ရော်ဘာရောဂါတစ်မျိုးဖြစ်သည့် သီးပုပ်ရွက်ကြွေ၊ ရွက်ပုပ်ရောဂါ (Phytophthora leaf fall)
ရော်ဘာပျိုးခင်းအပြင်၊ အပင်ကြီးများ၌လည်း ကျရောက်သဖြင့်ရော်ဘာ အစေးထွက်နှုန်း ၅% မှ ၅၀% အထိ ကျဆင်းတက်ပါသည်။
၁။ ရောဂါဖြစ်တတ်သော ရာသီဥတု အခြေအနေ
တစ်နေ့ကိုနေရောင်ခြည် (၃) နာရီထက်နည်းခြင်း။ အပူချိန် (၂၈ံ) ထက်နည်းခြင်း။ မိုးရေချိန်တစ်နေ့ကို ( ၀.၁ )လက်မထက် များခြင်း။ စိုထိုင်းဆ၈၀%ထက်များခြင်း။ ဤအခြေအနေမျိုး (၄) ရက်ဆက်တိုက်ဖြစ်ပွားလျှင် Phytophthora leaf fall ရောဂါပြင်းထန်စွာ ကျရောက်မည်ဟု ခန့်မှန်းနိုင်ပါသည်။ ဤရောဂါသည် မုတ်သုန်ရာသီဥတုအစ ဇွန်၊ ဇူလိုင် မှအစပြု၍ ကျရောက်တတ်ပါသည်။
၂။ လက္ခဏာ (Symptom)
ပျိုးပင်၏ ထိပ်ပိုင်းမှစ၍ ကျတက်ပါသည်။ အရွက်နုများသည် တွန့်လိပ်၊ အနားများညှိုးခြောက်၊ အညှာပါကြွေကျလာပါသည်။ ပျိုးပင်၏ ထိပ်ပိုင်း၌ အရွက်မရှိဘဲ၊ အောက်ပိုင်း၌ အရွက်ရင့် များကိုသာတွေ့ရတတ်ပါသည်။ ရောဂါပြင်းထန်စွာ ကျရောက်ပါက အရွက်ရင့်များပါကြွေကျပြီး ပျိုးပင်သည် အရွက်သစ် ထပ်မံမထွက်နိုင်၍ ထိပ်ဖျားခြောက်လာပြီး (die back) ဖြစ်၍သေဆုံးသွား ပါသည်။
အပင်ကြီးများ၌ အရွက်ရင့်များတွင်ရောဂါကျနေပြီးရောဂါရသော အရွက်များသည် ရွက်ညှာနှင့် တွဲ၍ကြွေကျပြီး အရွက်ရိုးတံ၌ ရေနာကွက် ဖြစ်နေသည်ကိုတွေ့ရပြီး ၎င်းရေနာကွက်နေရာမှရော်ဘာ အစေးခဲစိမ့်နေပါသည်။ ရေနာကွက်သည် အညိုရင့်မှ အမည်းရောင်ရေစိုနာဖြစ်လာပြီး ရွက်ညှာရင်းများ၌ ပို၍တွေ့ရတတ်ပါသည်။ ရေစိုနာကွက်များကို ရွက်ပြား၊ ရွက်လည်ကြောရိုး နှင့် အခြားနေရာများ၌လည်းတွေ့ရှိ ရပါသည်။ ရောဂါရ၍ကြွေသော အရွက်၏ ရွက်ညှာ(Petiole)ကို လှုပ်ကြည့်ပါက ရွက်ညှာများ အလွယ်တကူကြွေကျသည်ကိုတွေ့ရှိရပြီးမှ ရွက်ညှာရင်း၌ရော်ဘာအစေးခဲ မရှိသည်ကိုတွေ့ရှိ ရပါသည်။
လေတိုက်၍ကြွေကျသော အရွက်၏ ရွက်ညှာကို လှုပ်ကြည့်ပါက ရွက်မွှာများ အလွယ်တကူ မပြုတ်သည်ကိုတွေ့ရှိရပြီး ရွက်ညှာရင်း၌ရော်ဘာစေးခဲ ရှိသည်ကိုတွေ့ရပါသည်။ ရောဂါပြင်းပြင်းထန်ထန် ကျရောက်ထားသော အချို့အကိုင်းများသည် ပုံမှန်အရွက် ပြန်ထွက်ချိန်၌ အရွက်ပြန်မထွက်ဘဲ ကိုင်းများခြောက် သွားသည်ကိုတွေ့ရှိ ရပါသည်။
၃။ ပျံ့နှံ့ပုံ
Phytophthora မှိုရောဂါသည် စိုက်ခင်းထဲရှိမြေကြီးအတွင်း၌ ခိုအောင်းပွားများနေပြီးနောင်နှစ် မုတ်သုံရာသီရောက်သည့် အချိန်တွင် မိုး၊ ရေ၊ လေတို့နှင့်အတူရော်ဘာပင်ကို ရောဂါကျရောက်စေ သည်။ ရောဂါသည် အသီး၊ အရွက်၊ ရွက်ရိုးတံ၊ ကိုင်းနု၊ ကိုင်းစိမ်းတို့ဆီသို့ တစ်ဖြည်းဖြည်းရောက်ရှိ သွားသည်။
၄။ ရောဂါဖြစ်စေသော သက်ရှိ (Pathogen)
Phytophthorapalmivora - မလေးရှား
Phyrophrhora botryosae -မြန်မာ
Phytophthora meadii - သီရိလင်္ကာ၊ အိန္ဒိယ
၅။ ကာကွယ်နှိမ်နှင်းနည်း (Control)
မိုးရာသီကုန်တွင် အပင်၏ အကိုင်းအခက်၊ အသီးပုပ်၊ အခေါက်ဆွေးများကို မီးရှို့ဖျက်ဆီးပါ။ ခံနိုင်ရည်ရှိသော မျိုးကိုရွေးချယ် စိုက်ပျိုးပါ။ Copper ပါသောမှိုသတ်ဆေး (Funguran 0.2 %) ဖျန်းနိုင်ပါသည်။
နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံဖြိုးရေးဌာန (မော်လမြိုင်)
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 0 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....