မြေချဉ်မှု (pH နိမ့်မှု) အား ပြုပြင်ကုစားခြင်းနည်းလမ်းများ
အက်ဆစ်ဆန်သော မြေချဉ်များအား (pH နိမ့်နေမှုအား) ထုံးထည့်၍ ပြုပြင်ကုစားနိုင်ပါသည်။ အသုံးပြုမှုများသော ထုံးအမျိုးအစားမှာ Calcitic Lime နှင့် Dolomitic Lime တို့ဖြစ်သည်။ Calcitic Lime အမျိုးအစားသည် ကယ်လစီယမ်ကာဗွန်နိုတ်(Calcium Carbonate: CaCO3) ပါဝင်ပြီး Dolomitic Lime တွင် ကယ်လစီယမ်ကာဗွန်နိုတ်နှင့် မဂ္ဂနီစီယမ်ကာဗွန်နိုတ် (Calcium Carbonate and Magnesium Carbonate: MgCa (CO3)2) တို့ ပါဝင်သည်။ မြေချဉ်မှုအား ကုစားရန် ၎င်းတို့အား ထည့်သွင်းရမည့် ပမာဏသည် မြေအမျိုးအစားအထူးသဖြင့် ဓာတ်ဖိုဖလှယ်နိုင်မှုစွမ်းအား (Cation Exchange Capacity) ပေါ်မူတည်၍ မတူညီပေ။ ဥပမာ - ရွံ့စေးဆန်သောမြေသည် ဓာတ်ဖိုဖလှယ်နိုင်မှုစွမ်းအား မြင့်မားသောကြောင့် pH မြင့်တက်လာစေရန်အတွက် ထုံးပမာဏ ပိုထည့်သွင်းပေးရန် လိုအပ်သည်။
မြေငံမှု (pH မြင့်မှု) အား ပြုပြင်ကုစားခြင်းနည်းလမ်းများ
စိုက်ပျိုးမြေများ၏ မြေငံနေမှု (pH မြင့်နေမှု) အား ပြုပြင်ကုစားခြင်းသည် မြေချဉ်များအား ပြုပြင်ကုစားခြင်းထက် ပို၍ခက်ခဲပါသည်။ များသောအားဖြင့် မြေငံများအား ကန့် (Sulfur)၊ အိုင်းယွန်းဆာလဖိတ် (Iron Sulphate)၊ အလူမီနီယမ် ဆာလဖိတ် (Aluminum sulfate) နှင့် ကျောက်မှုန့် (Gypsum: Calcium sulphate) တို့အား စိုက်ပျိုးမြေအတွင်းသို့ ထည့်သွင်း၍ ပြုပြင်လေ့ရှိကြပါသည်။
ဆာလဖာသည် မြေကြီး၏ အငန်ဓာတ်အား လျော့ကျသွားစေရန် ဓာတ်ပြုမှုကာလသည် ၁ နှစ်/ကျော်ပတ်ဝန်းကျင်ခန့် ကြာတတ်သည်။ အပင်များအား ထိခိုက်သေစေနိုင်သဖြင့် ၎င်းအား အသုံးပြုမည်ဆိုပါက သီးနှံပင်များမစိုက်ပျိုးမီ လအတန်ကြာကတည်းက မြေကြီးအတွင်းသို့ ၆ လက်မခန့် အနက်ထိ ထည့်သွင်းပေးထားရမည်။ ၎င်းအား ထည့်သွင်းပြီး ၄ လခန့်နေမှ မြေကြီး၏ pH အား စမ်းကြည့်ပြီး လိုအပ်ပါက ထပ်မံထည့်သွင်းပေးနိုင်သည်။ ရွံ့စေးဆန်သောမြေများနှင့် ကနဦးမြေချဉ်ငံဓာတ် (pH) ၇.၃ အထက်ရှိသော မြေများတွင်သာ ဆာလဖာအား နှုန်းထားမြင့်၍ အသုံးပြုရန် လိုအပ်ပါသည်။
မြေကြီး၏ မြေငန်ဓာတ်အားလျှော့ချရန် အိုင်းယွန်းဆာလဖိတ် (Iron Sulphate) အား အသုံးပြုခြင်းသည် မြေကြီးတွင် ဓာတ်ပြုမှုနှုန်း ပို၍မြန်ပြီး ၁ လခန့်အတွင်း မြေငန်ဓာတ်လျော့ကျသွားတတ်သည်။ သို့သော်လည်း တစ်ကြိမ်တွင် ပေ ၁၀၀ ပတ်လည် မြေနေရာစာအတွက် အိုင်းယွန်းဆာလဖိတ် (Iron Sulphate) ၉ ပေါင် အထက်ပို၍ မထည့်သွင်းသင့်ပေ။ ရွံ့စေးဆန်သောမြေများနှင့် ကနဦး မြေချဉ်ငံဓာတ် (pH) ၇.၃ အထက်ရှိသော မြေများတွင်သာ အိုင်းယွန်းဆာလဖိတ် (Iron Sulphate) အား နှုန်းထားမြင့်၍ အသုံးပြုရန် လိုအပ်ပါသည်။ အကယ်၍ နှုန်းထားမြင့်မြင့် အသုံးပြုရန်လိုအပ်ပါက အကြိမ်ကြိမ်ခွဲ၍ ထည့်သွင်းအသုံး ပြုသင့်ပါသည်။ အလူမီနီယမ် ဆာလဖိတ် (Aluminum Sulphate) သည် မြေငန်များအားပြုပြင်ရန် အသုံးပြုနိုင်သော်လည်း ၎င်းသည် အပင်၏ အမြစ်များကို အလူမီနီယမ် အဆိပ်သင့် (Aluminium Toxicity) ဖြစ်စေသောကြောင့် ၎င်းအား အသုံးပြုရန် ပညာရှင်များမှ မထောက်ခံကြပေ။
ကျောက်မှုန့် (Gypsum) ကို မြေငန်များ ပြုပြင်ကုစားရန် တချို့ကအကြံပြုကြသော်လည်း ၎င်းထည့်သွင်းမှုကြောင့် မြေကြီး၏ အငန်ဓာတ်အား သိသိသာသာ မပြောင်းလဲစေသော သုတေသနရလဒ်များကြောင့် တချို့ပညာရှင်များက သဘောမတူကြကြောင်း စာပေများတွင် တွေ့ရှိရပါသည်။ ။
နန္ဒကျော်(ရုက္ခဗေဒ)
ကျမ်းကိုး
၁။ Applied Principles of Horticultural Science, 3rd Edition(Laurie Brown)
၂။ Horticulture: Plant pH Preferences (J.W. Jett, WVU Extension Service)
၃။ Soil pH and plant health in the home garden (Harald Hoffmann)
၄။ Soil pH: CMG GardenNotes#222 (Colorado State University Extension)
၅။ pH for the Garden (Leonard Perry, University of Vermont Extension)
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ
U Soe • ဖြေကြားချက် 4 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 2 ခု
ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်
Nay • ဖြေကြားချက် 1 ခု
ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ
ဇေယျာဟိန်း • ဖြေကြားချက် 4 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026