အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖောငမြောင်တောင်အပေါ် မေးလေ့ရှိသော မေးခွန်းများ (၁)

ဖောငမြောင်တောင်အပေါ် မေးလေ့ရှိသော မေးခွန်းများ (၁)

မေး − ၁။ ဖောငမြောင်တောင်ဆိုတာဘာလဲ?

ဖြေ − ၁။ ဖောငမြောင်တောင် (Spodoptera frugiperda) ဆိုတာ ပြောင်းဖူး၊ စပါး၊ နှံစားပြောင်းတို့လို စီးပွားရေးအရအရေးပါပြီး စိုက်ပျိုးထားတဲ့ နှံစားသီးနှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဝါတို့ကို ဖျက်ဆီးတဲ့  အပင်မျိုးစိတ် (၈၀) ကျော်မှာ ကျရောက်ဖျက်ဆီးတတ်တဲ့ အင်းဆက်တစ်မျိုးဖြစ်ပါတယ်။ ၄င်းဟာ အမေရိကတိုက်ရဲ့ အပူပိုင်းနဲ့ အပူသမပိုင်းဒေသတွေရဲ့ ဒေသဖျက်ပိုးဖြစ်ပါတယ်။ ဖျက်ဆီးမှုကို ဖြစ်စေတာက အင်းဆက်ရဲ့ လောက်ကောင်အဆင့်ဖြစ်ပါတယ်။ ဖောငမြောင်တောင်ဟာ တစ်နှစ်ကို မျိုးဆက်ပေါင်း မြောက်မြားစွာရှိပြီး ဖလံအမတစ်ကောင်ဟာ တစ်ညကို ကီလိုမီတာ (၁၀၀) ကျော် ပျံသန်းနိုင်ပါတယ်။

မေး − ၂။ ဖောငမြောင်တောင်နဲ့ အတွေ့ရများတဲ့ ငမြောင်တောင်ကြားက ကွာခြားချက်ကဘာလဲ?

ဖြေ −၂။ ၄င်းတို့ဟာ နီးကပ်စွာ ဆက်မှုရှိပေမဲ့ ခြားနားတဲ့ပြုမူချက်တွေနဲ့ ဂေဟဗေဒတွေရှိကြပါတယ်။ ဖောငမြောင်တောင်ဟာ အတွေ့ရများတဲ့ငမြောင်တောင်လောက်ကောင်ရဲ့ အမြုံလိုက်အုတဲ့ အပြုအမူနဲ့ စိုက်ခင်းထဲကို ဖြတ်သွားလေ့မရှိပါဘူး။ အတွေ့ရများတဲ့ ငမြောင်တောင်ဟာ  အာဖရိကတိုက်ရဲ့ ဒေသမျိုးဖြစ်တာကြောင့်  မြောက်များစွာသော သဘာဝရန်သူများ (သားရဲကောင်များ၊ ကပ်ပါးကောင်များ၊ ရောဂါများ) ရှိပါတယ်။ မြန်မာနိုင်ငံကိုရောက်လာတဲ့ ဖောငမြောင်တောင်ဟာ သဘာဝသားရဲကောင်များမရှိတာကြောင့် ၄င်းရဲ့ အရေအတွက်ဟာ ပုံမှန်ထက်တောင် တိုးပွားလာနိုင်ပါတယ်။

မေး − ၃။ ဖောငမြောင်တောင်ဖျက်ဆီးခံထားရတဲ့ ပြောင်းဖူးက စားဖို့ အန္တရာယ်ကင်းလား?

ဖြေ − ၃။ ဖောငမြောင်တောင်ဟာ အများအားဖြင့် ပြောင်းဖူးရဲ့အရွက်တွေကို စားပါတယ်။ တစ်ခါတလေ ပြောင်းဖူးမြိတ်တွေကိုလည်း စားပါတယ်။ အများအားဖြင့် အဲဒီလိုပြောင်းဖူး မြိတ်တွေကို လူတွေ မစားကြပါဘူး။ ဖောငမြောင်တောင်ရဲ့ တိုက်ရိုက်ဖျက်ဆီးမှုဟာ ပြောင်းဖူးရဲ့ စားနပ်ရိက္ခာ ဘေးကင်းရေးကို မထိခိုက်စေပေမဲ့ အာဖလာတော့ဆင်မှိုအဆိပ်ကျရောက်မှုကို ခံနိုင်ရည် ပိုနည်းပါတယ်။ 

မေး − ၄။ လက်ရှိအခြေအနေက ပိုဆိုးသွားမှာလား?

ဖြေ − ၄။ အရွယ်ရောက် ဖောငမြောင်တောင်အမဖလံဟာ သန်စွမ်းတဲ့ ပျံသန်းနိုင်တဲ့ဖလံဖြစ်ပြီး တိုက်ကြီးများအနှံ့ ဆက်လက်ပြီး ပျံ့နှံ့ပါလိမ့်မယ်။ ဖောငမြောင်တောင်ဟာ ၄င်းတို့ရဲ့ လက်ခံပင်များကို မျိုးပွားဖို့ ရှာနေမှာဖြစ်ပြီး ပုရွက်ဆိတ်တွေ၊ နဂျီကောင်တွေလို သဘာဝသားရဲကောင်များ မရှိတဲ့အချိန်မှာ ၄င်းတို့ရဲ့ဦးရေဟာ ဆက်လက်များပြားလာမှာဖြစ်ပါတယ်။  

မေး − ၅။ ကုန်သွယ်ရေးကို ထိခိုက်နိုင်သလား?

ဖြေ − ၅။ ဖောငမြောင်တောင်ရှိတယ်လို့ကြေညာထားတဲ့နိုင်ငံတွေက ပို့ကုန်ပြောင်းဖူးတွေကို ဖောငမြောင်တောင် မရှိသေးတဲ့ ပြောင်းဖူးတင်သွင်းတဲ့နိုင်ငံတွေက သေချာစစ်ဆေးကြမှာပါ။ 

မေး − ၆။ စိုက်ပျိုးပညာပေးရေးဝန်ထမ်းတွေ၊ စိုက်ပျိုးရေးဦးစီးဌာနဲ့ တောင်သူတွေက ဘာလုပ်နိုင်သလဲ?

ဖြေ − ၆။ အမေရိကတိုက်ကနေပြီး ဖောငမြောင်တောင် ကာကွယ်နှိမ်နင်းမှုနဲ့ပတ်သက်တဲ့ မြောက်မြားစွာသော အတွေ့အကြုံတွေနဲ့  ညွှန်ကြားချက်တွေရှိပါတယ်။ မြန်မာတောင်သူများအနေနဲ့ ဖောငမြောင်တောင်ကို ရေရှည်ကာကွယ်နှိမ်နင်းဖို့ သတင်းအချက်အလက်တွေကို ရအောင်လုပ်ဖို့ လိုပါတယ်။ 

မေး − ၇။ ပြောင်းဖူးအစားဘယ်သီးနှံကို အစားထိုးစိုက်နိုင်မလဲ?

ဖြေ − ၇။ ပြောင်းဖူးအစား အခြားတွက်ချေကိုက်တဲ့ သီးနှံတွေအများကြီးရှိပါတယ်။ ဖောငမြောင်တောင် မကျရောက်နိုင်တဲ့သီးနှံဆိုရင် ပိုကောင်းပါတယ်။

ဒေါက်တာကိုကို 

ေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

 

လရိပ်ချို

လရိပ်ချို

လွန်ခဲ့သော ၂ နှစ် က

ဖောငမြောင်ကိုဘယ်လိုကာကွယ်နိမ်နင်းရမဠဲ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။