ပဲယို ကိုယ်တိုင်လုပ်ကြည့်ကြရအောင်
ပဲပေါင်မုန့်၊ ပဲကိတ်၊ ပဲလမုန့် စတဲ့ မုန့်ချိုမုန့်အမျိုးမျိုးပြုလုပ်ရာမှာ အသုံးဝင်လှတဲ့ ပဲယို(bean paste) လုပ်နည်းလေးကို ပြောပြပေးပါမယ်။
ပဲယိုပြုလုပ်ဖို့
ပဲလွန်း - ၂၅ ကျပ်သား
ထန်းလျက် -၂၅ ကျပ်သား
ဆီ - ၁၅ ကျပ်သား
ဆော်ဒါ - လက်ဖက်ဇွန်း ၁ ဇွန်း
ဆား - အနည်းငယ်တို့ လိုအပ်ပါတယ်။
ပြုလုပ်နည်းမှာ-
(၁) ပဲလွမ်းကို ရေတစ်ညစိမ်ပြီး ဆော်ဒါ လက်ဖက်ဇွန်း ၁ ဇွန်း ထည့်ပြီးပြုတ်ပါ။
(၂) ပဲနူးပါက ရေစစ်ထားပြီး ကြိတ်စက်ဖြင့် ကြေအောင်ကြိတ်ပါ။
(၃) ထန်းလျက်ကို ရေအနည်းငယ်ဖြင့်ကျိုပြီး အမှိုက်များ စစ်ထုတ်ပါ။ ပြီးလျှင် ညောင်စေးကျအောင် ပြန်ကျိုထားပါ။
(၄) ပြီးစီးပါက ပဲယိုထိုးမည့်အိုးတွင် ဆီထည့်ပြီး ကျိုထားသော ထန်းလျက်ထည့်ကြော်ပါ။
(၅) ထန်းလျက်ရနံ့မွှေးပြီး ပွလာပါက ပဲကြိတ်ထားသည်ကိုထည့်ပါ။ ပြီးနောက် ဆားအနည်းငယ် ထည့်ပြီး ရေခမ်းဆီပြန်လာသည်အထိ မွှေပေးပါ။ (ပဲနှင့် ထန်းလျက်တွင် ရေကျန်ပါက ကျိုနေစဉ်တွင် အပူများစင်တတ်၍ ဂရုပြုပါ။)
(၆) အထားခံရန် ဆီပြန်ပြီး လုံးလာသည်အထိကျိုပြီးပါက အအေးခံကာ လိုသလိုအသုံးပြုနိုင်ပါပြီ။ 
ပင်လယ်ပြာ(ငါးဦးစီး)
Ref; Sofia food paradise
မျိုးမြတ်သူ
လွန်ခဲ့သော ၄ နှစ် ကဘယ်လောက်အထားခံလဲရှင့်
ဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026