ကျန်းမာသော မြေဆီလွှာ အလေ့အကျင့်များ
လူရာ လင်းနစ် (မြေဆီလွှာ သိပ္ပံပညာပါရဂူ၊ ဝရမ်ဝေလ်စင် ကောလိပ်ရှိ ရေရှည်တည်တံ့သော စိုက်ပျိုးရေးဌာန၏ ဒါရိုက်တာ) သည် ဘလက်မောင်တိန် လူထုဥယျာဉ်ရှိ ဆွေးနွေးတင်ပြမှု တစ်ခုတွင် မြေဆီလွှာ ကျန်းမာရေး အတွက် အောက်ပါ အခြေခံ အလေ့အကျင့် လေးခုကို မျှဝေသွားခဲ့ပါသည်။
မြေကြီးကို ဖုံးအုပ်ထားပါ
မြေကြီးမျက်နှာပြင်ကို ကောက်ရိုး၊ သစ်ရွက်များ စသော သေဆုံးနေသော မြေဖုံးပစ္စည်း များဖြင့် ဖုံးအုပ်ထားပါ။ သို့မဟုတ် အရွက်ရင့်များ တစ်ရွက်နှင့် တစ်ရွက် ယှက်နေစေရန် အပင်များကို စိပ်စိပ်စိုက်ခြင်း အားဖြင့် ရှင်သန်နေသော မြေဖုံး ပင်များကို စိုက်ပျိုးထားပါ။ အရွက်များသည် ကာဘွန် များကို ဖမ်းယူနိုင်သကဲ့သို့ အလင်းမှီ အစာချက်ခြင်းကို ပိုမိုအကျိုးရှိစေသလို ပေါင်းစေ့များ အပင်ပေါက်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း ရှင်းလင်းပြပါသည်။
တက်နိုင်သလောက် မနှောက်ယှက်ပါနှင့်
ထွန်ယက်ခြင်းက မြေဆီလွှာ ကျန်းမာရေးကို သိသိသာသာ နှောက်ယှက်ပါသည်။ ထိုသို့ နှောက်ယှက်ခြင်းသည် ပေါင်းစေ့များကို အပင်ပေါက်ရန် အားပေးပါသည်။ ထို့ပြင် မြေဆီလွှာထဲရှိ ဘီလီပေါင်းများစွာသော သက်ရှိအဏုဇီဝ ပိုးများကို ဖျက်ဆီးသလို အပင်အဟာရဓာတ်များ၏ သံသရာကိုလည်း အနှောက်အယှက်ပြုပါသည်။
မှန်ကန်သောအလွှာကို အပေါ်တွင်ထားပါ
ကျန်းမာသော မြေဆီလွှာသည် အပေါ်ယံ ၃ - ၆ လက်မတွင် လေလိုအပ်သော ဘက်တီးရီးယား များဖြင့် ပြည့်နှက်နေပြီး မြေကြီးအောက် နက်လာလေလေ လေမဲ့ ဘက်တီးရီးယားများ ပိုများ လာလေလေ ဖြစ် ပါသည်။ ကောင်းမွန်သော မြေကြီး ထမင်း စားဇွန်း တစ်ဇွန်းလျှင် အဏုဇီဝ သက်ရှိပေါင်း ၁ ဘီလီယံ ရှိပါသည်။ ယေဘူယျအားဖြင့် ကျွန်တော်တို့အနေဖြင့် လေလိုအပ်သော ဘက်တီးရီးယားတို့၏ ပတ်ဝန်းကျင်ကို မြှင့်တင်ပေး လိုကြောင်း လင်းနစ်က ပြောခဲ့သည်။ ကျွန်တော်တို့ အနေဖြင့် လေလိုသော ဘက်တီးရီးယားမှ လေမဲ့ ဘက်တီးရီးယား ပတ်ဝန်းကျင် ပါဝင်မှု အနေအထားကို ထိန်းသိမ်းထားလိုပါသည်။ မြေကြီးကို လှန်လိုက်သောအခါ အဏုဇီဝ သက်ရှိများစွာ ရှင်သန်သော အပေါ်ယံမြေဆီလွှာသည် သေသွားပြီး ယင်းသေဆုံးမှုသည် ပြန်လည် စုစည်း အသက်ရှင်နိုင်ရန် အချိန်အတိုင်းအတာ တစ်ခုထိ လိုအပ်ပါသည်။
အမျိုးအစား စုံလင်သော သြဂဲနစ်ပစ္စည်းများ ထည့်သွင်းပါ
အခြားတစ်နည်းအနေဖြင့် ကျွန်ုပ်တို့ကဲ့သို့ မြေဆီလွှာသည်လည်း မျှတသော အစားအစာ လိုအပ်ပါသည်။ မြေဆီလွှာအတွက် ကာဘွန်ကြွယ်ဝသော မြေသြဇာ၊ မြေဆွေး၊ ပဲနှင့် နှံစား ၇၀ : ၃၀ အချိုး အရောကဲ့သို့သော နိုက်ထရိုဂျင်နှင့် ကာဘွန်ကြွယ်ဝသော မြေဖုံးသီးနှံများ ထည့်ပေးရန် လိုအပ်ပါသည်။
ကျန်းမာသော မြေဆီလွှာသည် သင့်ဥယျာဉ်၏ ရှင်သန်သော စနစ်ဖြစ်ပါသည်။ ထိုမြေဆီလွှာသည် မြေအောင်းရောဂါများကို လျှော့ချနိုင်ပြီး အကျိုးပြုအဏုဇီဝများအတွက် ကောင်းမွန်လှသော ခိုလှုံရန် အိမ် တစ်ဆောင် ကို ထောက်ပံ့ပေး ထားပါသည်။ ဤသို့ဖြင့် အကျိုးပြုအဏုဇီဝများကို အကာအကွယ်ပေးပြီး အဟာရများကို ထုတ်လုပ်ပေးသည့်အပြင် အန္တရာယ်ဖြစ်စေသည့် အရာများကို ဖယ်ရှားပေးပါသည်။ ကျန်းမာသောမြေဆီလွှာတွင် ရေ လေ ခိုနိုင်သော နေရာလွတ် ၅၀% ရှိပါသည်။ ထွန်ယက်ခြင်း အနည်းငယ် ပြုလုပ်ပေးခြင်းဖြင့် မြေကြီးတွင် ရေထိန်းနိုင်စွမ်းကို တိုးမြှင့်ပေးပါသည်။ အထက်ပါ ရိုးရှင်းသော အလေ့အကျင့်များကို လိုက်နာခြင်းအားဖြင့် သင့်မြေဆီလွှာသည် လူ့ကျန်းမာရေး အတွက် အရေးပါလှသော ကျန်းမာသန်စွမ်းသော အပင်များကို ထုတ်လုပ်ပေးမှာ ဖြစ်ပါသည်။
REF : A Growing Culture
Tun Tun
လွန်ခဲ့သော ၅ နှစ် ကi
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ
U Soe • ဖြေကြားချက် 4 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 2 ခု
ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်
Nay • ဖြေကြားချက် 1 ခု
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026