အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွှစာဘိုကာရှီပြုလုပ်နည်း

လွှစာဘိုကာရှီပြုလုပ်နည်း

Green Way
Green Way • Greenovator • 09/03/2018

လိုအပ်မည့်ပစ္စည်း - အိမ်ထောင်စု (၁၀ဝ) အတွက်ခန့်မှန်းတွက်ချက်ထားပါသည်။

အမှိုက်ပုံးပြုလုပ်ခြင်း

အထက်အဝ အချင်း (၁၂) လက်မ၊ အောက်ခြေအချင်း (၁၀) လက်မ (၇ ဂါလံဆန့်) ရှိသော လက်ဆွဲ ကိုင်းပါ ပလတ်စတစ်ရေပုံးငယ်၊ အောက်ခြေမှ (၁) လက်မအမြင့်တွင် ပလပ်စတစ် ရေပိုက်ခေါင်းကို တပ်ဆင်ပြီး ပုံး၏ အတွင်းပိုင်းအောက်ခြေတွင် (၁၀) လက်မအချင်းရှိ ပလပ်စတစ်ဇကာခုံးကို မှောက်၍ ထည့်ပေးပါ။

လွှစာဘိုကာရှီ ပြုလုပ်ခြင်း

ဆန်ဖွဲနု၊ လွှစာနှင့် ကြက်ချေးတို့ကို (၆: ၃: ၁) ထည့်ရောပါ။ သို့မဟုတ် ဆန်ဖွဲနု (၂၄) ပိဿာ၊ လွှစာ (၁၂) ပိဿာ နှင့် ကြက်ချေး (၄) ပိဿာတို့ကို သမအောင်ရောစပ်ပါ။ တင်လဲရည်ဖြင့် ဖောက်ထားသော အီးအမ်ဖျော်ရည်အား (၁: ၁၀ဝ) အချိုးရေဖြင့် ထပ်ရောပါ။ ထိုသို့မဟုတ်ပါက တင်လဲရည်ဖြင့် ဖောက်ထားသော အီးအမ်ဖျော်ရည် (၅၀ဝ) စီစီအား ရေ (၁၀) ဂါလံနှင့်ရောစပ်၍ ရောထားသော ကုန်ကြမ်းများအပေါ်မှ အနည်းငယ်စီဖျန်းပေးပြီး သမအောင်ထပ်မွှေပေးပါ။ ကုန်ကြမ်းများကို လက်ဖြင့် အားယူဆုပ်ကြည့်လျှင် လက်ချောင်းများကြားမှ ရေစိမ့်ထွက်လျှင် အစိုဓါတ် အနေတော်ဖြစ်ပါသည်။ အစိုဓါတ်အနေတော်ထိ အီးအမ်ဖျော်ရည်ဖျန်းပေးပါက ပလပ်စတစ်တစ်ထပ်ခံထားသော ပီနန်အိတ်တွင်ထည့်၍ လေလုံအောင်စီးပြီး အရိပ်အောက်တွင် တစ်ပတ်ကြာထားပါ။ တစ်ပတ်အချဉ်ဖောက်ထားစဉ် ရာသီဥတုအေးပါက ပလပ်စတစ်အစဖြင့် ထပ်မံအုပ်ထားပေးပါ။ တစ်ပတ်ပြည့်၍ အိတ်ကိုဖွင့်ကြည့်ပါက မှိုအမျှင်အဖြူများ ထွက်နေလျှင် အရိပ်အောက်တွင် လေသလပ်အခြောက်ခံပြီး တစ်ကြိမ်စာ (၁၅) ကျပ်သားအထုပ်များ ထုတ်ပိုး ပါ။ အထုပ်ပေါင်း (၂၆၀) အထိရရှိနိုင်သည်။

