများတွင် ဒေါင်းနီးမှိုရောဂါ ကျရောက်လျှင် လက္ခဏာများကို စပျစ်အရွက်များ၊ အညွှန့်လောင်းများ၊ စပျစ်အသီးနုများတွင် တွေ့ရပါသည်။ အရွက်များတွင် အဝါရောင်ဖျော့သွားပြီး အရွက်များအပေါ်တွင် ပုံသဏ္ဍာန်မမှန်သော အကွက်များတွေ့ရပါသည်။ ထို့အပြင် အရွက်များ၏အောက်မျက်နှာပြင်တွင် အဖြူရောင်မှိုများ တွေ့ရပါသည်။ စပျစ်သီး များတွင်လည်း အဖြူရောင်မှိုများ တွေ့ရပါသည်။ ထိုမှိုများကို အရွက်များ အဝါရောင် ပြောင်းမသွားခင်ကတည်းက တွေ့ရတတ်ပါသည်။ နောက်ပိုင်းတွင် အရွက်တစ်သျှူးများ တဖြည်းဖြည်းသေသွားပြီး ဆဲလ်သေကွက်များ ဖြစ်လာပါသည်။ ထို ဆဲလ်သေကွက်များသည် အညိုရောင်ရှိပြီး ပုံသဏ္ဍာန်မမှန်ပါ။ ထို့အပြင် အရွက်အောက်တွင်ရှိသော မှိုများသည်လည်း မီးခိုးရောင်ပြောင်းသွားပါသည်။
အရွက်၏ အပေါ်မျက်နှာပြင်တွင်ရှိသော ဆဲလ်သေကွက်များသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပြီး ဆဲလ်သေကွက်ကြီးများ ဖြစ်လာပါသည်။ ထို့အပြင် မှိုများကျရောက်နေ သော အရွက်အညွှန့်လောင်းလေးများသည်လည်း သိသိသာသာ တိုသွားပါသည်။ သို့သော် လည်း ရောဂါဖြစ်နေသောအရွက်များသည် အခြားအရွက်များထက် ထူနေပါသည်။ ထို့နောက် အညွှန့်လောင်းတစ်ခုလုံးကို အဖြူရောင်မှိုများနှင့် ဖုံးအုပ်မိသွားပါသည်။
ဒေါင်းနီးမှိုရောဂါကို Plasmopara viticola ဟုခေါ်သော မှိုတစ်မျိုးကြောင့် ဖြစ်စေပါသည်။ ထိုရောဂါကို မိုးရေများ၊ သွင်းရေများ၊ စပျစ်ခင်းတွင်အသုံးပြုသောပစ္စည်း ကိရိယာများ၊ လူများမှတစ်ဆင့်လည်း ကူးစက်နိုင်ပါသည်။ ထို့ကြောင့် မြေကြီးနှင့်နီးသော စပျစ်အရွက်များတွင် ရောက်ဂါကျရောက်မှုပိုများပါသည်။ အရွက်များမှတစ်ဆင့် အသီးများကိုပါ အဖြူရောင်မှိုများဖြင့် ဖုံးအုပ်သွားပါသည်။ ထို့ကြောင့် စပျစ်အထွက်နှုန်းကို ထိခိုက်ရုံ သာမက စပျစ်သီးအရည်အသွေးကိုပါ ကျဆင်းစေပါသည်။
စပျစ်ခင်းများတွင် ဒေါင်းနီးမှိုရောဂါကျရောက်လျှင် မည်ကဲ့သို့ ကာကွယ်မည်နည်း?
• အဓိကအရေးကြီးဆုံးအချက်သည် စတင်စိုက်ပျိုးကတည်းက ထိုရောဂါကို ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်အသုံးပြုရပါမည်။
• လေဝင်လေထွက်ကောင်းစေရန် သင့်တော်သော ပင်ကြားတန်းကြားထား၍ စိုက်ပျိုးရပါမည်။
• ထို့အပြင် လေဝင်လေထွက်ကောင်းစေရန် ကိုင်းချိုင်ခြင်းများလည်း ပြုလုပ်ပေးရပါမည်။
• ရောဂါဖြစ်နေသော သစ်ရွက်များ၊ အသီးများကို ဖယ်ရှားပေးရပါမည်။
• ရောဂါတွေ့တွေ့ချင်း မှိုသတ်ဆေးဖျန်းနိုင်လျှင် နောက်ထွက်လာသော အရွက်များတွင် ရောဂါကျရောက်မှု နည်းစေပါသည်။
• ထိုရောဂါကျရောက်လျှင် ဘော်ဒိုဆေးရည် (Bordeaux mixture) (သို့မဟုတ်) ကော့ပါးဆေး တစ်မျိုးမျိုးကို ဖျန်းနိုင်ပါသည်။
• ထို့အပြင် ကပ်တန် (Captan) နှင့် အော်သိုဆိုဒ် (Orthocide) သည် Bordeaux mixture ထက် ရောက်ဂါကို ပိုကာကွယ်နိုင်ကြောင်းတွေ့ရပါသည်။
• ထို့အပြင် ဒါကိုနေး Daconil, မန်ကိုဇက် Mancozeb, ဘီနိုမိုင်း Benomyl, ဖော်တာဇက်ဘ် Fortazeb စသည့်တို့ကိုလည်း အသုံးပြုနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from မောင်ချမ်းသာဦး
အားလုံး
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020