အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အပင်ဟော်မုန်းများနဲ့ ရွက်ဖျန်းဆေးများ

အပင်ဟော်မုန်းများနဲ့ ရွက်ဖျန်းဆေးများ

Green Way
Green Way • Greenovator • 30/05/2018

အရည်ပုံစံရွက်ဖျန်းဆေးများကို အားဆေးများ၊ အပင်ကြီးထွားမြန် လှုံ့ဆော်ဆေးများအပြင် ပေါင်းသတ် ဆေးများ အဖြစ်ပါ တီထွင်ထုတ်လုပ် ရောင်းချလာကြပါတယ်။ အပင်ဟော်မုန်းဆိုတာကတော့ အပင်ကနေ သဘာ၀ အတိုင်း ထုတ်လုပ်ပေးတဲ့ ပင်တွင်းဓါတုဒြပ်ပေါင်းများပဲဖြစ်ပါတယ်။ ရွက်ဖျန်းအားဆေးရည်များဟာ အပင်အတွင်းပိုင်းမှာ ဟော်မုန်းများက လုပ်ဆောင်တဲ့လုပ်ငန်းများကိုပါ တထပ်တည်း တူညီအောင် လုပ်ဆောင်နိုင်စွမ်းရှိတာကြောင့် ပင်ပိုင်းဆိုင်ရာနဲ့ သီးပွင့်ပိုင်းဆိုင်ရာကဏ္ဍများကို ထိန်းချုပ်ရာမှာလည်း လွန်စွာ အသုံးဝင်ပါတယ်။ အပင်ဟော် မုန်းများဟာ အပင်အစိတ်အပိုင်းတစ်နေရာရာမှ ပမာဏအနည်းငယ်သာ သဘာဝအတိုင်းထွက်ရှိလာကြပြီး အပင် အနှံ့အပြားကို သွားလာပြန့်နှံ့သွားနိုင်စွမ်း ရှိပါတယ်။ အပင်တစ်သျှူးအမျိုးမျိုးကိုလိုက်ပြီး ဟော်မုန်းအမျိုးအစား ရှိတဲ့အထဲက အောက်ဇင် (Auxin) လို့ခေါ်တဲ့ ဟော်မုန်းဟာ အပင်အတွက် အရေးကြီးကဏ္ဍမှ လုပ်ဆောင်ပါဝင် နေပါတယ်။ အပင်ရဲ့ အညွန့်အမြစ်ကဲ့သို့သော ကြီးထွားရှည်ထွက်တတ်တဲ့ အစိတ်အပိုင်းများမှ အဓိကထုတ်ပေးပါ တယ်။ ရွက်ဖျန်းအားဆေးသုံးခြင်းဖြင့် သဘာဝဟော်မုန်းများနည်းတူပင် အပင်အသီးအပွင့်များ အချိန်မတိုင်မီ ကြွေကျ ဆုံးရှုံးခြင်းကိုလည်း လျော့နည်းစေပါတယ်။ ပင်ပိုင်းမျိုးပွားနည်းနဲ့ အပင်မျိုးပွားရာမှာ အောက်ဇင်လို့ ခေါ်တဲ့ အပင်ဟော်မုန်းတစ်မျိုးကို ကိုင်းများအမြစ်ထွက်မှု မြန်ဆန်စေရန်နဲ့ အမြစ်ဖြစ်ပေါ်နှုန်းများစေရန် အသုံး ပြုလေ့ရှိပါတယ်။ သဘာဝဟော်မုန်းကဲ့သို့တုပကာ 2, 4-dichlorophenoxyacetic acid (2,4-D) ကဲ့သို့ သော လူလုပ်ဟော်မုန်း ရွက်ဖျန်းဆေးများလည်း ရှိပါသေးတယ်။ ၎င်းကို ရွက်ပြန့်ပေါင်းသတ်ဆေးအဖြစ် တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါတယ်။ 

ယေဘုယျအားဖြင့် မြေအတွင်းကို ပက်ကျွေးရလေ့ရှိတဲ့ အများလိုမြေသြဇာများကို အမြစ်များမှ ပမာဏ များများ ကို စုပ်ယူပါတယ်။ ရွက်ဖျန်းအားဆေးများကတော့ အရွက်မှာရှိတဲ့ မမြင်နိုင်အောင် သေးငယ်လွန်းလှတဲ့ အပေါက် ငယ်လေးတွေကနေ အပင်အတွင်း ဝင်ရောက်သွားတာဖြစ်တာမို့ တစ်ကြိမ်ထဲမှာ လိုအပ်တာထက် အများအပြား ကျွေးမိပါက အပင်မှကျွေးသမျှ အကုန်မစုပ်ယူနိုင်ဘဲ အလဟသဆုံးရှုံးမှုများကို ရင်ဆိုင်ရနိုင်တာကြောင့် ကျွေး မယ့်အမျိုးအစား၊ ဖျန်းမယ့်အချိန်နဲ့ အကြိမ်ရေ၊ ရာသီဥတု၊ လေတိုက်နှုန်း၊ အပူချိန် စသည်တို့ကို မိမိဉာဏ် ရှိသလို ချိန်ဆသုံးတတ်ဖို့ အလွန်အရေးကြီးပါတယ်။ ဥပမာအားဖြင့် တချိန်ထဲမှာ ရွဲရွဲစိုအောင် ဖျန်းခြင်းထက် အကြိမ်ရေခွဲကာ မျှတအောင်ဖျန်းခြင်းက ပိုမိုထိရောက်စေခြင်း စတဲ့အချက်များကို ထည့်သွင်းစဉ်းစား သင့်လှ ပါတယ်။

ရွက်ဖျန်းဆေးများရဲ့ အားသာချက်များကို ကျေးဇူးရှင်တောင်သူဦးကြီးများ ကောင်းစွာ နားလည်သဘော ပေါက် သိရှိထားခြင်းဖြင့် သီးနှံပင် အာဟာရချို့တဲ့မှုပြသနာများကို အချိန်အား၊ ငွေအား၊ လုပ်အား စသဖြင့် အဖက်ဖက် မှ လွယ်ကူသက်သာစွာ ဖြေရှင်းနိုင်ကြပြီး အထွက်တိုး/ ဝင်ငွေတိုးကြစေရန် ရည်ရွယ်ရေးသားဝေမျှလိုက်ရပါ တယ်။ 

မိုးအိမ် (Bag 2008)

 

Myo Zaw Hein

Myo Zaw Hein

လွန်ခဲ့သော ၂ နှစ် က

ပင်ပျိုသုံးရလားလို ့ကျနော်က

khaing zaw

khaing zaw

လွန်ခဲ့သော ၅ နှစ် က

ဟော်မုန်းဆေးကိုကွမ်းသုံးချင်လို ဘယ်လိုပြောဝယ်ရမလဲ

You

ဆက်စပ်မေးခွန်းများ

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း

နံပတ်2 • ဖြေကြားချက် 1 ခု

မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ

နံပတ်2 • ဖြေကြားချက် 4 ခု

Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား

Khing Hein • ဖြေကြားချက် 1 ခု

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

Phyo Zaw Hein • ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။