အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေဆီလွှာထဲရှိ အာဟာရဓာတ်များ လျော့နည်းသွားခြင်း

မြေဆီလွှာထဲရှိ အာဟာရဓာတ်များ လျော့နည်းသွားခြင်း

ကမ္ဘာပေါ်ရှိလူသားအားလုံး မြေကြီးပေါ်မှာ ရပ်တည်နေထိုင်းပြီး မြေကြီးမှ လူသားများအတွက် အစားအစာများကိုပါ ထောက်ပံ့ပေးပါသည်။ မြေကြီးက လူသားတွေအပေါ် တာဝန်ကျေသော်လည်း လူသားများက မြေကြီးအပေါ်တာဝန်မကျေကြပါ။ လူသားများက မြေကြီးအပေါ် ဘာပဲလုပ်လုပ် မြေကြီးက ဘာတုံ့ပြန်မှုမှ မပေးပဲ သည်းခံနေပါသည်။ ဗုဒ္ဓဘာသာတို့၏ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က မြေကြီးကဲ့သို့ ကျင့်ကြံရမည်ဟု မိန့်တော် မူခဲ့ပါသည်။

ကျွန်တော်တို့စိုက်ပျိုးရေးသမားများကလည်း မြေကြီးအပေါ်မှာ သီးနှံပင်များစိုက်ပျိုးရာတွင် သီးနှံပင်များသည် မြေကြီးထဲတွင် မူလရှိနေသော အာဟာရဓာတ်များကို စုပ်ယူသွားပါသည်။ ထို့ကဲ့သို့ နှစ်စဥ်ဆက်တိုက်စိုက်ပျိုးလာရာ မြေကြီးထဲတွင် အာဟာရဓာတ်များ များစွာလျော့နည်းလာပါသည်။ ထို့ကြောင့် ယနေ့ခေတ်တွင် မြေသြဇာများ များစွာအသုံးပြုလာကြပါသည်။ လူသားများသည် မြေကြီးဆီမှ နေစရာ၊ စားစရာများ ယူထားကြသော်လည်း မြေကြီးကို ထိန်းသိမ်းစောင့်ရှောက်ရန် မေ့နေကြပါသည်။ လူသားများက မြေကြီးကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ထားလျှင် မြေကြီးက လူသားတို့အတွက် များစွားအကျိုး ပြန်ပေးနိုင်ပါသည်။

မြေဆီလွှာထဲတွင် အာဟာရဓာတ်များ လျော့နည်းလာရခြင်းမှာ သီးနှံပင်များကို နှစ်စဥ်ဆက်တိုက်စိုက်ပျိုးခြင်း၊ မြေတိုက်စားခြင်းများ၊ အာဟာရဓာတ်များ မြေကြီးထဲသို့စိမ့် ဝင်သွားခြင်း၊ အာဟာရဓာတ်များ အငွေ့ပျံသွားခြင်း စသည့်တို့ကြောင့်ဖြစ်ပါသည်။

စိုက်ပျိုးရေးသမားများသည်လည်း သီးနှံများ နှစ်စဥ်ဆက်တိုက်စိုက်ပျိုး၍ မြေဆီလွှာ ထဲတွင် အာဟာရဓာတ်များ လျော့နည်းသွားသောကြောင့် ဖြည့်စွက်မြေသြဇာများကို အသုံးပြုကြပါသည်။ ထို့သို့အသုံးပြုရာတွင်လည်း အများလိုအာရဓာတ်များဖြစ်သော N, P, Kတို့ကိုသာ အများစုထည့်သွင်း အသုံးပြုကြပါသည်။ အနည်းလိုအာဟာရဓာတ်များကို အသုံးပြုမှု နည်းပါသည်။ အနည်းလို အာဟာရဓာတ်များသည် အနည်းလိုဆိုသည့်အတိုင်း အပင်များအတွက် ပမာဏ အနည်းငယ်သာ လိုအပ်သောကြောင့် ထည့်သွင်းအသုံးပြုမှု နည်းပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စိုက်ပျိုးရေးနှင့်ပတ်သက်သော ဓာတ်ခွဲခန်းများ များစွာရှိသော ကြောင့် မိမိတို့စိုက်ပျိုးသော မြေကြီးထဲတွင် မည့်သည့်အာဟာရဓာတ်များ လျော့နည်းနေသည် ကို လျှင်မြန်စွာ သိရှိနိုင်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ဓာတ်ခွဲခန်းများ နည်းပါး သေးသောကြောင့် မြေကြီးထဲတွင် မည်သည့်အာဟာရဓာတ်များ လျော့နည်းနေသည်ကို သိရှိရန် အခက်အခဲများ ရှိနေပါသေးသည်။

