သရက်သီး သီးထိုးယင် ကာကွယ်နှိမ်နင်းနည်း (Mango Fruit Fly)
သီးထိုးယင်သည် စွတ်စိုသောရာသီဥတုတွင် ပိုမိုကျရောက်တတ်သည်။ အထက်မြန်မာပြည် အပူပိုင်းဒေသများထက် အောက်မြန်မာပြည်မိုးများသောဒေသများတွင် ပို၍ ကျရောက်တတ်သည်။ ၎င်းအပြင် သီးထိုးယင် ကျရောက်မှု အတိုင်းအတာမှာ သရက်မျိုးနှင့် သီးထွက်သည့် ကာလအပေါ် မူတည်ပါသည်။ ဥပမာ- မချစ်စု၊ ခေါင်ချိုး သရက်သီးများတွင် သီးထိုးယင် ကျရောက်ဖျက်စီးမှု များလေ့ရှိပါသည်။ သီးထွက်စောသော သရက်သီးများ နှင့်နောက်ကျပေါ်သော သရက်သီးများတွင် သီးထိုးယင် ကျရောက် ဖျက်ဆီးမှု နည်းလေ့ရှိပါသည်။
သရက်ပင်တွင် နောက်ဆုံးအဆင့် ကျန်ရစ်သော သရက်သီးများသည် သီးထိုးယင်၏ ဖျက်စီးမှုကြောင့် အကြီးအကျယ် ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရတတ်သည်။ သီးထိုးယင်သည် မျိုးစိတ်အလိုက် အရောင် အမျိူးမျိုး ကွဲပြားသည်။ ပုံပန်းသဏ္ဍာန်သည် ယင်ကောင်နှင့် ဆင်တူသည်။ သီးထိုးယင် အမ တစ်ကောင်သည် တစ်ကြိမ်ဥလျှင် ၁၅၀-၄၀၀အထိ အုနိုင်သည်။ ယင်ကောင်မသည် ဥများကို ဝမ်းဗိုက် အတွင်းရှိ ပြွန်ပုံသဏ္ဍာန် ဥအုတံဖြင့် ကြီးထွားဆဲ သရက်သီး အတွင်းသို့ ထိုးဖောက်၍ အုချခဲ့သည်။ ဥအရောင်မှာ အဝါရောင်ရှိ၍ အနက်စက် ကလေးများ ပါရှိသည်။ ဥများသည် တစ်ပတ်အတွင်း အကောင်ငယ် ကလေးများ ပေါက်လာသည်။ ပေါက်လာသော လောက်ကောင် (Maggot) များသည် သရက်သီးအတွင်း တစ်သျှုးသားများကို စားသောက်ကြကာ သရက်သီး အတွင်းသား ပုပ်ရိ ပျက်စီးသွားပြီး သရက်သီးများ ကြွေကျကုန်သည်။ အရွယ်ရောက်လောက်ကောင်သည် သရက်သီး အတွင်းမှ ထွက်၍ မြေကြီးအတွင်း ဝင်ရောက်ကာ ရုပ်ဖုံးများ ပြုလုပ်ကြသည်။ ရုပ်ဖုံး ဘဝတွင် နွေရာသီ၌ ၁၀ရက်၊ အေးသောရာသီ၌ ၅၀ ရက်ခန့် နေပြီး အကောင်ကြီး ဘဝသို့ ကူးပြောင်းသွားသည်။ တစ်နှစ်လျှင် သားဆက် ၁၅-၁၆ဆက် ထိပေါက်ဖွားနိုင်သည်။
သီးထိုးယင်ကျရောက် ဖျက်ဆီးမှုကို ပုပ်ရိနေသော အသီးများ ကြွေကျနေခြင်းဖြင့် သီးထိုးယင်များ ကျရောက်နေပြီကို သိရှိနိုင်သည်။ မကြွေကျသေးသော သရက်သီးများတွင် ဖျက်ဆီးထားသော နေရာတဝိုက်၌ အသီးရောင် ပျက်နေခြင်း၊ အသားပျော့နေခြင်း၊ အသားချိုင့်ဝင်နေခြင်းများ တွေ့ရှိရသည်။
ကာကွယ်နှိမ်နင်းနည်း
၁။ အထိရောက်ဆုံး ကာကွယ်နည်းမှာ သရက်သီးများကို စက္ကူအိတ်ဖြင့် စွပ်ပေးခြင်း ဖြစ်သည်။ သို့သော် စိုက်ခင်းကျယ်ကြီးများတွင် ဤသို့ လုပ်ဆောင်ရန် မလွယ်ကူချေ။ မိမိ အိမ်ခြံဝင်းအတွင်း တစ်ပင် နှစ်ပင် စိုက်ပျိုးထားသော သရက်ပင်များ၌သာ ပြုလုပ် ကာကွယ်နိုင်သည်။ အထိရောက်ဆုံး ဖြစ်သည်။
၂။ သီးထိုးယင်များ သားဆက် မပြန့်ပွားစေရန်အတွက် သီးထိုးယင် ထိုး၍ ပုပ်ရိကြွေကျသော သရက်သီးများကို နေ့စဥ ်ကောက်ယူ၍ မြေမြှုပ်ပစ်ရမည်။
