အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အိမ်မှာနေရင်း ပူတင်းဖုတ်မယ်

အိမ်မှာနေရင်း ပူတင်းဖုတ်မယ်

ဒီတစ်ခေါက်မှာတော့ အိမ်တွင်း မီးဖိုချောင်သုံး စားစရာလေးတွေနဲ့ ပူတင်းလုပ်စားကြည့်ကြရအောင်ပါ။ တစ်ချို့ကတော့ ဒီနည်းလမ်းကို ရင်းနှီးပြီးသားဖြစ်ပေမယ့် မသိသေးတဲ့သူတွေအတွက် နည်းလမ်းကောင်းလေး ဖေါ်ပြပေးလိုက်တယ်နော်။ ကြက်ဥပူတင်းကို ချိုချိုလေးစားကြမယ်။ လိုအပ်တဲ့ပစ္စည်းလေးတွေကတော့

၁။ ကြက်ဥ ၁လုံး

၂။ ပေါင်မုန့်ကြမ်း ၂ ချပ်

၃။ ငှက်ပျောသီး ၂ လုံး 

၄။ One tea နို့ဆီ ၂ ချောင်း (ဒါကတော့ နို့ဆီဖစ်ရင်ပြီးတာပါပဲ အဆင်ပြေရာသုံးနိူင်ပါတယ်)

အထက်က ဖေါ်ပြခဲ့တဲ့ပစ္စည်းတွေကို စတီးဇလုံထဲမှာရောပြီး သမသွားအောင်နယ်ပါ။

ပြီးတဲ့အခါ ဟင်းချက်တဲ့ ဒယ်အိုးအကြီးထဲမှာ ရေအလွတ်ထည့်ပါ။ အဲ့ရေကို အပူပေးရင်း နယ်ပြီးသားစတီးဇလုံကိုထည့်၍ ပေါင်းခံပါ။ အဲ့နည်းက ပေါင်းချောင်ထဲထည့်တာနဲ့ သိပ်မကွာပါဘူး။ ပေါင်းချောင်မရှိတဲ့အိမ်က ပိုများတယ်လေ။  မိနစ် ၂၀ ခန့် အပူပေးပြီးနောက် အအေးခံပြီးရင်တော့ ဟုမ်းမိတ်ပူတင်းကို စားသုံးနိူင်ပါကြောင်း ။

အချိုမကြိုက်တဲ့သူတွေအတွက် နို့ဆီပမာဏကို လျှော့ထည့်ဖို့တော့ လိုပါမယ်။ ဒါ့အပြင် ငှက်ပျောသီးကို အရမ်းကြီး အမှည့်လွန်တွေသုံးရင်တော့ အရသာသိပ်မကောင်းတဲ့အပြင် ပျော့ပြဲပြဲကြီး ဖြစ်သွားတတ်ပါတယ်။ အပူမပေးခင်ထိ ပျော့ပြဲပြဲကြီးဖြစ်နေရင် ငှက်ပျောသီးနဲ့ ပေါင်မုန့်ထပ်ထည့်ဖို့တော့ သတိထားရပါမယ်။

Reference ဝော့ာမပေးတော့ဘူးနော်...ဟဲဟဲ။ ကိုယ်တိုင်လုပ်တဲ့နည်းမို့လို့ ၊ အဆင်ပြေကြပါစေ။

ပြည့်ဖြိုးသော်

B.Agr.Sc(soil and water science)

 

You

ဆက်စပ်မေးခွန်းများ

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

wai wai oo • ဖြေကြားချက် 2 ခု

ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ

ပုတူး • ဖြေကြားချက် 1 ခု

မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်

Bonaparte Kyawhtay • ဖြေကြားချက် 1 ခု

အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ

မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။