အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြေဆီဩဇာထက်သန်မှုနည်းသော မြေဆီလွှာများနှင့် လက်ရှိကြုံတွေ့နေရသော တောင်သူ့အခက်အခဲများ

မြေဆီဩဇာထက်သန်မှုနည်းသော မြေဆီလွှာများနှင့် လက်ရှိကြုံတွေ့နေရသော တောင်သူ့အခက်အခဲများ

မြတ်စုဝေ
မြတ်စုဝေ • 04/12/2020

    လက်ရှိအချိန်တွင် ကျွန်မတို့မြန်မာနိုင်ငံမှာရှိတဲ့ စိုက်ပျိုးမြေအများစုဟာ တစ်နေ့ထက်တစ်နေ့ မြေဆီဩဇာထက်သန်မှုများ လျော့နေလာနေကြတာ လူတိုင်းအသိပဲဖြစ်မှာပါ။ အလားတူဖြစ်ရပ်တွေကို ပြင်ဦးလွင်ဒေသရှိတောင်သူများလည်း ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။

    လူတွေမှာ အစားအစာအသစ်အဆန်းတွေပေါ်လာပြီး ရောဂါဘယ‌တွေ ထူပြောလာသလိုပဲ အပင်တွေမှာလည်း မျိုးသစ်တွေပေါ်လာတိုင်း အပင်ရောဂါနဲ့ ပိုမွှားများလည်း တ‌စ်နှစ်ထက်တစ်နှစ် ဖျက်စီးမှုများစွာ ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။

    ထိုအပြင် သီးနှံပင်များဟာ သူတို့ကြိုက်နှစ်သက်သော အာဟာရဓာတ်ကိုယ်စီရှိကြပါတယ်။ ဥပမာ - လက်ဖက် ကို acid loving plant လို ယူဆထားကြသလိုပဲဖြစ်ပါတယ်။ သူတို့ကြိုက်နှစ်သက်သော အာဟာရဓာတ်ကို သေချာမသိသောအခြေအနေမှာ တောင်သူတိုင်းကတော့ NPK မြေဩဇာကလွဲရင် မထည့်တဲ့သူတွေက များပြားလာတဲ့အခါ မြေဆီလွှာပျက်စီးမှုများစွာကို ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။

     လူတွေမှာ မျိုးရိုးကောင်းဖို့လိုအပ်သလို သူ့ကိုပံ့ပိုးပေးမယ့် ပတ်ဝန်းကျင်ကောင်းရှိဖို့လိုအပ်ပါတယ်။ ထို့အတူ အပင်တွေမှာ မျိုးစေ့ကောင်းဖို့လိုအပ်သလို့ သူ့အတွက် အများဆုံးထောက်ပံ့ပေးမယ့်မြေဆီလွှာက ကောင်းမွန်ဖို့လည်းအရေးကြီးလှပါတယ်။

    တောင်သူတွေ အဓိကရင်ဆိုင်နေရတာကတော့ သူတို့မြေက မြေဆီဩဇာထက်သန်မှုနည်းတဲ့အခါ

- သီးနှံများ ကောင်းစွာမဖြစ်ထွန်းခြင်း

- သီးနှံရောင်းရမယ့်အ‌ချိန်ထက် နောက်ကျ၍ သီးနှံထွက်ခြင်း

- အပင်ရောဂါနဲ့ ဖျက်ပိုးများ ဆိုးဝါးလာခြင်း

- ပြန်ရချက်ဝင်ငွေနည်းပါးခြင်း စသဖြင့် အခက်အခဲများစွာရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

    ထိုအခက်အခဲတွေ ဘာကြောင့်ဖြစ်လာလဲဆိုရင်တော့ -

၁။ တောင်သူအများစုဟာ ဓာတုမြေဩဇာများသာ ထည့်ကြ‌တဲ့အခါမှာ မြေထဲရှိ အဏုဇီဝသက်ရှိလေး‌တွေအတွက် ‌ကောင်းမွန်တဲ့အခြေအနေကို ဖန်တီးမပေးနိုင်တော့ပဲ အဏုဇီဝလေးတွေ အဓိကအကျိုးပြုမှုဖြစ်တဲ့ အာဟာရဓာတ်စုပ်ယူရန် ပြုလုပ်ပေးနိုင်ဖို့  အားနည်းလာပြီးအမြစ်ကနေ အာဟာရစုပ်ယူနိုင်ဖို့ပဲ ခက်ခဲလာတာပဲဖြစ်ပါတယ်။ အမြစ်က ကောင်းစွာအလုပ်မလုပ်နိုင်ရင် အထွက်ကောင်းတဲ့ သီးနှံပင်လည်း ရလာမှာမဟုတ်ပါဘူး။

