အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ခင်းထဲကပေါင်းမြက်အတွက် အိမ်လုပ်ပေါင်းသတ်ဆေးလုပ်နည်း (၅) နည်း

စိုက်ခင်းထဲကပေါင်းမြက်အတွက် အိမ်လုပ်ပေါင်းသတ်ဆေးလုပ်နည်း (၅) နည်း

အိမ်လုပ်ပေါင်းသတ်ဆေးလုပ်နည်းအသုံးပြုပြီးနောက်ဆက်တွဲဆိုးကျိုးတွေလျှော့ချကြရအောင်

ဥယျာဉ်ခြံနဲ့စိုက်ခင်းတွေမှာ မဖိတ်ခေါ်ဘဲရောက်လာတတ်တဲ့ပေါင်းမြတ်တွေကြောင့် ဉီးကြီးတို့ စိတ်ညစ်နေကြရတယ်မဟုတ်လား? ဓာတုဆေးလည်းမသုံးလိုတာကြောင့် လူတွေနဲ့ပေါင်းနှုတ် (မြက်ပေါက်) တာတွေလုပ်ကြတဲ့အခါ အချိန်ကုန်လူပင်ပန်းစေတာအမှန်ပါဘဲ။ ဓာတုဆေးတွေအသုံးပြုမိရင်လည်း သောက်သုံးရေနဲ့မြေအောက်ရေကိုညစ်ညမ်းစေတဲ့အတွက် ကြာရှည်သုံးစွဲဖို့မသင့်တော်ပါဘူး။ပတ်ဝန်းကျင်ကိုထိန်းသိမ်းလိုပြီး သဟဇာတဖြစ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ပေါင်းပင်တွေကိုဆွဲနှုတ်အမြစ်တွေကိုတူးဖော်ပြီး နေပူထဲမှာအခြောက်လှမ်းထားပြီး ရလာတဲ့မြက်ခြောက်တွေကို မြေဆွေးအနေနဲ့ပြန်အသုံးနိုင်သည်သာမက မြေငွေ့ထိန်းပေးခြင်းလုပ်ငန်း(mulching) အနေနဲ့ပြန်အသုံးပြုလို့ရပါတယ်ဆိုပေမဲ့ အချိန်၊ လူအင်အား၊ ငွေအင်အား များစွာအသုံးပြုရတဲ့အတွက် ရေရှည်အဆင်မပြေကြတော့ဘဲ မြေဆီလွှာသာမက လူပါအန္တရာယ်ရှိစေတဲ့ လက်လှမ်းမှီရာဓာတုပိုးသတ်ဆေးကို အဆင်သင့်ဝယ်သုံးခဲ့ကြတာ ဆယ်စုနှစ်တစ်ခုစာမကရှိခဲ့ကြပြီမဟုတ်ပါလား။ ဒီဆောင်းပါးမှာတော့ဓာတုပေါင်းသတ်ဆေးမသုံးချင်ကြတဲ့ဦးကြီးတို့အတွက် အလွယ်တကူအိမ်မှာပြုလုပ်လို့ရတဲ့ ပေါင်းသတ်ဆေးလုပ်နည်းလေးဖော်ပြပေးလိုက်ရပါတယ်။

(၁) ရေနွေးပူလောင်းချခြင်း

ပတ်ဝန်းကျင်နဲ့လူကိုအန္တရာယ်ဖြစ်စေမှုအနည်းဆုံးနဲ့ ပြင်ဆင်ရတာအလွယ်ဆုံးနည်းလမ်းပါ။ ရိုးရိုးရှင်းရှင်းပါဘဲ မီးဖိုပေါ်ရေနွေးအိုးတည်ပြီး ပေါင်းမြက်ရဲ့အရွက်နဲ့ပင်စည်အပေါ်လောင်းချလိုက်ပြီး သတ်လိုက်နိုင်ပါတယ်။ ဤနည်းကဘေးထွက်ဆိုးကျိုးမရှိတဲ့အတွက် ပေါင်းပင်များမရှိဘဲ ပြန်လည်စိုက်ပျိုးလိုတဲ့ကြီးမားသောဧရိယာမှာ မည်သည့်အကြွင်းအကျန်မှမရှိလိုတဲ့အခါမှာ အသုံးပြုလို့ရပါတယ်။

(၂) ဆားအသုံးပြု၍ပေါင်းသတ်နည်း

စားပွဲတင်ဆား (ဆိုဒီယမ်ကလိုရိုက်) ကပေါင်းပင်တွေသေဖို့အတွက်ထိရောက်ပါတယ်။ ဆားရည်ကမြေဆီလွှာကိုကျတဲ့အခါပျက်စီးစေတဲ့အတွက် ပေါင်းရွက်သာတိုက်ရိုက်ဖျန်းသင့်ပါတယ်။

