အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေပဲ ပင်ရင်းပုတ်ရောဂါ

မြေပဲ ပင်ရင်းပုတ်ရောဂါ

Dr. Khin Hnin Yu
Dr. Khin Hnin Yu • 11/01/2018

ဤရောဂါသည် ကမ္ဘာပေါ်ရှိ မြေပဲစိုက်သည့်ဒေသတိုင်းတွင် ဖြစ်ပွားသည်။ ပုံမှန်အားဖြင့် ရောဂါကြောင့် ဆုံးရှုံးမှုသည် ကြီးမားလေ့ မရှိသော်လည်းရောဂါကို အားပေးသည့် ပတ်ဝန်းကျင် အခြေအနေတွင် သီးနှံ ပျက်စီးမှု ၅၀% အထိရှိနိုင်သည်။

Aspergillus မိှုကြောင့် ဖြစ်သောမြေပဲပင်ရင်းပုတ်ရောဂါသည် ပျိုးပင်တွင်လောင်နာကျခြင်း ဖြစ်စေပြီး အပင်ကြီး အဆင့်တွင်လည်း တိုက်ခိုက်နိုင်သည်။ ရောဂါ ဖြစ်စေသည့် မှိုအမည်မှာ Aspergillusniger ဖြစ်ပြီးမြေပဲဆံတွင် အယ်ဖလာတောက်ဆင် (Aflatoxin) ဟုခေါ်သည့် မှိုဆိပ်ထုတ်သော Aspergillus မှိုနှင့် မတူပဲ ကွဲပြားပါသည်။ Aspergillusniger မှိုသည် မြေပဲ စိုက်သောမြေကြီးထဲတွင် များစွာ ရှိနေတတ်ပြီးမြေပဲဆန်များတွင်လည်း တွယ်ကပ်နေတတ်သည်။ မြေဆောင်မှိုကြောင့်ဤရောဂါအဖြစ်များပြီး မျိုးစေ့တွင် ကပ်ပါလာသော မှိုကြောင့်လည်း ဖြစ်နိုင်သည်။

ဤရောဂါသည်နေရာကွက်၍ ဖြစ်တတ်သည့် ကွက်ကြားကပ်ရောဂါ (Sporadic) ပုံစံဖြင့် ဖြစ်ပွားလေ့ ရှိပြီးရေဓါတ်ခြောက်သွေ့မှု (ရေငတ်ဒါဏ်)နှင့် ဆက်နွယ်နေလေ့ရှိသည်။ အပူလွန်ကဲခြင်း၊ ပျိုးပင်ငယ် အဆင့်တွင် အစိုဓာတ် အတက်အကျ များခြင်း၊ မျိုးစေ့ အရည်အသွေး ညံ့ဖျင်းခြင်း၊ ဓာတုဆေးများနှင့် စိုက်ပျိုးရေး လုပ်ငန်းတို့ကြောင့် ပျိုးပင်ကို ထိခိုက်ခြင်း၊ မြေအောင်း ဖျက်ပိုးများကြောင့် အမြစ်များ ပျက်စီးခြင်း တို့သည် ဤရောဂါ တိုးတက်ဖြစ်ပေါ်မှုကို အားပေးပေသည်။

၁။ ေရာဂါ လကၡဏာ

အစိုဓာတ်များသည့်မြေတွင် မျိုးစေ့ကို တိုက်ခိုက်ခံရပြီးမြေအောက်တွင်ပင် မျိုးစေ့၊ မျိုးညှောက်များ ပုတ်ဆွေး သွားတတ်သည်။ ၎င်းတို့ကိုမြေထဲမှ အသာလေး ထုတ်ယူကြည့်ပါက မှိုစပိုးများ မဲနက်စွာ ဖုံးအုပ် နေသည်ကိုတွေ့နိုင်သည်။

