ကြာရှည်အထားခံတဲ့အစာခြောက် energy bar အလွယ်တကူပြုလုပ်နည်း
Energy bar ဆိုတာကတော့ အလွယ်ပြောရမယ်ဆိုရင် သွားရည်စာတစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့် ပါဝင်ပစ္စည်းတွေကနေ လူ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်၊ ကာဗွန်ဟိုက်ဒရိတ် တွေကို ထောက်ပံ့ပေးတာပဲဖြစ်ပါတယ်။ များသောအားဖြင့် မနက်စာအဖြစ်သော်လည်းကောင်း၊ လေ့ကျင့်ခန်းလုပ်ပြီး၍သော်လည်းကောင်း အများဆုံးစားကြပါတယ်။ တစ်ခုက ကြာရှည်ထားခံတဲ့ အစာခြောက်အနေနဲ့လည်း စားသုံးနိုင်ပါသေးတယ်။
Energy bar တွေမှာ တစ်ချို့ ကြာရှည်မခံတဲ့လုပ်နည်းတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ဖော်ပြပေးမယ့် Energy bar လေးကတော့ ကြာရှည်ခံပြီး အလွယ်တကူသယ်သွားလို့ရဲ့ ပုံစံလေးကို ပြောပြသွားမှာပဲဖြစ်ပါတယ်။ အဓိကကတော့ အုတ်ဂျုံနဲ့ အခြေခံတဲ့ Energy bar လေးပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- အုတ်ဂျုံမှုန့် ၂ ခွက်
- ဂျုံမှုန့် ၁ ခွက်
- ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
- သိပ်ပြီးမချိုတဲ့ ချောကလက် အပိုင်းအစလေးများ ၁ ခွက်ခွဲ
- မြေပဲနှင့် အခြား အခွံမာသီးတို့ရောထားသော ပျားရည် ၂ ခွက်
- နွားနို့ (အသင့်သောက်) ၁၄ အောင်စ
- ဗနီလာအရသာ လက်ဖက်ရည်ဇွန်းတစ်ဇွန်း (မရှိပါကလဲ မထည့်လဲရပါတယ် )
- မြေပဲထောပတ် ၂ ခွက်
- ရေ ခွက်ရဲ့ ၃ ပုံ နှစ်ပုံ
- အခြားမီးဖိုချောင်သုံး ပစ္စည်းများ
မှတ်ချက် - အချိန်အတွယ်ခွက်မရှိပါက ကိုယ်ကြိုက်တဲ့ ပမာဏတစ်ခုနှင့် ပြုလုပ်နိုင်ပါတယ်။ အချိန်အဆပမာဏမှန်ရင် ရပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
ကြာရှည်ထားခံအောင်ပြုလုပ်မယ်ဆိုပါက Oven ထဲမှာ အပူပေးရန် အထူးလိုအပ်ပါတယ်။
- ပထမဆုံး oven ကို ၃၂၅ ဒီဂရီမှာ ကြိုတင်အပူပေးထားပါ။
- ပါဝင်ပစ္စည်းများကို အမှုန့်၊ အရည်သီးသန့် ခွဲပါ။
- အမှုန့် (ခြောက်သွေ့သော) ပါဝင်ပစ္စည်းများကို ကိုယ်အသုံးပြုမယ့် ဇလုံထဲမှာထည့်ပြီး သေချာရောသွားအောင် မွှေပါ။
- ရေမှလွဲ၍ ကျန်သောအရည် (စိုသော) ပါဝင်ပစ္စည်းများကို ဇလုံတစ်လုံးထဲသို့ထည့်ပြီး သေချာသမအောင် မွှေပေးပါ။ 
- မွှေပြီးသား အရောနှစ်ခုကို ဖြည်းဖြည်းချင်းစီရောပြီး ရေနှင့်တကွ သမအောင် ထည့်မွှေပေးပါ။
- ထိုရလာတဲ့ အနှစ်ပုံစံ ပါဝင်ပစ္စည်းများကို Oven ထဲထည့်မည့်လင်ဗန်းထဲသို့ အလူမီနီယံ foil ကို ခံပြီး မကပ်အောင် ဆီ သို့ ထောပတ်သုတ်ပါ။ အနှစ်တွေကို ထိုလင်ဗန်းထဲသို့ ညီညာအောင်ဖြန့်ထည့်ပြီး အပူပေးနိုင်ပါပြီ။ 
- oven ထဲမှာ အပူပေးတဲ့အခါ ၃၂၅ ဒီဂရီမှာ -၁၃-၁၅ မိနစ်ထိ အပူပေးပါ။
- ရလာတဲ့ energy bar လေးတွေကို မိနစ် ၂၀ အအေးခံပါ။ နောက်ပြီး မုန့်လေးကို စားပွဲပေါ်မှာ မှောက်ထုတ်ပြီး ကိုယ်ကြိုက်သလိုပုံစံလေးတွေ လှီးဖြတ်ပါ။ ထိုလှီးဖြတ်လိုက်တဲ့အတိုင်း စားလိုပါကလည်း စားနိုင်ပါတယ်။
သို့မဟုတ် အချိန်ကြာအောင် သိမ်းဆည်းလိုပါက Dehydrator ထဲမှာ ၁၃၅ ဒီဂရီနဲ့ တစ်နာရီ ရေထုတ်ပေးပါ။ Dehydrator မရှိပါက oven ကို ၂၀၀ ဒီဂရီထိထားပြီး ပထမဆုံးလုပ်ခဲ့တဲ့အတိုင်း အပူပေးမယ့်လင်ဗန်းထဲကို အလူမီနီယမ်ပြားခံပြီး energy bar အတုံးလေးတွေက တစ်လက်မဆီခြားပြီး စီထည့်၍ ၂၀-၂၅ မိနစ် အပူပေးပြီး ရေထုတ်နိုင်ပါတယ်။ အအေးခံပြီးက ကြာရှည်ခံတဲ့ Energy bar လေးတွေရရှိပြီပဲဖြစ်ပါတယ်။
အအေးခံပြီးရရှိလာတဲ့ energy bar လေးတွေကို သယ်ဆောင်ရလွယ်ကူအောင် air sealed ပုံစံလေးတွေ ထုတ်ပိုးပြီး ကိုယ်ထည့်ချင်တဲ့ အိတ်ထဲ၊ သိမ်းဆည်းချင်တဲ့နေရာကို အလွယ်တကူ ထည့်ပြီး ယူဆောင်သွားနိုင်ပါတယ်။
အိမ်မှာသိမ်းဆည်မယ်ဆိုပါကလည်း အေးမြခြောက်သွေ့တဲ့နေရာမှာထားပြီး သိမ်းနိုင်ပါတယ်။
ထို့သို့ သေချာထုတ်ပြီး သိမ်းဆည်းပါက ၆ လအထိ အထားခံပါတယ်။ ပါဝင်တဲ့ပစ္စည်းနဲ့ ပမာဏပေါ်မူတည်ပြီး အာဟာရလည်းပြည့်ဝသလို၊ ကြာရှည်ခံတဲ့ အစားအစာလေးဖြစ်လို့ အားလုံးတူတူ စမ်းသပ်လုပ်ကြပါစို့နော်။
Reference
https://www.google.com/amp/s/www.instructables.com/DIY-Shelf-Stable-Energy-Bars/%3famp_page=true
ဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from မြတ်စုဝေ
အားလုံး