  ဆားရည်စပရေးလုပ်နည်း

ဆား၁ဆနဲ့ ရေ၈ဆကိုဖျော်ပြီး ဆပ်ပြာရည်ပမာဏအနည်းငယ်နဲ့အတူ စပရေးဘူးထဲထည့်ပြီးဖျန်းရုံပါ။ ဒီနည်းလမ်းက လိုအပ်ပါကခဏခဏတော့ဖြန်းပေးရပါတယ်။

(၃) ရှာလကာရည်အသုံးပြု၍ပေါင်းသတ်နည်း

ရှာလကာရည်ကိုအသုံးပြုပြီးလည်း ပေါင်းပင်တွေကိုအလွယ်တကူသတ်နိုင်ပါတယ်။ ကုန်စုံဆိုင်တွေမှာရောင်းတဲ့ အက်စီတစ်အက်ဆစ် (၅ရာခိုင်နှုန်း) ပါဝင်သောရှာလကာရည်ကို အသုံးပြုလို့ရသလို အာနိသင်ပိုမိုထိရောက်လိုပါက ဆပ်ပြာရည်ပမာဏအနည်းငယ်ထပ်ထည့်၍လည်း အသုံးပြုနိုင်ပါတယ်။ စိုက်ပျိုးရေးဆေးဆိုင်တွေမှာရောင်းတဲ့ industrial strength version (၂၀ ရာခိုင်နှုန်း)ပါဝင်တဲ့ရှာလကာရည်ကို အသုံးပြုတဲ့အခါ မျက်လုံးနဲ့ အရေပြားကိုထိခိုက်နိုင်တဲ့အတွက် အကာအကွယ်လက်အိတ်များကိုဝတ်ဆင်သင့်ပါတယ်။

(၄) ဆားနဲ့ရှာလကာရည်ပေါင်း၍ဖြန်းနည်း

ဆား၁ခွက်နဲ့ရှာလကာရည်၁ဂါလံကိုရောပြီး ပေါင်းပင်များကိုဖြန်းနိုင်သလို ဆပ်ပြာရည်ကိုထပ်ထည့်ဖျန်းခြင်းက ပေါင်းပင်တွေလျင်လျင်မြန်မြန်မြန်ထိရောက်စေဖို့အတွက် အကျိုးပြုပါတယ်။

(၅) လက်ချားအသုံးပြု၍ပေါင်းသတ်နည်း

လက်ချားအမှုန့်၁၀အောင်စကို ရေ၂.၅ဂါလံထဲရောမွှေပြီး ခြံထဲရှိမလိုအပ်တဲ့ပေါင်းမြက်တွေကိုဖြန်းရန် အသုံးပြုနိုင်ပါတယ်။ မြေဆီလွှာနဲ့အသားရေကိုမထိတွေ့အောင် အတတ်နိုင်ဆုံးရှောင်ဖြန်းပြီးတော့ ပေါင်းရွက်တွေကို သာအဓိကဖျန်းပေးဖို့တော့လိုအပ်ပါတယ်။

ကဲ..ဒီနည်းလမ်းလေးတွေက ဉီးကြီးတို့နဲ့လက်လှမ်းမှီတဲ့ပစ္စည်းလေးတွေကိုအသုံးပြုပြီး ပေါင်းမြက်တွေကို အလွယ်တကူရှင်းဖို့လွယ်ကူတဲ့ နည်းလမ်းလေးဘဲဖြစ်တယ်ဆိုတော့ ပေါင်းထူလို့စိတ်ညစ်ရတဲ့ဒုက္ခကနေကင်းဝေးပြီပေါ့ရှင်။

Reference: https://www.treehugger.com/homemade-herbicide-kill-weeds-without-killing-earth-4858812

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

3
kyaw

kyaw

လွန်ခဲ့သော ၄ နှစ် က

တကယ်

ဆုမြတ်နိုး

ဆုမြတ်နိုး

လွန်ခဲ့သော ၄ နှစ် က

သေပြီးခြောက်နေတဲ့ပေါင်းတွေကိုရှင်းလင်းပြီး ၁ပတ်အကြာလောက်ဆိုပြန်စိုက်ပျိုးလို့ရတယ်ရှင့်

Zin Zin Ko

Zin Zin Ko

လွန်ခဲ့သော ၄ နှစ် က

အမရှင့် ​ပေါင်းသတ်ပြီးရင်​ အသီးအနှံ​တွေပြန်စိုက်ပျိုးလိုရလားရှင့်

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။