စပါးယူဖရာရောဂါနှင့် ကာကွယ်နှိမ်နင်းနည်းများ
စပါးယူဖရာရောဂါသည် Ditylenchus angustus ဟုခေါ်သော စပါးပင်စည်နီမတုတ်ကြောင့်ဖြစ်ပြီး အထွက်နှုန်းများစွာလျော့နည်းစေသော ရောဂါတစ်မျိုးဖြစ်သည်။ အိန္ဒိယနိုင်ငံ ဂိုဒါဗာရီမြစ်ဝကျွန်းပေါ်ဒေသရှိ ဆည်ရေသွင်းစိုက်သည့်လယ်ကွက်များတွင် တွေ့ရသည်။ စပါးရိတ်သိမ်းပြီး (၃) လအကြာထိ အသက်ရှင် လျှက်ရှိသည့် နီမတုတ်များကို စပါးစေ့အတွင်းမှတွေ့ရသည်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင် ဤရောဂါကြောင့် မိုးစိုက်လယ်တွင် ၄၉.၁% နှင့် ရေသွင်းစိုက်လယ်တွင် ၄၂.၄% အထွက်နှုန်း ဆုံးရှုံးမှုရှိကြောင်း သိရသည်။
ဖြစ်ပွားသည့်နေရာနှင့် ဖြစ်ပွားသည့်အကြောင်းရင်း
စပါးယူဖရာရောဂါသည် တောင်နှင့်အရှေ့တောင်အာရှဒေသရှိ နိုင်ငံများဖြစ်သော ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့တွင် အများအပြားကျရောက်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရေနက်စပါးခင်းများ၌ ဤရောဂါဆိုးရွားပြင်းထန်စွာကျရောက်ကြောင်းသိရသည်။ မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ် ဒေသရှိ မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲ၊ လပွတ္တာတို့တွင် စပါးခင်းများ၌ ယူဖရာရောဂါ ဆိုးဆိုးဝါးဝါးကျရောက် တတ်သည်။
ဤရောဂါကို ရေနက်စပါးစိုက်ခင်းများတွင် အများဆုံးတွေ့ရလေ့ရှိသော်လည်း ရေသွင်းစိုက်နှင့် မိုးအားကိုးစိုက်သည့်စပါးခင်းများ၌လည်းတွေ့ရသည်။ ရောဂါဖြစ်ကြောင်းနီမတုတ်သည် စပါးတစ်ရာသီ အတွင်းသားဆက် သုံးကြိမ်ပွားများနိုင်ကြောင်းသိရသည်။ ဤနီမတုတ်သည် သီးနှံရာသီကြားကာလတွင် စပါးစေ့များ၊ ရိုးပြတ်များ၊ ပင်ကြွင်းပင်ကျန်အစိတ်အပိုင်းများနှင့် မြေကြီးထဲတွင်ရစ်ခွေ၍ ခိုအောင်းနေထိုင် အသက်ရှင်နိုင်သည်။ ရောဂါကျစပါးလမိုင်းပင်များသည်လည်း နောက်နှစ်စိုက်ပျိုး ရာသီအတွက် ရောဂါမျိုး မူရင်းအစများဖြစ်နိုင်သည်။ နီမတုတ်များသည်ခြောက်သွေ့ဒါဏ်ကို ၆-လ အထိ ခံနိုင်သော်လည်း ထို့ထက် ပိုကြာပါက ရှင်သန်မှုလျော့နည်းလာသည်။ စပါးခင်းတွင်ရေရှိချိန်၌ နီမတုတ်များသွက်လက်လှုပ်ရှားလာသည်။ ပထမဦးစွာနီမတုတ်များသည် အစေ့မှထွက်ပြူစအညှောက်၏ ထိပ်မှထိုးဖေါက်ဝင်ရောက်ပြီး တစ်ရှူးအသစ်များ ကိုစားသောက်၍ ပွားများကာ အပင်ကြီးလာသည်နှင့်အမျှ အပေါ်ပိုင်းသို့ရွေ့လျားသွားသည်။
ရောဂါအမျိုးအမည်ခွဲခြားဖေါ်ထုတ်ခြင်း / လက်ခံပင်ပြလက္ခဏာ
