အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရိတ်သိမ်းချိန်လွန် ရောဂါများ - မှည့်ပြောက်စွန်းရောဂါ (Anthracnose )

ရိတ်သိမ်းချိန်လွန် ရောဂါများ - မှည့်ပြောက်စွန်းရောဂါ (Anthracnose )

thet nwe
thet nwe • Greenovator • 27/02/2019

သရက်တွင် (Anthracnose) မှည့်ပြောက်စွန်းရောဂါ ကျရောက်မှုများပါသည်။ အပူပိုင်းဒေသများအတွက် အရေးကြီးဆုံး ရောဂါဖြစ်သည်။ သရက်သီး၊ သရက်ရွက်၊ အကိုင်း၊  ပန်းခိုင်၏ မျက်နှာပြင်တွင် အနက်ရောင် အစက်အပြောက်ကလေးများ ဖြစ်ပေါ်လာပြီး အစက်အပြောက်လေးများ စုပေါင်းစပ်ကာ အနက်ကွက်ကြီးဖြစ်ပေါ်လာကာ တဖြေးဖြေး ချိုင့်ခွက်ကာ ခြောက်သွေ့သွားသည်။  အသီးမရိတ်သိမ်းမီတွင်လည်းကောင်း (Pre harvest) နှင့် ရိတ်သိမ်းပြီး သိုလှောင်ချိန်  (Post harvest and storage) တွင် မှည့်ပြောက်စွန်းရောဂါကို လက္ခဏာကိုတွေ့ရသည်။ အသီးငယ်စဉ်ရောဂါရပါက အသီးကြွေခြင်းဖြစ်နိုင်သည်။ မိုးရေဖြင့်အဓိက ကူးစက်သည်။ မိုးရွာသော ရက်များတွင် စိုစွတ်မှုများသောကြောင့် ရောဂါအခြေအနေဆိုးဝါးသည်။ ပန်းပွင့်များ မဲခြောက်သွားသည်။ ရောဂါဖြစ်စေမှုသည် ရောဂါကျအရွက်များ၊ အကိုင်းများ၊ ပန်းခိုင်များတွင် ခိုအောင်းရှင်သန်နိုင်သည်။ တစ်ရာသီမှ တစ်ရာသီသို့ ကူးစက်စေနိုင်သည်။ အသီးငယ်များပေါ်တွင် ညိုမဲရောင်အစက်များ စတင်တွေ့ရပြီး အသီးကြွေခြင်း ဖြစ်နိုင်ပါသည်။ အသီးမျက်နှာပြင်တွင် ချိုင့်ဝင်နေသော အနက်ရောင်အကွက်များ အဖြစ်တွေ့ရသည်။ အသီးများပုပ်ပြီး အနက်ရောင်အဆင့်သို့ ကူးပြောင်းသွားသည်။ အသီးရင့်လာသည်နှင့်အမျှ ရောဂါတိုးတက်လာပြီး မှည့်သောအချိန်ထိ အနက်ရောင်အကွက်များ၊ အစင်းများ ဖြစ်လာသည်။ တစ်ခါတစ်ရံ အသီး၏ မျက်နှာပြင်ကို ကွဲအက်စေသည်။ အစိုဓာတ်ရှိသော အခြေအနေတွင် အနက်ရောင် အစက်များ ကျယ်ပြန့်လာပြီး အနာကွက်ပေါ်တွင် ပန်းရောင်၊ လိမ္မော်ရောင် မှိုအစုအဝေးကို မျက်စိဖြင့် မြင်နိုင်သည်။

ကာကွယ်နှိမ်နှင်းခြင်း

ကာကွယ်နှိမ်နှင်းနည်းကို ပန်းပွင့်ချိန်မတိုင်မှီတွင် စတင်သင့်ပါသည်။ သရက်ပင် အပင်အပေါ်ပိုင်းမှ ရေပေးသွင်းခြင်း (Overhead irrigation) စနစ်ကို ရောဂါ ကျစိုက်ခင်းတွင် မသုံးသင့်ပါ။ ပင်လုံးပြန့် (သို့) ပင်လုံးပြန့်မဟုတ်သောမှိုသတ်ဆေးများဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။

Thet Thet Nwe

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

ပင်လုံးပြန့်မှိုသတ်ဆေးမသုံးချင် ဆပ်ပြာဖျော်ရည်ကို ဘာကြောင့်ဖျန်းသလဲ သိရှင်ပါတယ်ရှင့်

You

ဆက်စပ်မေးခွန်းများ

ဘော်ဒိုဆေးရည်ကိုခရမ်းချဉ်ပင်စည်အမြစ်ခြေကိုဖျန်းလို့ရပါသလားဗျ

wai phyo naing • ဖြေကြားချက် 2 ခု

မတ်ပဲရေနစ်သွားတာ 4-5 ရက်ဖြစ်သွားပြီ ဆရာ ရေနည်းနည်းတော့ကျန်နေသေးတယ် ရေကုန်သွားရင်ဘာဆေး အရင်သုံးသင့်သလဲခင်ဗျ။မှိုဆေးအရင်သုံးရမလား မြေဩဇာပတ်လို့ရပါသလားခင်ဗျ။

ကိုနိုင်လင်းထက် • ဖြေကြားချက် 1 ခု

ကျောက်ဖရုံပင်အညွန့်တွေတိုပြီး မသန်ပဲဖြစ်နေလို့ပါဗျ။ အသီး၊အသီးကင်းလေးတွေတော့ရှိပါတယ်။ ဘာရောဂါဖြစ်တာလဲ၊ဘာဆေးသုံးရမလဲခင်ဗျ

Phyo Wai • ဖြေကြားချက် 1 ခု

ကြည့်ပေးပါဘာဆေးဖြန်းသင့်လဲး

ဝင်းဇော် • ဖြေကြားချက် 1 ခု

ပေါ်ဆန်ဘေးကြား ဖြုတ်ကျနေလို့ dinotefuran 20% +pymetrozine 50 ပါတဲ့ဆေးအမျိုးအစားဖြန်းမလို့ပါ စပါးပင်က အနှံထွက်ပြီးအပွင့်တဲ့အချိန်မှာဖြစ်နေလို့ ဖြန်းလို့ရမလားခင်ဗျ

MYO ZAW HTET • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။