အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပဲတီစိမ်းတွင် ကျရောက်တတ်သော ပဲတောင့်ထိုးပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

ပဲတီစိမ်းတွင် ကျရောက်တတ်သော ပဲတောင့်ထိုးပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

ဖျက်ဆီးပုံလက္ခဏာများ

    • အစောပိုင်းအဆင့်များတွင် အရွက်များကို ကြွေစေသည်။

    • လောက်ကောင်၏ဦးခေါင်းသာ အသီးများ၏အတွင်းပိုင်းကို ထိုးဖောက်ပြီး ကျန်ရှိသည့် ကိုယ်ခန္ဓာအပိုင်းသည် အပြင်ဖက်သို့ထွက်နေသည်။

    • ဖျက်ဆီးခံရသောပဲသီးမှဒဏ်ရာများသည် လုံးဝန်းသောအပေါက်များဖြစ်ကြသည်။ 

ဖျက်ပိုး၏ဝိသေသလက္ခဏာ

    • လောက်ကောင် - ကိုယ်ခန္ဓာမှာ မီးခိုးဖြူရောင်ရှိပြီး အညိုရောင် ဦးခေါင်းပါရှိသည်။ အဆစ်အသီးသီး၏ ကျောဖက်တွင် အနက်ရောင်အဆက်ပါရှိသော အစုံနှစ်စုံရှိသည်။ 

    • အရွယ်ရောက်ကောင် -  ရှေ့တောင်ပံသည် အဖြူရောင်အမှတ်အသားများနှင့်အတူ ညိုနုရောင်ရှိသည်။ နောက်တောင်ပံသည် အရှည်လိုက်အစွန်းပိုင်းတွင် အညိုရောင်အမှတ်အသားများပါရှိပြီး အဖြူရောင်ရှိသည်။ 

ကာကွယ်နှိမ်နင်းခြင်း

    • အပင်တစ်ပင်လျှင် သုံးကောင်တွေ့ရှိရပါက စီးပွားရေးထိခိုက်နိုင်သောအဆင့်ဖြစ်သည်။ 

    • အညွန့်၊ အဖူးဝင်ချိန်ကတည်းက အောက်ပါပိုးသတ်ဆေး တစ်မျိုုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။ 

    • ကလိုပိုင်ရီဖော့စ် (Chlorpyrifos)

    • လန်ဘ်ဒါဆိုင်ဟာလိုသရင် (Lambda cyhalothrin)

    • အင်မီဒါကလိုပရစ်ဒ် (Imidacloprid)

    • အဆီဖိတ် (Acephate)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏ စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

ဟုတ်ဆရာ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။