ယူဖရာရောဂါဖြစ်စေသော နီမတုတ်များသည် လက်ခံတစ်ရှူး၏အပြင်၌သာ ဝင်ရောက်စားသောက် သော ပြင်ပကပ်ပါးများဖြစ်သည်။
ပျိုးပင်ငယ်လေးများပေါ်တွင်ရောဂါကျရောက်လျှင် သေးငယ်သောအဖြူစက်များကိုအရွက်များပေါ်တွင် တွေ့ရပြီး အစိမ်းနှင့်အဖြူရောင်မညီပြောက်ကြားသဏ္ဍန်တွေ့ရသည်။ ရောဂါပြင်းထန်ပါက ပျိုးပင်များခြောက် ပြီးသေသွားသည်။
အပင်ကြီးများပေါ်တွင်လည်း ရောင်မညီပြောက်ကြားလက္ခဏာကိုတွေ့နိုင်သည်။ အထူးသဖြင့် စပါးပင် ၏ အတွင်းဆုံးလိပ်နေသောအညွန့်နု၌တွေ့ရသည်။ အညွန့်များဖြူလာပြီးမကြာမီ ဝက်အူရစ်ပုံတွန့်လိမ် ကောက်ကွေးလာသည်။ အနှံထွက်ချိန်တွင်ဖြစ်ပါက သိသာထင်ရှားသောလက္ခဏာ အဆင့်(၃) မျိုးတွေ့ရ သည်။
(က) အနှံများရွက်ဖုံးအတွင်းမှ လုံးဝထွက်လာခြင်းမရှိပဲ အရွက်ဖြင့်ဖုံးအုပ်ထားကာ ငှက်ပျောဖူးပုံ၊ လွန်းပုံစသည်ဖြင့်တွေ့ရသည်။ ၎င်းကို "ဖူးရောင် ယူဖရာ" ဟုခါ်သည်။
(ခ) ဖူးယောင်နေသောရွက်ဖုံးအတွင်းမှ အနှံတစ်စိတ်တစ်ပိုင်းထွက်လာသော်လည်း အဆန်များအောင် မြင်မှုမရှိပေ။ ၎င်းကို "ကြား ယူဖရာ" ဟုခေါ်သည်။
(ဂ) အနှံသည်ရွက်ဖုံးအတွင်းမှထွက်ပေါ်လာပြီး အပေါ်ပိုင်းရှိအဆန်များမအောင်ပဲ အောက်ပိုင်းမှ အဆန်များသာအောင်တတ်သည်။ အနှံအပေါ်ပိုင်းတွန့်လိမ်ကောက်ကွေးနေတတ်သည်။ ၎င်းကို "ပတ်ကား (သို့မဟုတ်) ရင့်မှည့်ယူဖရာ" ဟုခေါ်သည်။
စပါးပင်ပန်းပွင့်ချိန်နှင့် အနှံထွက်ချိန်များတွင် နီမတုတ်များကို ပင်စည်အဆစ်များ၏အထက်တွင် လည်းကောင်း၊ စပါးပန်းပွင့်ရိုးတန်နှင့် အခွံများအတွင်း၌လည်းကောင်းတွေ့ရသည်။ ရောဂါပြင်းထန်ပါက နောက်ပိုင်းတွင် အပင်များဖြူခြောက်လာပြီး အနှံများလည်းမအောင်သဖြင့် ရိတ်သိမ်း၍မရတော့သည့် တံဇဉ်လွတ် အနေအထားမျိုးရောက်ရှိသွားပြီး ၁၀၀% နီးပါးဆုံးရှုံးမှုဖြစ်ပေါ်စေသည်။

ယူဖရာရောဂါကျနေသည့် စပါးပင် (ဓာတ်ပုံ - အောင်ကိုဝင်း)
ရောဂါ၏ အရေးကြီးမှု
စပါးယူဖရာရောဂါရောဂါကြောင့် စပါးနှံများဆိုးဆိုးဝါးဝါးပျက်စီးသဖြင့် စပါးအထွက်နှုန်းကျဆင်းမှု သည် အိန္ဒိယနိုင်ငံတွင် ၁၅%၊ ထိုင်းနိုင်ငံတွင် ၂၀ မှ ၉၀%၊ ဗီယက်နမ်နိုင်ငံတွင် ၅၀ မှ ၁၀၀%၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၄၀ မှ ၉၀% အထိရှိ ကြောင်းမှတ်တမ်းများအရ သိရသည်။
ကာကွယ်နှိမ်နင်းနည်းများ
(၁) ခံနိုင်ရည်ရှိသောစပါးမျိုးများရွေးချယ်စိုက်ပျိုးရမည်။
(၂) ဤရောဂါကို သီးနှံ အလှည့်ကျစိုက်ခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်သည်။
