စပါးကြမ်းပိုးနက်ကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
ဖျက်ဆီးပုံလက္ခဏာများ
စပါးကြမ်းပိုးနက်တွေဟာ စပါးပင်ရဲ့ သစ်ရည်ကို စုပ်ယူကြတာကြောင့် စပါးရွက် အညိုရောင်ပြောင်းတာ၊ အူပုပ်တာနဲ့ ကြမ်းပိုးကြောင့် စပါးပင်မီးလောင်ကျွမ်းတဲ့ လက္ခဏာကို ဖြစ်စေပါတယ်။ ၄င်းတို့ရဲ့ ဖျက်ဆီးမှုဟာ စပါးပင်တွေကို ပုစေတာ၊ ပင်ပွားအရေအတွက် လျော့နည်းစေတာနဲ့ နှံဖြူဖြစ်ပေါ်စေတာတို့ကိုလည်း ဖြစ်စေပါတယ်။ 
ဆိုးဝါးစွာ ဖျက်ဆီးခံရရင် စပါးကြမ်းပိုးနက်တွေဟာ စပါးပင်ကို အားနည်းစေကာ စပါးစေ့ ထုတ်လုပ်မှုကို အတားအဆီးဖြစ်စေပါတယ်။
ဒီအင်းဆက်ကို မိုးရေသောက်နဲ့ ဆည်ရေသောက်စပါးခင်းတွေမှာ အတွေ့ရများပါတယ်။ ၄င်းတို့ဟာ ဆည်ရေသောက်စပါး ဆက်တိုက်ဆိုက်တဲ့ဧရိယာနဲ့ ရေထုတ်ညံ့တဲ့ စပါးခင်းတွေကို ပိုမိုနှစ်သက်ပါတယ်။ ခြောက်သွေ့ရာသီစပါးနဲ့ သိပ်သည်းစွာစိုက်ထားတဲ့ စပါးခင်းတွေမှာ ဖျက်ဆီးမှုကို ပိုပြီး မကြာခဏတွေ့ရပါတယ်။
စပါးကြမ်းပိုးတွေဟာ လဆန်းစက်ဝန်းက လွှမ်းမိုးပါတယ်။ လပြည့်ညတွေမှာဆို အရွယ်ရောက်ကောင်တွေဟာ အလင်းရောင်ရှိရာကို အစုလိုက်သွားကြပါတယ်။ စပါးစိုက်ချိန်မညီတာနဲ့ နိုက်ထရိုဂျင်ဓါတ် အလွန်အကျွံသုံးစွဲတာကလည်း ဒီဖျက်ပိုးပွားများမှုကို အားပေးပါတယ်။ စပါးမစိုက်တဲ့ကာလအတောအတွင်းမှာ တစ်ဆင့်ခံလက်ခံပင် ရှိတာဟာလည်း ဒီဖျက်ပိုးအရေအတွက် တိုးစေပါတယ်။
အမျိုးအစားခွဲခြားခြင်း
• စပါးရွက် အရောင်ပြောင်းမပြောင်း စစ်ဆေးပါ။ စပါးကြမ်းပိုးနက်တွေရဲ့ ဖျက်ဆီးမှုဟာ စပါးပင်ကို နိညိုရောင် ဒါမှမဟုတ် အဝါရောင်ကို ဖြစ်စေပါတယ်။ စပါးရွက်တွေမှာလည်း အဝါရောင်ဒဏ်ရာတွေရှိပါတယ်။
• စပါးပင်ပွားအရေအတွက် လျော့မလျော့ စစ်ဆေးပါ။ စပါးကြမ်းပိုးရဲ့ မီးလောင်ကျွမ်းတဲ့ပုံစံကြောင့် မမြင်သာသောပျားရည်ချိုး ဒါမှမဟုတ် ကြပ်ခိုးမှိုတို့နဲ့အတူ စပါးပင်ပွားတွေကို ညှိုးနွမ်းစေပါတယ်။
• စပါးပင်တွေလည်း ပုသွားကြပြီး စပါးနှံတိုသွားကာ မပြည်မစုံထွက်လာတဲ့ စပါးနှံတွေ နဲ့ အနှံသန္ဓေတည်တဲ့အဆင့်မှာ အဆံမပြည့်တဲ့ နှံပွားတွေ ဒါမှမဟုတ် နှံဖြူတာတွေကို ဖြစ်စေပါတယ်။
• အူပုပ်ရှိမရှိ စစ်ဆေးပါ။
အူပုပ်တာဟာ စပါးဆစ်ပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စပါးကြမ်းပိုးနက် ဖျက်ဆီးမှုဟုတ်မဟုတ် အတည်ပြုဖို့ ဖျက်ဆီးခံထားရတဲ့ စပါးပင်တွေကို ပင်ခြေကနေ နုတ်ကြည့်ပါက နုတ်မရပါ။
ဆိုးဝါးစွာ ကျရောက်ဖျက်ဆီးပါက အနှံအောင်တဲ့အဆင့် ဒါမှမဟုတ် ရင့်မှည့်တဲ့အဆင့်မှာ စပါးကြမ်းပိုးနက်ကြောင့် စပါးပင်လောင်ကျွမ်းတာကို တွေ့မြင်ရလေ့ရှိပါတယ်။.