၃။ အသီးပေါ်သို့ ဥများ မအုမီ ထိသေ ပိုးသတ်ဆေး တစ်မျိုးမျိုးသုံး၍ ပက်ဖျန်းပေးရမည်။
၄။ သရက်ခြံအနီးတွင် ပင်အို သရက်ပင်ကြီးများ ရှိနေပါက ခုတ်ပစ်သင့်သည်။
၅။ ထောင်ချောက် (Pheromone Trap) ဆင်၍လည်း သီးထိုးယင်ပိုးများကို ဖမ်းယူ သုတ်သင်ပစ်ကာ မျိုးဆက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်သည်။ ထောင်ချောက် ဆင်ရာတွင် Methyl eugenol ဆေးကို အသုံးပြုရမည် ဖြစ်သည်။ ထောင်ချောက် ပြုလုပ်နည်းများမှာ အဝကျယ် ပလတ်စတစ်ဘူး သံဘူး တစ်ဘူးကို ယူ၍ ထိပ်ဘက် အပေါက်ဝကို ပလတ်စတစ်စဖြင့် ပိတ်ရမည်။ ယင်းသို့ ပိတ်ထားသော ပလတ်စတစ်စနှင့် ဘူး၏ ဖင်ပိုင်း အလယ်ခေါင်တွင် ၁စင်တီမီတာ အရွယ်အပေါက် ဖောက်ပေးထားရမည်။
ထို့နောက် Methyl eugenol ဆေးတစ်စက်နှင့် ထိသေ ပိုးသတ်ဆေး တစ်စက် ဆွတ်ထားသော ဂွမ်းကို ဘူးထဲသို့ ထည့်ပေးရမည်။ ဤသို့ ပြုလုပ်ပြီးပါကဘူး၏ ခါးလယ်မှ ကြိုးချည်၍ သရက်ပင်ကိုင်းများတွင် လည်းကောင်း၊ သီးသန တိုင်များထောင်၍လည်းကောင်း ချိတ်ဆွဲပေးရမည်။ ယင်းသို့ ချိတ်ဆွဲရာတွင် ဘူးသည် အလျားလိုက် နေသားတကျ ရှိစေရန် ချင့်ချိန် ပြုလုပ်ရမည်။
လွယ်လွယ် ကူကူ ပြုလုပ်နိုင်သော နည်းမှာ ရေသန့်ဘူးကို အောက်ဖက် ဖင်ပိုင်းတွင် ၁ စင်တီမီတာ အပေါက်ဖောက်၍ Methyl eugenol နှင့် ပိုးသတ်ဆေးတစ်စက် စီဆွတ်ထားသော ဂွမ်းစကို ထည့်ကာ ခါးလယ်မှ ကြိုးချည် ချိတ်ဆွဲပေးခြင်းဖြစ်သည်။
တစ်ဧကအတွက် ၇-၁၀ ဘူး ချိတ်ဆွဲထားပါက လုံလောက်ပါသည်။ ဘူးများကို ချိတ်ဆွဲရာတွင် စိုက်ခင်း၏ လေတင် အရပ်၌ ချိတ်ဆွဲရန် အရေးကြီးပါသည်။ သို့မှသာ မိမိ စိုက်ခင်း အတွင်းရှိ သီးထိုးယင် အဖိုများသည် ဘူးအတွင်း ဝင်ရောက်ကြပြီးနောက် မကြာမီ ပိုးသတ်ဆေးကြောင့် သေဆုံး ကြရပါသည်။ ဤသို့ဖြင့် အမများနှင့် မိတ်လိုက် မျိုးပွားရန် အခွင့်အရေး နည်းသွားစေနိုင်ပါသည်။ ဤသို့ဖြင့် မျိုးစိတ်အောင်မြင်သော ဥများ မအုတော့ချေ။သတိပြုရန်မှာ ထောင်ချောက်များကို မိမိ စိုက်ခင်းအတွင်း သီးထိုးယင် ကျရောက်မှုကို ကြည့်၍ ပြုလုပ်သင့်ပါသည်။
၆။သီးထိုးယင် အမများကို အစာ အဆိပ်တုံး (Yeast Protein Hydrolystate)ဖြင့် သုတ်သင်နိုင် ပါသည်။ စျေးကွက်တွင် NASSIMAN အမည် ဖြင့် ထုတ်လုပ်ရောင်းချပါသည်။
၇။ သရက်သီးများ ရင့်မှည့်၍ ခူးယူပြီး သိုလှောင်ထားစဉ် အချိန်၌လည်း သီးထိုးယင်များ ကျရောက် ဖျက်စီးနိုင်ပါသည်။ သို့ပါ၍ သိုလှောင်ရုံအတွင်း အီသလင်း ဒိုင်ဘရိုမိုက်၂ အောင်စကို အပူချိန် ၅၅ ဒီဂရီတွင် ၂ ရက် ကြာထား၍ မှိုင်းတိုက်ပေးခြင်းဖြင့် ကာကွယ်နိုင်သည်။
ကိုးကား-သရက်ပင် စိုက်ပျိုးနည်း
ဇေယျာ
လွန်ခဲ့သော ၁ နှစ် ကဆေးကဘယ်လိုဝယ်ရမလဲ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026