လွှစာဘိုကာရှီ အသုံးပြုရန် နှုန်းထား

အမှိုက်ပုံး (၁) လုံးလျှင်တစ်ကြိမ် အမှိုက်ပြည့်သည်အထိ လွှစာဘိုကာရှီ (၁၅) ကျပ်သား တစ်ထုပ်နှုန်း အသုံးပြုရန်ဖြစ်သည်။ တစ်လစာအတွက် (၄) ထုပ်အသုံးပြုလျှင် လုံလောက်ပါ သည်။ ထို့ကြောင့် အိမ်ထောင်စု (၁၀ဝ) တစ်လစာအတွက် (၁၅) ကျပ်သား လွှစာဘိုကာရှီ အထုပ်ပေါင်း (၂၆၀) လိုအပ်မည်ဖြစ်ပါသည်။

လွှစာဘိုကာရှီသုံး အမှိုက်ပုံးအသုံးပြုနည်း

- အမှိုက်ပုံးကို အမှောင်ကျသောနေရာ၊ အနည်းငယ်ပူနွေးသောနေရာတွင် ထားပါ။

- မီးဖိုချောင်မှ နေ့စဉ်ထွက်ရှိသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥခွံ၊ ထမင်းဟင်း အကျန်၊ ဘုရားပန်း စသည့်အားလုံးထည့်နိုင်သည်။ (ပလပ်စတစ်ပစ္စည်း၊ ပုလင်းကွဲ၊ ပုလင်းခွံ၊ သံဘူးခွံနှင့် ပုပ်နေ ပြီဖြစ်သော ပစ္စည်းများမထည့်ရပါ)

-  စွန့်ပစ်ပစ္စည်းတစ်လွှာထည့်ပြီးတိုင်း ဖိသိပ်ပေးပါ။ အပေါ်မှ လွှစာဘိုကာရှီအခြောက်မှုန့် လက် တစ်ဆုတ်စာ ဖြူးထည့်ပါ။ အမှိုက်ပုံးအဖုံးကို အမြဲပြန်ဖုံးထားပါ။ ယင်ကောင်အလာနည်း၍ အပုပ်နံ့ကင်းကြောင်း တွေ့ရပါမည်။

- စားကြွင်းစားကျန်များ ရေများလွန်းပါက ရေစစ်ပြီးမှ ပုံးထဲထည့်ပါ။

- စွန့်ပစ်ပစ္စည်းထည့်နေစဉ်နှင့် ပုံးပြည့်ပြီးနောက်ပိုင်း ပုံးအောက်ခြေရေပိုက်မှတဆင့် အရည်များ နေ့စဉ် ဖွင့်ချစုဆောင်းထားပါ။ ထိုအရည်သည် အပုပ်နံ့ကင်း၍ ချဉ်ဖတ်နံ့ထွက်ပြီး အော်ဂဲနစ် မြေဩဇာရည်အဖြစ် အသုံးပြုနိုင်ပါသည်။

- စုဆောင်းထားရှိသော အပုပ်ရည်အား ရေနှင့် (၁: ၁၀ဝ) ဆ  ထပ်မံရောပြီး မိမိနှစ်သက်ရာ ပန်းပင်၊ ဟင်းသီးဟင်းရွက်ပင်၊ စားသုံးပင်များကို အရွက်ပေါ်မှဖျန်းပေးပါက ကြီးထွားနှုန်း ကောင်းစေပါသည်။

- အမှိုက်ပုံးထဲတွင် စွန့်ပစ်ပစ္စည်းများပြည့်သွားလျှင် အဖုံးလုံအောင်ဖုံးပြီး အရိပ်ထဲတွင် တစ်ပတ် ခန့် ဆက်၍ထားပါ။ ဤသို့ထားစဉ် ပုံးအောက်ခြေ ရေပိုက်ခေါင်းမှ နေ့စဉ် အပုပ်ရည်များ ဖွင့်ထုတ်စုဆောင်းထားပါ။