၂။ တောင်သူအများစုဟာ သူတို့ရဲ့ သီးနှံအကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးပစ်ခြင်း။ ဒါဟာ တကယ် ပိုမွှားရောဂါတွေဆိုးရွားနေမှသာ လုပ်သင့်တဲ့နည်းတစ်ခုပါ။ ဒါပေမဲ့လည်း တောင်သူတိုင်းက  ၅ ပေပတ်လည်အမှိုက်ပုံလေးအတွက် နေရာမပေးနိုင်တာဟာ တကယ်ကို ရင်နာစရာကောင်းပါတယ်။ ဘာလို့လဲဆိုရင် သီးနှံအကြွင်းအကျန်ထဲက အာဟာရဓာတ်တွေ ပျောက်ဆုံးသွားလို့ပဲဖြစ်ပါတယ်။

၃။ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးများကို အလွန်အကျွံသုံးစွဲလာတဲ့အခါ အဏုဇီဝသက်ရှိတွေအပြင် ဇီဝမျိုးကွဲတွေဖြစ်တဲ့ ပျား၊ လိပ်ပြာ၊ ငှက်စတဲ့ သားရဲကောင်လေးတွေလျော့နည်းလာပြီး ပိုမွှားရောဂါ‌ဖြစ်ပွားမှု၊ သီးနှံဝတ်မှုံကူးနိုင်မှုလျော့နည်းခြင်းတွေ ဖြစ်လာတာပဲဖြစ်ပါတယ်။

၄။  နွားချေး၊ ကြက်ချေး၊ ငုံးချေး၊ ဝက်ချေးတွေ စတဲ့ သဘာဝမြေဩဇာအရင်းအမြစ်တွေကို သေချာဆွေးမြေ့စွာမထားဘဲ ထည့်သွင်းခြင်း။ အဲ့လိုထည့်တာက သီးနှံအတွက် အာဟာရဓာတ်ရယူဖို့ မလွယ်သလို၊ ပျက်ဆီးဆုံးရှုံမှုတွေက များပါတယ်။ တစ်ခါတစ်ရံ heavy metal တွေ ပါလာပါက အပင်ကို ဆိုးဆိုးရွားရွားထိခိုက်နိုင်တဲ့အပြင် အပင်ရောဂါတွေကိုပါ ပိုဆိုးလာတတ်ပါတယ်။

    ဒီလိုအချက်တွေကို သင်က ရှောင်းရှားပြီး စိုက်ပျိုးရေးလုပ်မယ်ဆိုရင်တော့ အနေအထားတစ်ခုမှာ အောင်မြင်တဲ့တောင်သူတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

9
ဦးခင်ရှိန်

ဦးခင်ရှိန်

လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါ

mr. kaung myat

mr. kaung myat

လွန်ခဲ့သော ၄ နှစ် က

၅ပေပတ်လည်ကဘာလုပ်ဖို့လဲဗျ

kyaw naing lin

kyaw naing lin

လွန်ခဲ့သော ၅ နှစ် က

good

Thein Htike Aung

Thein Htike Aung

လွန်ခဲ့သော ၅ နှစ် က

hi

Kaung Htet Aung

Kaung Htet Aung

လွန်ခဲ့သော ၅ နှစ် က

Nitrospeed မြေသြဇာက စမ်းပေါက်နေတာကို ပြုပြင်ပေးပါတယ်ခဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ

U Soe • ဖြေကြားချက် 4 ခု

ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ

Nyan Lwin Tun • ဖြေကြားချက် 2 ခု

ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်

Nay • ဖြေကြားချက် 1 ခု

ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ

ဇေယျာဟိန်း • ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။