ဩဂဲနစ်မြေဩဇာများ၏ အကောင်းဘက်ခြမ်းများ
ပြီးခဲ့တဲ့အပတ် ဆောင်းပါးမှာတုန်းက လက်လုပ်ဩဂဲနစ် မြေဩဇာတွေရဲ့ အရေးကြီးဆိုးကျိုးတချို့ကို ဖော်ပြပြီး ဖြစ်လို့ ဒီအပတ်မှာတော့ ကောင်းကျိုးတွေကို ဖော်ပြသွားပါ့မယ်။
မြေဩဇာဈေးတွေ မြင့်တက်နေတာကြောင့် ဩဂဲနစ်မြေဩဇာများကို တစ်ပိုင်တစ်နိုင် ပြုလုပ်ပြီး စိုက်ပျိုးရေးမှာ အသုံးပြုနိုင်ပါတယ်..။ မိမိကိုယ်တိုင် ဖန်တီးထားတဲ့ ဩဂဲနစ်မြေဩဇာတွေကို စိုက်ပျိုးရေးလုပ်ကိုင်သူတွေ အနေ နဲ့ သိပ်ပြီး တန်ဖိုးမထားကြတာ တွေ့ရပါတယ်။
ဒါပေမဲ့ တကယ်တမ်းမှာတော့ သူတို့မှာလည်း ကောင်းကျိုးတွေ အများအပြားရှိလို့ အောက်မှာဖော်ပြပေးလိုက်ပါတယ်..။
(၁) မြေဆီလွှာအပေါ် သက်ရောက်မှု
ဩဂဲနစ်မြေဩဇာတွေဟာ ဩဂဲနစ်ပစ္စည်းများ သို့မဟုတ် သစ်ဆွေးဓာတ်ကို အခြေခံထားတာကြောင့် မြေသားကို ပိုမို ကောင်းမွန်စေပါတယ်။ မြေသား အနုအကြမ်းနဲ့ ရေထိန်းစွမ်းအားများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင် ပေးနိုင်ပါတယ်။ မြေဆီလွှာအတွင်းရှိ အဏုဇီဝပိုးများကို ပိုမို တိုးပွားစေပါတယ်..။ မြေဆီလွှာရဲ့ ဓာတ်ဂုဏ်သတ္တိ၊ ရုပ်ဂုဏ်သတ္တိနဲ့ ဇီဝဂုဏ်သတ္တိ (၃) မျိုးလုံးအတွက် အထောက်အကူပြုပါတယ်..။
(၂) အပင်အာဟာရဓာတ်တန်ဖိုး
အားလုံးကြားသိနေတဲ့ နိုက်ထရိုဂျင် (N) ဖော့စ်ဖရပ် (P) နဲ့ ပိုတက်ဆီယမ် (K) အများလို အာဟာရဓာတ်များ သာမက အခြား အနည်းလို အာဟာရဓာတ်များကိုလဲ ရရှိနိုင်ပါတယ်..။ ဒီနေရာမှာ ဓာတုမြေဩဇာဆိုရင် ပါဝင်တဲ့ သတ်မှတ်အာဟာရဓာတ်ကိုသာရနိုင်ပါမယ်..။ ဩဂဲနစ် မြေဩဇာတွေမှာ များသောအားဖြင့် အာဟာရတန်ဖိုး နည်းပေမယ့် အနည်းလိုဓာတ်များပါအပါ အာဟာရဓာတ် စုံလင်စွာ ပါနိုင်ပါတယ်..။
(၃) ထိခိုက်ပျက်စီးမှု
ငါးအမိုင်နိုနဲ့ အချို့သော အချဉ်ဖောက်ရည်တွေကလွဲရင် မြေဆွေး၊ ဘိုကာချီ စတဲ့ ဩဂဲနစ် မြေဩဇာတွေဟာ အပင်လောင်ကျွမ်းမှု နည်းပါးပါတယ်..။ ငါးအမိုင်နိုနဲ့ ရွက်ဖျန်းတွေအနေနဲ့လည်း သတ်မှတ်နှုန်းထားနဲ့ပဲ ဖျန်းရင် အပင်တွေထိခိုက်မှုရှိနိုင်မှာ မဟုတ်ပါဘူး။ ဓာတုမြေဩဇာတွေကိုလည်း လက်ဆမမှန်ဘဲ ကျဲပက်တာများသွားရင် အပင်များကို သိသာစွာ ထိခိုက်နိုင်ပါတယ်..။ ဒါ့အပြင် ဩဂဲနစ် မြေဩဇာတွေဟာ လူ၊ စိုက်ခင်း၊ မြေကြီးနဲ့ ပတ်ဝန်းကျင် ဂေဟစနစ် ကို ဓာတုစိုက်ပျိုးရေးဆေးတွေထက် ထိခိုက်နိုင်မှု နည်းပါတယ်..။
(၄) ကုန်ကျစားရိတ်
ဟိုး ယခင်နှစ်တွေအရ ပုလဲတစ်အိတ် ၂-၃ သောင်းခန့် (သို့) ကွန်ပေါင်း တစ်အိတ် ၃-၄ သောင်းခန့်တုန်းကတော့ ဓာတုမြေဩဇာတွေက အလုပ်ရှုပ်သက်သာတာကြောင့် ပေးရကျိုးနပ်ပါတယ်..။ အခုအချိန်မှာတော့ ဩဂဲနစ် မြေဩဇာတွေကို ရွေးချယ် လုပ်အားစိုက်ပြီး ပြုလုပ်မယ်ဆိုရင် ပိုမို တွက်ချေကိုက်ပါမယ်..။
(၅) အကျိုးအာနိသင်
အကျိုးအာနိသင်အားဖြင့် ကိုယ်တိုင်လုပ်နည်းလေးတွေ ဖတ်ရှုလေ့လာပြီး ဖန်တီးထားတဲ့ လက်လုပ် တစ်ပိုင် တစ်နိုင် ဩဂဲနစ်မြေဩဇာတွေဟာ တကယ်ကော အကျိုးရှိပါ့မလား? အထွက်ကောင်းအောင် တကယ်ပဲ လုပ်ဆောင်ပေးနိုင်မလား ?