ယခုနောက်ပိုင်းတွင် အာဟာရချို့တဲ့မှုများကို တွေ့ရများနေပါသည်။ အာဟာရချို့တဲ့ လျှင် ချို့တဲ့ကြောင်းကို စိုက်ပျိုးထားသော အပင်များ၏ လက္ခဏာများကို ကြည့်၍ သိရှိနိုင် ပါသည်။ ထိုလက္ခဏာများသည်လည်း အပင်ရောဂါလက္ခဏာများနှင့် ဆင်တူသောကြောင့် ဂရုတစိုက်ခွဲခြားရန်လိုအပ်ပါသည်။ မိမိတို့စိုက်ပျိုးထားသော မြေကြီးထဲတွင် အာရဓာတ်များ ချို့တဲ့ခဲ့လျှင် မိမိတို့မျှော်မှန်းထားသော အထွက်နှုန်းများ မရရှိနိုင်ပါ။ ရရှိလာသော သီးနှံများသည်လည်း အရည်အသွေးမပြည့်ဝသော သီးနှံများဖြစ်ကာ ဈေးကွက်မရရှိနိုင်ပါ။ မြေကြီးထဲတွင် အာဟာရဓာတ်များ ချို့တဲ့မှုသာမက အာဟာရဓာတ်ပေါများလွန်းလျှင်လည်း အာဟာရဓာတ် အဆိပ်တောက်မှုများလည်း ဖြစ်ပေါ်နိုင်ပါသည်။

ဓာတုဓာတ်မြေသြဇာများသည် အာဟာရဓာတ်ချို့တဲ့မှုများကို ကုစားရာတွင် လျှင်မြန်စွာထိရောက်မှုရှိသော်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်း၊ သီးနှံများဈေးကွက် မရရှိခြင်း၊ လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေခြင်း၊ မြေကြီးထဲရှိ အကျိုးပြု အဏုဇီဝ သက်ရှိများ ပျက်စီးစေခြင်း စသည့်တို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော၊ လူသားများ၏ ကျန်းမာရေးနှင့် ညီညွှတ်သော၊ မြေကြီးထဲတွင် အာဟာရဓာတ်များ ကြာရှည်စွာ ထိန်းသိမ်းထားနိုင်သော သဘာဝမြေသြဇာများကို အသုံးပြုကြပါစို့။

မောင်ချမ်းသာဦး

ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

 

ွဝင့်ဝါဖြူ

ွဝင့်ဝါဖြူ

လွန်ခဲ့သော ၅ နှစ် က

သဘာဝမြေသြဇာလို့ပြောရင်တချို့ကဈေးကြီးတယ်တဲ့သဘာဝဆိုတာဘယ်လိုလဲဆိုတာရှင်းပြပါအုံး

မျိုးထက်အောင်

မျိုးထက်အောင်

လွန်ခဲ့သော ၅ နှစ် က

မြေဆီလွှာအငံဓာတ်ရှိတဲ့နေရာတွေဆိုဘယ်လို့အပင်တွေစိုက်သင့်လဲပြီးရင်ချဉ်တဲ့နေရာတွေမှာကောဘယ်လို့အပင်မျိုးစိုက်သင့်လဲဗျ

ခင်မောင်အေး

ခင်မောင်အေး

လွန်ခဲ့သော ၅ နှစ် က

တစ်ဧကအပေါ်ထည့်သွင်းရမည့်ပမာဏကိုရှင်းပြပေးပါခင်ဗျား

ခင်မောင်အေး

ခင်မောင်အေး

လွန်ခဲ့သော ၅ နှစ် က

အနည်းလိုအဟာတွေကဘာတွေပါဝင်ပါသလဲ။

Myo Myoaung

Myo Myoaung

လွန်ခဲ့သော ၅ နှစ် က

အနည်းလိုအဟာရများကိဘယ်လိုဖြည့်ရမလဲ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ

U Soe • ဖြေကြားချက် 4 ခု

ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ

Nyan Lwin Tun • ဖြေကြားချက် 2 ခု

ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်

Nay • ဖြေကြားချက် 1 ခု

ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ

ဇေယျာဟိန်း • ဖြေကြားချက် 4 ခု

မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ

phyo lay • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။