(၃) အော်ဂဲနစ်မြေပြုပြင်ပစ္စည်းများထည့်ပေးလျှင်လည်း ရောဂါကျရောက်မှုလျော့နည်းနိုင်သည်။
(၄) စပါးရိုးပြတ်များ၊ လယ်ကွက်ဘေးရှိပေါင်းမြက်ပင်များတွင် တစ်ရာသီနှင့်တစ်ရာသီကြား ခိုအောင်းနေနိုင်သဖြင့် ၎င်းတို့ကိုမီးရှို့ဖျက်ဆီးရမည်။
(၅) ပင်လယ်ဒီရေဝင်လျှင် အခြားလယ်ကွက်များသို့ကူးစက်စေနိုင်သဖြင့် လယ်ကန်သင်းများ၊ တာတမံ များဖို့ပေးရမည်။
(၆) ကာဘိုဖြူရမ်ကို နီမတုတ်ရောဂါကျ စပါးခင်းထဲထည့်သွင်းပေးလျှင်လည်း ဤရောဂါကိုနှိမ်နင်းနိုင်သည်။
(၇) ဖျူရေဒန် ၅-ဂျီ ကို တစ်ဟက်တာလျှင် အစွမ်းရှိပစ္စည်း ၁ကီလိုဂရမ်နှုန်းဖြင့် ရောဂါကျပျိုးပင်များကို ကွင်းထဲ သို့ရွှေ့မစိုက်မီ ရက်-၂၀ ကြိုတင်ပြီးပျိုးခင်းတွင်ထည့်ပေးလျှင် ရောဂါကိုများစွာလျော့နည်းသွား စေသည်။
(၈) အခဲလေးများသဏ္ဍန်ရှိ နီမာတုတ်သတ်ဆေးများဖြစ်သော ဆန်ဖျူရန် ၅-ဂျီ၊ အက်ဖျူရန် ၅-ဂျီ နှင့်ဖေါ်ဝါ ဖျူရန် ၅-ဂျီ တို့သည် ယူဖရာရောဂါကိုနှိမ်နင်းနိုင်ပြီး ပင်ပွားများပျက်စီးမှုကိုများစွာလျော့နည်းစေကာ ရောဂါကင်းသည့်အနှံဦးရေများစွာတိုးလာစေသည်။ ဤဆေး(၃)မျိုးဖြင့် ကာကွယ်နှိမ်နင်းခြင်းကြောင့် စပါးအတွက်ကုန်ကျ စရိတ်ကာမိကြောင်းသိရသည်။
ဒေါက်တာခင်နှင်းယု
ကျမ်းကိုးစာရင်း
· S. Khanam, A. M. Akanda, M. A. Ali, T. Kyndt, and G. Gheysen. (2016). "Identification of Bangladeshi rice varieties resistant to ufra disease caused by the nematode Ditylenchus angustus." Crop Protection. Volume 79, January 2016, pages 162-169.
· Latif M. A, U. M. Wali, M. Y. Rafii, M. Tajul. (2011). "Ditylenchus angustus with nematicides and resistance". African journal of microbiology research, 5(13): July 2011
· "အပင်နီမတုတ်ရောဂါများ" သင်တန်းပို့ချစာစဉ်။ အပင်ရောဂါဗေဒဋ္ဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးယူဖရာရောဂါ
ko zaw
လွန်ခဲ့သော ၁ ပတ် ကစပါးယူဖရာ ရောဂါ ဖစ်နေလို့ ဘယ်ဆေးသုံးရင်အထိရောက်ဆုံး လည်း
nay lin
လွန်ခဲ့သော ၂ နှစ် ကယူဖရာ ရောဂါဖြစ်ပြီး အပင်တက်ရန် တောင်သူကိုဘယ်လိုညွှန်ကြားရပါမလဲခင်ဗျ လမ်းညွှန်ပေးပါအုံးနော် လေးစားစွာဖြင့် ။ ကိုနေလင်းအောင်
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏
Aung Ko Min • ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Dr. Khin Hnin Yu
အားလုံး