မြေအောက်တွင် ပုတ်ဆွေးသေဆုံးခြင်း မဖြစ်သေးသော မျိုးစေ့များမှ မျိုးညှောက်များသည် မြေပေါ်သို့ ထွက်လာပြီး မကြာမီ အပင်ခြေတွင်ရေစိုနာအသွင် ဖြစ်နေပြီး အညိုရောင်ပြောင်းသွားကာ ပျိုးပင်၏ မြေပြင်ညီနေရာတွင် အမဲရောင် မှိုစပိုးများ ဖုံးအုပ်သွားသည်။ ရောဂါတိုးလာသည်နှင့်အမျှ အပင်ခြေသည် ညိုမဲရောင်ပြောင်း၍ ပိန်ရှုံ့သွားပြီး လျှင်မြန်စွာသေဆုံး သွားလေ့ရှိသည်။

အပင်ကြီး များတွင်ရောဂါကျလျှင် ရောဂါပြောက်သည် မြေပြင်အောက်နား ကပ်နေသော ပင်စည်ပေါ်တွင် စတင်ဖြစ်ပေါ်ပြီး အပေါ်မှ အကိုင်းများဆီသို့ ကျယ်ပြန့် သွားကာ အပင်ရုတ်တရက် ညှိူးသွားသည်။ သေပြီးခြောက်သွေ့သွားသော အကိုင်းများကို ပင်ခြေမှ ဖယ်ရှားလျှင် အလွယ်တကူ ပြုတ်ထွက်သွားသည်။ မြေပဲတောင့်များပေါ်တွင် မှို၏ အမဲရောင်စပိုးများ ဖုံးအုပ်နေသည်ကိုတွေ့နိုင်သည်။ ရောဂါကျ အပင်အများစု သည် စိုက်ပြီး တစ်လသားခန့်တွင်သေဆုံးကြသည်။ ၎င်းအပင်သေများကို ထက်ခြမ်းခွဲ ကြည့်လျှင် ရေကြောစည်း တစ်ရှူးသားများ မီးခိုးရင့်ရောင်ပြောင်းနေသည်ကိုတွေ့ရသည်။

၂။ ကာကွယ်နှိမ်နင်းနည်းများ

စိုက်ပျိုးနေသောမြေပဲမျိုး အများစုသည် ဤရောဂါကို ခံနိုင်ရည်နည်းကြသဖြင့် ခံနိုင်ရည်ရှိသော မျိုးကို ရွေးချယ် စိုက်ပျိုးရန် မလွယ်ကူပေ။ ထို့ကြောင့်

(၁) အရည်အသွေးကောင်းသော မျိုးစေ့ကိုရွေးချယ် စိုက်ပျိုးပါ။

(၂) သိုင်ရမ် (Thiram) ၊ ဟိုမိုင် (Homai)၊ ကာဘင်ဒါဇင် (Carbendazin)၊ မဲန်ကိုဇက် (Mancozeb) စသော မှိုသတ်ဆေး တစ်မျိုးမျိုးဖြင့် (မျိုးစေ့တစ်ကီလိုကို ၁ ဂရမ်မှ ၃ ဂရမ် နှုံးဖြင့်) လူးနယ်စိုက်ပျိုးပါ။

(၃) မြေကြီး အစိုဓာတ် လုံလောက် မျှတစွာ ရရန် ဂရုစိုက်ပါ။

(၄) ပင်စည်နှင့်အမြစ်များ ဒါဏ်ရာမရစေရန ်ဂရုစိုက်ပါ။

(၅) မျိုးစေ့ကိုမြေထဲ နက်နက်မချသင့်ပါ။

(၆) တမာကြိတ်ဖတ် သို့မဟုတ် ကြက်ဆူကြိတ်ဖတ် ကိုမြေတစ်ဧကလျှင် ၅၀၀ ကီလိုဂရမ်နှုန်းထည့်ပေးပါ။

(၇) မျိုးစေ့ တစ်ကီလိုကို ထရိုင်ခိုဒမ်းမားမှို- ၁၀ ဂရမ် နှုံးနှင့်လူးနယ်စိုက်ပျိုးပါ။ ထရိုင်ခိုဒမ်းမားမှိုကိုမြေကြီး ထဲသို့လည်း ထည့်ပေးနိုင်သည်။

ဒေါက်တာ ခင်နှင်းယု

ကိုးကား- www.plantwise.org 

မြတ်စိုးဦး

မြတ်စိုးဦး

လွန်ခဲ့သော ၅ နှစ် က

အပင်ကအဝါရောင်ဖြစ်ပီးသေတာဗျ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။