မြေပဲသံချေးရောဂါအကြောင်း တစေ့တစောင်း
မြေပဲအထွက်နှုန်းကို ထိိခိုက်စေသော အကြောင်းအရာများ အနက် မြေပဲသံချေးရောဂါသည်လည်း တစ်စိတ်တစ်ပိုင်းပါဝင်လျက်ရှိပါသည်။ ခံနိုင်ရည်မဲ့သော မျိုးများတွင် ၎င်းရောဂါကြောင့် အထွက်နှုန်း ၅၀% ထိ လျော့ကျ နိုင်ပါတယ်။
မြေပဲသံချေးရောဂါကိုဖြစ်ပေါ်စေသော သက်ရှိမှာ Puccina arachidis ဖြစ်ပါတယ်။ ရောဂါဖြစ်စေသော သက်ရှိ(မှို)သည် စပိုးများထုတ်လုပ်ပြီး ၎င်းစပိုးများသည် လေမှတစ်ဆင့် ကူးစက်ပျံ့နံ့နိုင်သည်။ ထို့အပြင် မိုးရေပေါက်များ၊ အင်းဆက်များမှ တစ်ဆင့်လည်း စိုက်ခင်းအတွင်းရှိ တစ်ပင်မှ တစ်ပင် ကူးစက်နိုင်သည်။ မြေပဲစိုက်ရာသီ တစ်ရာသီမှ နောက်တစ်ရာသီသို့ အလေ့ကျပေါက်သော မြေပဲပင်များမှ တစ်ဆင့် ပျံနှံ့ကူးစက်နိုင်သဖြင့် အလေ့ကျပင်များကို ရှင်းလင်းပစ်သင့်ပါသည်။ အပူချိန် ၂၀ဒီဂရီ စင်တီဂရိတ် နှင့် စိုထိုင်းဆများသော အခြေအနေတွင် ရောဂါပိုမိုဆိုးရွားလေ့ရှိပါတယ်။
မြေပဲ သံချေးရောဂါ ကျရောက်လျှင် အရွက်၏ အောက်ဖက်မျက်နှာပြင်များတွင် လိမ္မော်ရောင် အဖုလေးများကို စတင်တွေ့ရှိရမည်ဖြစ်ပါသည်။ ထို့နောက် ရင့်လာသည့်အခါ ကွဲထွက်သွားပြီး နီညိုရောင်စပိုး(urediospore)များ ထွက်ပေါ်လာပါမည်။ ၎င်းနောက်တွင် အရွက်၏ အပေါ်ဖက်မျက်နှာပြင်များ အထိ ပျံနှံ့သွားမည်ဖြစ်ပါသည်။ သံချေးဖုများသည် အများအားဖြင့် လုံးဝန်းသော ပုံသဏ္ဍန် ရှိပြီး အချင်း ၀.၄ -၀.၅မီလီမီတာ ခန့်အထိရှိကြပါသည်။မြေပဲပင်၏ စွယ် နှင့် အပွင့်များမှလွဲ၍ အပင်အပေါ်ပိုင်း အစိတ်အပိုင်းများအားလုံးတွင် ကျရောက်နိုင်ပါတယ်။ မြေပဲရွက်ပြောက်ရောဂါကျလျှင် အရွက်ကြွေခြင်းဖြစ်ပေါ်နိုင်သော်လည်း သံချေးရောဂါ ကျရောက်လျှင်အရွက်များ ဆဲလ်သေ၍ ညှိုးခြောက်သွားကာ အပင်တွင် တွယ်ကပ်နေလေ့ရှိသည်။
ကာကွယ်နှိမ်နင်းခြင်း
- ခံနိုင်ရည်ရှိသောမျိုးကို ရွေးချယ် စိုက်ပျိုးပါ။
- သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးခြင်းကို ရှောင်ကြည်ပါ။
- ထပ်မံမကူးစက်နိုင်စေရန် ရောဂါရ အပင်များကို အမြစ်ပြတ် သုတ်သင်ပစ်ပါ။
-စိုက်ခင်းအတွင်းရှိ ပေါင်း၊ မြက်များ နှင့် အလေ့ ကျပေါက်သော မြေပဲပင် များကို ရှင်းလင်းပစ်ပါ။
- ဓာတုမှိုသတ်ဆေးများဖြစ်သော ကလိုရိုသာလိုနေးလ်၊ မန်ကိုဇက်၊ ပရိုပီကိုနာဇိုးလ် ၊ဟက်ဇာကိုနာဇိုးလ် စသည့် ဆေးများကို အသုံးပြုနှိမ်နင်းပါတယ် ခင်ဗျာ။
ကျမ်းကိုး
PTY-321 Crop diseases & control 2
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မြေပဲသံချေးရောဂါ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
MG Oo
လွန်ခဲ့သော ၅ နှစ် ကမန်ကိုဇက်ဖျန်းတာကောင်းတယ်
Si Thu Hein
လွန်ခဲ့သော ၆ နှစ် ကမြေပဲခင်းပုံကို ဓာတ်ပုံရိုက်၊ post တင်ပြီး ဆွေးနွေးမေးမြန်းပေးပါခင်ဗျ
အောင်ငွေထွန်း
လွန်ခဲ့သော ၆ နှစ် ကမြေပဲတေဝါတေတယ်ပန်းပွင့်ပီဘာဆေးအဆင်ပြေလဲ
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Nyi Nyi Aung • ဖြေကြားချက် 2 ခု
မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
ကျွန်တော်ပဲတီိစိမ်းအခင်းအပင်တွေညိုးသေနေပါတယ်မြေကြီးကလည်းအလွန်စိုနေပါတယ်ပဲပင်ဆက်မသေအောင်ဘယ်လိုကာကွယ်ကုသရမလဲဆရာ
လက်တွေ့တောင်သူ • ဖြေကြားချက် 1 ခု
ဆင်းသုခစပါးအရွက်တွေအဝါရောင်ဖြစ်နေလို့ပြန်ကောင်းအောင်ဘယ်လိုလုပ်ရမလဲ
Hein Hein Htet • ဖြေကြားချက် 1 ခု
သီးလုံးဖောက်ပိုးနဲ့ ပွင့်ထွေးပိုးကတစ်မျိုးတည်းလား ဘယ်လိုကွာလဲ ဆရာ
Saw Samson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from Si Thu Hein
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....