မွန်ရိုးရာ ကောက်လှိုင်းတီမုန့်
ကောက်လှိုင်းတီမုန့်ဆိုတာ ခရမ်းရောင်ရင့်ရင့်ရှိတဲ့ ဆန်မုန့်တစ်မျိုးဖြစ်ပါတယ်။ မွန်ပြည်နယ်ကမြို့ရွာတွေရဲ့စျေးထဲမှာ သားရေစာအဖြစ်ရောင်းချတဲ့ မုန့်တစ်မျိုးပါ။ မွန်လို ကော့လန်းတီလို့လည်းခေါ်ပါတယ်။ ကောက်လှိုင်းတီပန်းရနံ့သင်းပျံ့ပြီး အာဟာရရှိတဲ့ကောက်လှိုင်းတီမုန့်ဟာ ဆိုးဆေးတွေလုံးဝမပါဘဲ သဘာဝကပေးတဲ့အရောင်နဲ့သာ စားချင့်စဖွယ်ဖြစ်တဲ့မုန့်လေးပါ။
ကောက်လှိုင်းတီမုန့်လုပ်ဖို့ ကောက်လှိုင်းတီပွင့်ကို အရင်စုဆောင်းရပါတယ်။ ကောက်လှိုင်းတီပင်ဟာ တခြားအပင်ပေါ်ကပ်ပေါက်တဲ့ ကပ်ပါးပင်ဖြစ်ပါတယ်။ အများအားဖြင့် မြက်နဲ့ ဝါးလိုအပင်မျိုးကို ကပ်ပါးပြုပါတယ်။ အပင်ပုလေးတွေဖြစ်ပြီး အရွက်မရှိပါဘူး။ အပင်လေးတွေဟာမြေကြီးထဲကထိုးထောင်ထွက်နေပြီး အပွင့်က အပင်ရဲ့ထိပ်ကပွင့်ပါတယ်။ တစ်ပင်လုံးခရမ်းရောင်ရှိပြီး အပွင့်က ခရမ်းရောင်သစ်ခွကဲ့သို့ပုံစံရှိပါတယ်။ ဝါဆို၊ ဝါခေါင်မိုးရွာချိန်မှာထွက်လာတဲ့ ကောက်လှိုင်းတီပင်ကအပွင့်တွေကို ခူးဆွတ်ပြီး မုန့်လုပ်ကြရပါတယ်။ 
ကောက်လှိုင်းတီမုန့်မှာ အပွနဲ့ အကျစ်နှစ်မျိုးရှိပါတယ်။ အပွက မွန်တွေရဲ့မူရင်းရိုးရာဖြစ်ပါတယ်။ မုန့်လုပ်ရန် ကောက်လှိုင်းတီပွင့်၊ ဆန်ကြမ်းမှုန့်၊ ဆန်မှုန့်၊ ဆားနှင့် ရေအနည်းငယ်လိုပါတယ်။ ကောက်လှိုင်းတီပွင့်တွေကိုဆုံထဲထည့်ထောင်း (သို့) ကြိတ်စက်ထဲ ရေအနည်းငယ်နှင့်ကြိတ်ကာ ရလာသောအရည်ကို ဆန်ကြမ်းမှုန့်၊ ဆန်မှုန့်၊ ထန်းလျက်၊ ဆားနှင့် ရေအနည်းငယ်ထည့်ကာ မုန့်ရည်ပျစ်ပျစ်ဖျော်ပြီး ကတော့ပုံလုပ်ထားသော ဖက်ရွက်ထဲထည့်ကာ ရေနွေးငွေ့နှင့်ပေါင်းခံရပါသည်။ ရလာသော ကတော့ချွန်ပုံစံမုန့်ကို အုန်းသီးခြစ်ဖတ်များနှင့် တွဲစားရပါသည်။ ကောက်လှိုင်းတီပွင့်၏ သင်းပျံ့သောရနံ့၊ ဖက်ရွက်၏ရနံ့ပါရောစပ်ကာ သင်းပျံ့နူးညံ့ပြီး အရသာရှိသော ကောက်လှိုင်းတီမုန့်ကို မနက်စာအဖြစ်စားသုံးကြပါသည်။
ကောက်လှိုင်းတီမုန့်အကျစ်လုပ်ရန် ကောက်လှိုင်းတီပွင့်၊ ဆန်မှုန့်၊ ဆန်ကြမ်းမှုန့်၊ ထန်းလျက်၊ပီလောပီနံမှုန့်၊ ဆားနှင့် ရေတို့လိုပါသည်။ ဆန်မှုန့်နှင့် ဆန်ကြမ်းမှုန့်နှစ်ခုပေါင်း အချိုးသည် ပီလောပီနံမှုန့်ထက် တစ်ဝက်များရပါမည်။ ပထမဦးစွာ ကောက်လှိုင်းတီပွင့်မှအရည်ကို ထုတ်ယူကာ ဆန်မှုန့်၊ ပီလောပီနံမှုန့်၊ ဆားနှင့် ရေအနည်းငယ်ထည့်ကာ မုန့်နှစ်ရအောင်နယ်၍ မုန့်ဗန်းတွင် ဟာလဝါကဲ့သို့ခင်းကာ ပေါင်းရပါမည်။ ထို့နောက် နှစ်သက်ရာအရွယ် အတုံးများ လှီးဖြတ်ကာသုံးဆောင်နိုင်ပါသည်။
ဝါဆို၊ ဝါခေါင်မှပေါ်သော ကောက်လှိုင်းတီမုန့်ကို ရာသီစာအဖြစ် နှစ်သက်သူများက အမြတ်တနိုးစားကြပါသည်။ မိမိတို့ပတ်ဝန်းကျင်တွင် ကောက်လှိုင်းတီပွင့်ရှိလျှင် အလွယ်တကူလုပ်စားနိုင်သော ခရမ်းရောင်ကောက်လှိုင်းတီမုန့်အကြောင်း ဗဟုသုတအဖြစ် ရေးသားလိုက်ရပါသည်။
ဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from စုမြတ်မြတ်မိုး
အားလုံး
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022