၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။ အာဖရိကဦးချိုဒေသမှ အိန္ဒိယ - ပါကစ္စတန် နယ်စပ်သို့ ကန္တာရနှံကောင် အုပ်စုလိုက် ကျူးကျော်ဝင်ရောက်နိုင်မှုအန္တရာယ် တိုးလာလျက်ရှိနေ
အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းကာ ဆိုမာလီယာနိုင်ငံ အရှေ့မြောက်ဖက်မှ အိန္ဒိယ - ပါကစ္စတန်နယ်စပ်နှစ်ဖက် စလုံးတစ်လျှောက် နွေရာသီသားပေါက်ဧရိယာများသို့ ကန္တာရနှံကောင်များ ကျူးကျော်ဝင်ရောက်လာခြင်းသည် ပြတ်တောင်းပြတ်တောင်း ဖြစ်နိုင်သည်ဟု မြောက်ပိုင်းဆိုမာလီယာနိုင်ငံမှ နောက်ထပ် အရှေ့ဖက်သို့ ကန္တာရနှံကောင် အုပ်စုလိုက် ပျံသန်းခြင်း ဆိုတဲ့အစီရင်ခံစာအသစ်က အကြံပြုထားပါတယ်။ လာမည့်သီတင်းပတ်များတွင် ဆိုမာလီယာနိုင်ငံမြောက်ပိုင်းတွင် ကန္တာရနှံကောင်အုပ်များ ပိုမိုဖြစ်လာရန် အလားအလာရှိပါသည်။ အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့ကို အစီအစဉ်တကျ သတိပေးပြီးဖြစ်ကာ ၄င်းတို့က ကြိုတင်ပြင်ဆင်ရေးလုပ်ဆောင်ချက်များကို ဆက်လက်ဆောင်ရွက်နေပါသည်။ ကျူးကျော်ဝင်ရောက်စဉ်အတောအတွင်း အိုမန်နိုင်ငံ အရှေ့ဖက်ပိုင်းကမ်းခြေတစ်လျှောက်တွင် အနည်းငယ်သော ကန္တာရနှံကောင်အုပ် ယာယီခေတ္တပေါ်လာနိုင်ပါသည်။

အနောက်တောင်အာရှ - မြောက်မြားစွာသော ကန္တာရနှံကောင်အုပ် အဓိက ရှိသော အိန္ဒိယနိုင်ငံ၊ ရာဂျက်စ်သန်ပြည်နယ်ရှိသော အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့၏ နယ်စပ်နှစ်ဖက်စလုံး တစ်လျှောက်တွင် နွေရာသီသားပေါက်ခြင်း စတင်ပြီး ဖြစ်သည်။ ယခုလအတောအတွင်း ပါကစ္စတန်နိုင်ငံ သာပါကာပြည်နယ်၏ ကပ်လျက်ရှိသော ဧရိယာများ၊ နာရာပြည်နယ်နှင့် ချိုလစ်စ်တန် သဲကန္တာရများ၊ အိန္ဒိယနိုင်ငံ၊ ရာဂျက်စ်သန်ပြည်နယ်နှင့် ဂူဂျာရက်ပြည်နယ်မြောက်ပိုင်းတို့တွင် ကန္တာရနှံကောင်များ ဥမှအကောင်ပေါက်ပြီး ပိုးမမည်အုပ်စု ဖြစ်ပေါ်မှုများ တိုးလာမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ ဥတပရာဒက်ရှ်ပြည်နယ် အရှေ့ဖက်တွင် အနည်းငယ်သော ကန္တာရနှံကောင်အုပ်ကို နောက်ထပ်ဆက်လက်မြင်ရနိုင်ပြီး