အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရိတ်သိမ်းပြီးနောက် မြေပဲ၏အရည်အသွေးများကို ထိန်းသိမ်းနည်းစနစ်များ

ရိတ်သိမ်းပြီးနောက် မြေပဲ၏အရည်အသွေးများကို ထိန်းသိမ်းနည်းစနစ်များ

Green Way
Green Way • Greenovator • 08/02/2019

ရိတ်သိမ်းပြီးနောက်ပိုင်းတွင်လည်း မြေပဲ၏ အရည်အသွေး ပျက်စီးဆုံးရှုံးမှုမရှိစေရန် အောက်ပါတို့ကို စနစ်တကျ သတိပြုဆောင်ရွက်သင့်ပါသည်။

(က) အခြောက်ခံခြင်း

မြေပဲတောင့်များကို အခြောက်ခံရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အယ်လ်ဖာတောက်စင် (Alfatoxin) မှိုဆိပ်ကို ထုတ်ပေးသော Aspergillus flavus မှိုကျရောက်ခြင်းမှ ကာကွယ်ရန် ဖြစ်ပါသည်။ နှုတ်ယူပြီးစ မြေပဲပင်များ အတောင့်မခြွေမီ ယာခင်းထဲ၌ပင် အစုအပုံငယ်များပြုလုပ်ပြီး တစ်ပတ်ခန့် နေလှန်းအခြောက်ခံရပါမည်။ မြေပြင်ပေါ်တွင် တိုက်ရိုက်စုပုံခြင်းထက် သီးနှံအခြောက်လှန်းစင်များကို အသုံးပြုသင့်ပါသည်။ သို့မှသာ မြေပဲတောင့်ကို မြေပြင်ရှိ ခြ၊ ပုရွက်ဆိတ်တို့ ထိုးဖောက်မှု အန္တရာယ်နှင့် ညအချိန်အေးသောအခါ မြေကြီးမှ အစိုဓာတ်များ ပြန်လည်ဝင်ရောက်မှုတို့ကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။

နေလှန်းနေစဉ်အချိန်တွင် မြေပဲတောင့်များ အခြောက်ညီစေရန် အပေါ်အောက် လှန်ပေးသင့်ပါသည်။ မြေပဲတောင့်များ ၏ အစိုဓါတ်သည် ၆ ရာခိုင်နူန်းမှ ၈ ရာခိုင်နူန်း အတွင်းရှိပါက သိုလှောင်ရန် အကောင်းဆုံးဖြစ်ပါသည်။ ထိုအခြေ အနေထက်ပို၍ ခြောက်သွေ့စေရန် နေပူထဲတွင် ရက်ကြာရှည်စွာထားပါက အစေ့ အရည်အသွေး ကျဆင်းပြီး အပင်ပေါက်နူန်း လျော့ကျစေပါသည်။ မြေပဲတောင့်များကို အပင်မှ တိုက်ရိုက်ဆွတ်ခြွေပြီး နေရောင်အောက်ရှိ တလင်းတွင်လည်းကောင်း၊ တဲများ တင်းကုပ်များတွင် အရိပ်အောက်၌ လေဖြင့် အခြောက်ခံခြင်းလည်း ပြုလုပ်တတ်ကြပါသည်။

(ခ) ခြွေလှေ့သန့်စင်ခြင်း

ကောင်းစွာခြောက်သွေ့သော မြေပဲတောင့်များကို အပင်နှင့်သီးခြားစီဖြစ်အောင် တုတ်ကို အသုံးပြု၍ ရိုက်ခြွေရပါသည်။ လက်ဖြင့်လည်း ဆွတ်ခြွေကြပါသည်။ တောင်သူလယ်သမားများသည် သိမ်းဆည်းသိုလှောင်မည့် မြေပဲတောင့်များကို သိမ်းဆည်းသင့်သည့် ခြောက်သွေ့မှုကို ဆုံးဖြတ်ရာတွင် မြေပဲ အတောင့်များကို လက်ဖြင့် ဆုပ်ကိုင်လှုပ်ရမ်းကာ အသံကိုနားထောင်ဆုံးဖြတ်တတ်ကြပါသည်။ အချို့ကလည်း မြေပဲတောင့် နမူနာများယူပြီး အခွံခွာကာ သိမ်းဆည်းတတ်ကြပါသည်။ ပြီးနောက် အဆန့်ပြည့် မြေပဲတောင့်များ၊ မဖွံ့ဖြိုးသော မြေပဲတောင့်များ၊ ကွဲကြေနေသော မြေပဲတောင့် အပိုင်းအစများနှင့် အပင်အကျိုးအကြေများကို သီးခြားစီဖြစ်အောင် ခွဲခြားသန့်စင်ရပါမည်။ ဖုန်၊ သဲ၊ ခဲနှင့် မြေပဲပင်အရိုးတို့ ပါဝင်မှုမရှိစေရန်လည်း သတိပြုသင့်ပါသည်။ ဤကဲ့သို့ သန့်စင်ခြင်း မပြုပါက ၎င်းတို့မှတဆင့် ရောဂါပိုးမွှား အလွယ်တကူ ဝင်ရောက်လာနိုင်ပြီး အောင်မြင်သော မြေပဲတောင့်များပါ ပျက်စီးဆုံးရှုံးနိုင်ပါသည်။

ကောင်းမြတ်(၂၀၀၂, ရေဆင်း)

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ကျော်မီးခက်

ကျော်မီးခက်

လွန်ခဲ့သော ၁၁ လ က

မြေပဲသက်တမ်းဘယါလောက်လ‌ဲ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

နှမ်းနက်ဘယ်ဈေးပေါက်နေပြီလဲဗျ

yarzar • ဖြေကြားချက် 0 ခု

ကုလားပဲမျိုးထားတဲ့အချိန်မှာမှိုဆေးလူးပြီးထားလို့ရလားဗျရရင်လည်းဘာမှိုဆေးနှင့်ထားရင်အကောင်းဆုံးလည်းဗျ ကျေးဇူးပါ။

TSM • ဖြေကြားချက် 1 ခု

ရော်ဘာအစေးခြစ်နည်းစာအုပ်ကို ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ? ရော်ဘာအစေးခြစ်နည်းကိုစာတွေ့ လက်တွေ့သင်ပေးနိုင်တဲံ သင်တန်း/သင်တန်းဆရာကိုဆက်သွယ်ရန်ဖုန်းနံပါတ်လေးတွေ သိချင်ပါတယ်ရှင့်

win le oo • ဖြေကြားချက် 1 ခု

(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီး‌ေတွကမဲ‌ေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်

ကိုစိုးအောင် • ဖြေကြားချက် 1 ခု

စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်

Thiri Aung • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။