အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခရမ်းချဥ်ရွက်တွေနဲ့ ပိုးမွှား‌တွေကိုနှိမ်နင်းကြမယ်

ခရမ်းချဥ်ရွက်တွေနဲ့ ပိုးမွှား‌တွေကိုနှိမ်နင်းကြမယ်

   ကျွန်တော်တို့တွေ ခရမ်းချဥ်ပင်စိုက်တာဟာ အသီးရဖို့ပဲဖြစ်ပြီး အရွက်တွေကိုတော့ စွန့်ပစ်ကြပါတယ်။ အခုကတော့ အရွက်တွေကိုပါအကျိုးရှိရှိ သုံးလို့ရမဲ့ နည်းလမ်းလေးကို မျှဝေပေးမှာပါ။ ဘယ်လိုသုံးမှာလဲဆိုရင်တော့ ပိုးသတ်ဆေးရည်အဖြင့် ဖော်စပ်သုံးရမှာပါ။

   ကုန်ကျစရိတ်သက်သာပြီး လွယ်လွယ်ကူကူဖော်စပ် ပြုလုပ်နိုင်သောနည်းလမ်းလေးမို့ မိတ်ဆွေတို့ကို မျှဝေပေးချင်ပါတယ်။

၁။ လိုအပ်သော ပစ္စည်းများ

- ခရမ်းချဥ်ရွက် (၆၀) ကျပ်သား

- ခရမ်းချဥ်အရိုးနဲ့ အသီး (လက်တစ်ဆုပ်စာ)

- ရေ(၄)လီတာ (ရေသန့်ဗူး ၄ ဗူး)

- ဆပ်ပြာ တစ်ဇွန်း

၂။ ပြုလုပ်နည်း

 - ခရမ်းချဥ်ရွက် (၆၀)ကျပ်သားကို ရေ (၂)လီတာ ရော၍ မိနစ်(၃၀) ကြာ ကြိုပါ

- ထို့နောက် ခရမ်းချဥ် အရိုးနဲ့အသီး (လက်တစ်ဆုပ်စာ)ကို ထည့်ပါ

- ရေ(၂)လီတာ ထပ်ထည့်၍မွှေပါ

- (၆)နာရီကြာ ထားပြီး ဆပ်ပြာ တစ်ဇွန်းထည့်၍မွှေပါ

- ထို့နောက် အရည်စစ်ထုတ်ပြီး ပိုသတ်ဆေးရည်အဖြစ် အသုံးပြုနိုင်ပြီး ပိုးမွှားကျရောက်သော အပင်အစိတ်အပိုင်းများကို ပက်ဖျန်းနိုင်ပါတယ်။

၃။ နှိမ်နင်းနိုင်သည့် ပိုးမွှားနှင့် ရောဂါများ

- ဖလံကောင်များ

- ခူကောင်များ

- ယင်ဖြူများ

- ပုရွတ်ဆိတ်များ

- နှံကောင်များ

- နီမတုတ်များ

- မှိုရောဂါများ

- ဘတ်တီးရီးယားများ

မှတ်ချက်။       ။ ပိုးမွှားအရေအတွက်များပါက နှစ်ရက်ဆက်တိုက်ဖျန်းပေးပါ။ ခရမ်းချဥ်ရွက်တွေကို ကြိုချက်လိုက်တဲ့အခါ အဆိပ်တောက်ဖြစ်စေတဲ့ ဓာတ်ပစ္စည်းများထွက်ပေါ်လာပါတယ်။ ဒါ့ကြောင့် ဆေးဖျန်းချိန်မှာ လက်အိတ်များနဲ့ ပါးစပ်အုပ်များ ဝတ်ဆင်ပါ။

ထွန်းရာဇာ

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Ko Naing

Ko Naing

လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါ

ဦးစိန်

ဦးစိန်

လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးတင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။