အနည်းဆုံး ကန္တာရနှံကောင်အုပ်စုငယ်ဟာ ဇူလိုင်လ (၁၂) ရက်နေ့တွင် နီပေါနိုင်ငံ အလယ်ပိုင်းလွင်ပြင်သို့ ရောက်ရှိခဲ့ပြီး ထိုနေရာတွင် ပြန့်ကျဲသွားနိုင်ကောင်း သွားနိုင်သည် သို့မဟုတ် သိသာထင်ရှားသော ပျက်စီးမှု မဖြစ်စေဘဲ သို့မဟုတ် သားမပေါက်ဘဲ ရာဂျက်စ်သန်ပြည်နယ်သို့ ပြန်လာနိုင်ကောင်း လာနိုင်ပါသည်။ အနည်းငယ်သော ကန္တာရနှံကောင်ဦးရေ သည် အီရန်နိုင်ငံ အရှေ့တောင်ဖက်နှင့်ပါကစ္စတန်နိုင်ငံ အနောက်တောင်ဖက် နွေဦးရာသီ သားပေါက်ဧရိယာများတွင် ဆက်လက်ရှိနေသည်။
အရှေ့အာဖရိက - လေပေါ်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသော ကင်ညာနိုင်ငံ အနောက်မြောက်ဖက်တွင် အရွယ်မရောက်သေးသော ကန္တာရနှံကောင်အုပ်စုများ ရှိသည်။ ကန္တာရနှံကောင်အုပ်စုတစ်စုသည် ဇူလိုင်လ (၁၀) ရက်နေ့က လေပေါ်ကာကွယ်နှိမ်နင်းရေး လုပ်ခဲ့သည့် မော်ရိုတိုအနီး ယုဂန္ဓာနိုင်ငံ အရှေ့မြောက်ဖက် ကပ်လျက်ဧရိယာများသို့ ဖြတ်သန်းလာခဲ့သည်။ ကင်ညာနိုင်ငံတွင်ရှိသော ကန္တာရနှံကောင်အုပ်သည် တောင်ဆူဒန်နိုင်ငံမှ မြောက်ဖက်သို့ဖြတ်သန်းကာ ဆူဒန်နိုင်ငံတွင် နွေရာသီသားပေါက်ဧရိယာများသို့ ကျူးကျော်ဝင်ရောက်လာနိုင်သည်ဟု မျှော်လင့်ရပြီး ထိုဆူဒန်နိုင်ငံ ကော်ဒိုဖန်ပြည်နယ်နှင့် ဒါဖားပြည်နယ်တို့တွင် အခုလ အခုချိန်အထိ မိုးကောင်းကောင်း ရွာပြီးဖြစ်ကာ ထိုသို့မိုးကောင်းကောင်းရွာခြင်းသည် ကန္တာရနှံကောင်အသက်ရှင်သန်ရေးနှင့် သားပေါက်ရေးတို့အတွက် အခြေအနေကောင်းကို ဖြစ်စေလိမ့်မည်ဖြစ်သည်။ ၄င်းတို့ရောက်ရှိသည်နှင့် ကန္တာရနှံကောင်အုပ်များသည် လျင်မြန်စွာ အရွယ်ရောက်လာကြပြီး ဥ ဥကြမည်ဖြစ်သည်။ ဆူဒန်နိုင်ငံတွင် မြေပြင်စစ်တမ်းကောက်ယူခြင်းများ တိုးတက်လာပါသည်။ ကင်ညာနိုင်ငံ အနောက်မြောက်ဖက်မှ အခြား ကန္တာရနှံကောင်အုပ်သည် အီသီယိုပီးယားနိုင်ငံရှိရာ မြောက်ဖက်သို့ ကျူးကျော်ဝင်ရောက်ရန် အလားအလာရှိပြီး ထိုအီသီယိုပီးယားနိုင်ငံတွင် မြောက်ဖက်သို့ ပြန့်ကျဲသွားမည်ဖြစ်ပြီး အရှေ့ဖက်တွင် အရွယ်ရောက်ပြီး သားပေါက်ကြမည်ဖြစ်သည်။ လက်ရှိကျရောက်ဖျက်ဆီးနေခြင်းနှင့်အတူ အီသီယိုးပီးယားနိုင်ငံတွင် ကန္တာရနှံကောင် ကျရောက်ဖျက်ဆီးမှု နောက်ထပ်တိုးလာရန် အလားအလာရှိပါသည်။ အချို့ကန္တာရနှံကောင်အုပ်များသည် အရီထရီးယားမြောက်ဖက်ပိုင်းမြေနိမ့်ပိုင်းများတွင် ပေါ်လာနိုင်သည်။