- ပုံးပြည့်ပြီး အရိပ်ထဲတွင် တစ်ပတ်ခန့်ထားပြီးနောက် မိမိအိမ်ဘေး (သို့) သင့်တော်သောနေရာ တွင် ကျင်းငယ် ၂ ပေ ပတ်လည်ခန့်တူး၍ ပုံးအတွင်းမှ အချဉ်ပေါက်နေသောပစ္စည်းများကို မြေကြီးအနည်းငယ် ထပ်မံရောစပ်ပြီး ကျင်းထဲထည့်ပါ။ ဖိသိပ်ပေးပါ။ အပေါ်ဆုံးမှ မြေကြီး (၄) လက်မခန့် အလွှာပြန်ဖုံးထားပါ။ တစ်လခန့်အကြာ အသင့်သုံးနိုင်သော မြေဆွေးရရှိပါသည်။

- အမှိုက်ပုံးအားရေဆေးပြီး ဆက်လက်အသုံးပြုနိုင်သည်။

ရရှိနိုင်သောအကျိုးကျေးဇူး

- မီးဖိုချောင်မှထွက်ရှိသော စားကြွင်းကင်းစားကျန်များမှ အပုပ်နံကင်းပြီး ယင်ကောင်မလာ သဖြင့် မိသားစုတစ်စုချင်းမှ ပတ်ဝန်းကျင်တစ်ခုလုံး ညစ်ညမ်းမှုမှ ကာကွယ်နိုင်ခြင်း။

- မိသားစုအတွင်း တနိုင်တပိုင်စိုက်ပျိုးထားသော ပန်းအလှပင်၊ ဟင်းသီးဟင်းရွက်အပင်များ အတွက် ဖျန်းရန်မြေဩဇာရည်နှင့် ထည့်ပေးရန်မြေဆွေး ပုံမှန်ရရှိစေနိုင်ခြင်း။

Green Way

 

 

 

 

 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

L.M.Eain?

L.M.Eain?

လွန်ခဲ့သော ၃ နှစ် က

ဖွဲနုမပါရင်ရပါ့မလား ဈေးကြီးနေလို့

U Zaw Hein

U Zaw Hein

လွန်ခဲ့သော ၄ နှစ် က

အသင့်ပြုလုပ်ပီးသား ဘိုကာချီဘယ်မှာဝယ်လို့ရလဲ ရန်ကုန်ကပါ

အလင်းအိမ်

အလင်းအိမ်

လွန်ခဲ့သော ၅ နှစ် က

သဘာဝတရားကိုလွန်ဆန်ခဲ့ကြလို့လူသားသက်ရှိသစ်ပင်ဂေဟစနစ်တွေပျက်စီးခဲ့ကြပြီး။သဘာဝပတ်ဝင်းကျင်ကိုဂရုစိုက်ကြပါစို့

ဦးခင်ရှိန်

ဦးခင်ရှိန်

လွန်ခဲ့သော ၅ နှစ် က

လွှသာမြေဆွေးကအဆင်မပြေဘူး၊ ဖွဲနုစျေးအလွန်ကြီးတယ်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ

U Soe • ဖြေကြားချက် 4 ခု

ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ

Nyan Lwin Tun • ဖြေကြားချက် 2 ခု

ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်

Nay • ဖြေကြားချက် 1 ခု

ကြက်ချေးနွားချေး၄၀ရာခိုင်နှုန်း စပါးခွံ၄၀ရာခိုင်နှုန်း ပြာ၂၀ရာခိုင်နှုန်းemပွားရည်နဲ့ ဖွဲနု၁၀၀ပြည်နဲ့လုပ်ထားတယ် ၄ခါလှ်တယ် သူက၃၅ရာခိိုင်နှုန်းလျှော့တယ်မဲတယ် အပူကင်းပြီ မြေနံ့ရ မြေဆွေးဖြစ်ပြီးလား အပင်သိသာအောင်ဘယ်လိုသုံးရမလဲ လုပ်ရောင်းဖို့ကြိုးစားနေတာ

ဇေယျာဟိန်း • ဖြေကြားချက် 4 ခု

မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ

phyo lay • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။