ဒီမေးခွန်းအတွက် အတိုးတက်သလို ဥပမာ ပေးပါရစေ၊ တစ်ရာသီနဲ့တော့ မသိသာ ပေမယ့်၊ အတိုး တဖြည်းဖြည်း တက်လာသလို မြေသားများ တစ်ရာသီထက် တစ်ရာသီ ပိုမို ကောင်းမွန်လာပြီး အကျိုးရှိလာမှာဖြစ်ပါတယ်..။ ဓာတုမြေဩဇာများ အနေဖြင့် ပေးခြင်းမှာလည်း အပင်တွေဟာ ပေးသမျှ ကျွေး သမျှ အကုန်စားမရနိုင်ပါဘူး။ လေလွင့်ဆုံးရှုံးနိုင်ပါတယ်..။ ဩဂဲနစ် မြေဩဇာတွေမှာတော့ အပင်လိုသလောက် စားနိုင်ရုံတမယ်သာ အစာအဟာရဓာတ် ထုတ်ပေးပါတယ်..။ အဲ့ဒါကြောင့် ပိုးနဲ့ရောဂါ အလွန်အကျွံ ကျလာမှာကိုလည်း ထိန်းညိှပေး ပါတယ်..။ အချိန်အားဖြင့်လည်း ပိုပြီးတော့ မြေကြီးအတွင်းမှာ တည်ရှိနေနိုင်ပါတယ်..။ အနှစ်ချုပ်အားဖြင့် ဓာတုမြေဩဇာတွေထက် သာလွန်တဲ့ အထွက်နှုန်းကို မရရှိနိုင်ပေမယ့် ရေရှည်မှာတော့ ဓာတုမြေဩဇာက ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေထက် သူက ပိုသာနိုင်ပါတယ်..။
မြန်မာနိုင်ငံမှာ ဩဂဲနစ် စိုက်ပျိုးရေးစနစ်သို့ လုံးဝနီးပါး ပြောင်းဖို့မလွယ်ပေမယ့် မြေဩဇာ အခန်းကဏ္ဍကစလို့ ပြောင်းလဲသင့်ပါတယ်..။ဒါမှသာ ဓာတုမှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေကြောင့် စိုက်ခင်း မြေကြီးအား ထိခိုက်မှုကို ကုစားရန် အဆင်ပြေပါမယ်..။ မိမိတို့ရဲ့အချိန်နဲ့ လုပ်အားတချို့ကို ဩဂဲနစ်မြေဩဇာများ အတွက် ရည်ရွယ်သွားမယ်ဆိုရင် ပိုမိုတည်တံ့တဲ့ စိုက်ပျိုးရေးဆီသို့ ဦးတည်လာနိုင်မှာ ဖြစ်ပါတယ်..။
ဖုန်းမာန်တိုး (ရေဆင်းရနံ့)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုမောင်မောင်(သုဝဏ္ဏ)
လွန်ခဲ့သော ၂ နှစ် က9
Ei Ei Cho
လွန်ခဲ့သော ၃ နှစ် ကသစ်စိမ်းမြေသြဇာပြုလုပ်နည်းလေးညွှန်းပေးစေချင်ပါတယ်ခဗျ
Daw moo ra
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
ဘိုဘို
လွန်ခဲ့သော ၄ နှစ် ကကြေးဇူးပါ
Sun Shwe Myint
လွန်ခဲ့သော ၄ နှစ် ကကောင်းတယ် ဒါပေမယ့် စိတ် ရှည် ဘို့လိုတယ်
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ
U Soe • ဖြေကြားချက် 4 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 2 ခု
ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်
Nay • ဖြေကြားချက် 1 ခု
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဖုန်းမဏ်တိုး
အားလုံး
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024