အာရေဗျကျွန်းဆွယ် - ပိုးမမည်အုပ်စုများနှင့် အရွယ်ရောက်ကန္တာရနှံကောင်အုပ်များ ပိုမိုဖြစ်ပေါ်လာသည့် နိုင်ငံအတွင်းပိုင်းနှင့် အယ်လ်ဂေးဒါးအနီးအရှေ့ပိုင်းကမ်းခြေတို့တွင် သားပေါက်ခြင်း ဆက်လက်ရှိသည်။ ကန္တာရနှံကောင်အုပ်များကို ဆာဒါအားအနီး ကုန်းမြင့်များ၊ ဆာဒါအားနှင့် ဇင်ဂျီဘားအနီး တောင်ဖက်တို့တွင် မြင်တွေ့ခဲ့ရသည်။ သားပေါက်ခြင်းကို ပင်လယ်နီကမ်းခြေတွင် မကြာခင်ကမိုးရွာခဲ့သော ဧရိယာများတွင်လည်း တွေ့နိုင်ပါသည်။ ဆော်ဒီအာရေဗျနိုင်ငံတွင် အရွယ်မရောက်သေးသော ကန္တာရနှံကောင်အုပ်ကို နိုင်ငံအနောက်တောင်ဖက် အေဆာတောင်များတွင် တွေ့ရသည်။ အိုမန်နိုင်ငံတောင်ဖက်ပိုင်းတွင် ဆာလာလားအနီး ကမ်းခြေတွင် သားပေါက်ခြင်းတိုးတက်နေကာ ပိုးမမည်အုပ်စုများ ဖြစ်ပေါ်နေပါသည်။
တောင်အာဖရိက - ကင်ညာနိုင်ငံ အနောက်မြောက်ဖက်မှ ဆူဒန်နိုင်ငံသို့ရောက်ရန် မျှော်လင့်ရသည့် ကန္တာရနှံကောင်အုပ် ကျူးကျော်ဝင်ရောက် ခြိမ်းခြောက်မှုသည် ကျဆင်းလျက်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ကန္တာရနှံကောင်အုပ်သည် ကင်ညာနိုင်ငံမှ ထွက်ခွါမသွားသေးဘဲရှိခြင်းနှင့် ဆူဒန်နိုင်ငံ နွေရာသီသားပေါက်ဧရိယာများတွင် မိုးကောင်းကောင်း ရွာပြီးသွားသောကြောင့် ဖြစ်ပါသည်။ ဤဖြစ်ရပ်တွင် ဆူဒန်နိုင်ငံသို့ရောက်လာသော ကန္တာရနှံကောင်အုပ်တိုင်းသည် ချက်နိုင်ငံနှင့် ချက်နိုင်ငံကိုကျော်ပြီး အနောက်ဖက်သို့ ဆက်လက်ပျံသန်းသည်ထက် ဆူဒန်နိုင်ငံတွင် နေထိုင်ရန် အလားအလာပိုများပါသည်။ မြေပြင်ကွင်းဆင်းအဖွဲ့သည် ချက်နိုင်ငံတွင် အခြေအနေကိုနီးကပ်စွာ စောင့်ကြည့်စစ်ဆေးနေပါသည်။
ကိုးကားချက်
www.fao.org/ag/locusts
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
www.fao.org
fao.org
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020