စီးပွားရေးအရ အရေးပါပုံ
စပါးကြမ်းပိုးနက်ဟာ ပျိုးပင်အဆင့်ကနေ ရင့်မှည့်တဲ့အဆင့်အထိ စပါးပင်ကို စားသောက်ကြပါတယ်။ စပါးပင်မြုံတစ်မြုံက စပါးကြမ်းပိုးနက် (၁၀) ကောင်ဟာ အချို့စပါးမျိုးတွေမှာ အထွက် ၃၅% အထိ ဆုံးရှုံးစေနိုင်ပါတယ်။
ကာကွယ်နှိမ်နင်းခြင်း
ကြိုတင်ကာကွယ်ခြင်း
• စပါးကြမ်းပိုးနက်ခံနိုင်ရည်ရှိတဲ့ စပါးမျိုးတွေကို စိုက်ပါ။ ဝယ်ယူရရှိနိုင်တဲ့ ခေတ်မီစပါးမျိုးများကို နီးစပ်ရာဒေသတွင်း စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဆက်သွယ်ပါ။
• စပါးခင်းထဲက ပေါင်းမြက်တွေကိုရှင်းပြီး ထယ်ထိုးပြီးပါက စပါးခင်းကို အခြောက်ခံထားပါ။
• ဒီအင်းဆက်ရဲ့ ဘဝစက်ဝန်းကိုဖျက်ဖို့ ရင့်မှည့်ချိန်တူညီတဲ့ စပါးမျိုးတွေကို စိုက်ပါ။
• ဥအုတဲ့ အရွယ်ရောက်ကောင်တွေအတွက် မာကျူရီမီးလုံးတွေ အသုံးပြုတာကို လမပြည့်မီ (၅) ရက်အလိုနဲ့ လပြည့်ပြီး (၅) ရက်နောက်ပိုင်းမှာ ပြုလုပ်ပါ။
• ဒီဖျက်ပိုးရဲ့ ဥတွေကို ကပ်ပါးပြုတဲ့ နဂျီငယ်တွေ၊ ဥ၊ အကောင်ငယ်နဲ့ အကောင်ကြီးတွေကို တိုက်ခိုက်တဲ့ မြေကြီးကျိုင်းတွေ၊ ပင့်ကူတွေ၊ ပုရစ်တွေနဲ့ ပုရွက်ဆိတ်နီတွေ၊ ဥ၊ အကောင်ငယ်တွေကို စားတဲ့ လိပ်ခုံးကျိုင်းတွေ၊ ဘဲတွေ၊ ဖားတွေနဲ့ အကောင်ငယ်နှင့် အကောင်ကြီးတွေကိုတိုက်ခိုက်တဲ့ မှိုရောဂါမျိုးစိတ်တွေလို ဇီဝထိန်းချုပ်ပိုးမွှားတွေကို ထိန်းသိမ်းပါ။
နှိမ်နင်းခြင်း
• အစောပိုင်း ကျရောက်ဖျက်ဆီးမှုအတောအတွင်း ဒီအင်းဆက်တွေကို စပါးပင်အပေါ်ဖက်ကို ရွေ့သွားစေဖို့ စပါးခင်းကို ၂ ရက် − ၃ ရက် ခန့် ရေအမြင့်ကို မြှင့်ပေးပါ။
• ဥတွေကိုသေစေဖို့ စပါးခင်းကို ရေလွှမ်းပါ။
• စပါးရိတ်ပြီး စပါးခင်းထဲမှာ ကျန်နေသေးတဲ့ စပါးကြမ်းပိုးနက်တွေကို ဖယ်ရှားဖို့ စပါးခင်းကို ထယ်ထိုးပါ။
• အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/ အိတ်ပါအညွှန်းစာအတိုင်း အသုံးပြုပါ။
◦ အဆီဖိတ် (Acephate)
◦ အင်မီဒါကလိုပရစ်ဒ် (Imidacloprid)
◦ ဒိုင်မီသိုအိတ် (Dimethoate)
ဒေါက်တာကိုကို
ဒေါက်တာကိုကို၏ စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020