အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မွှေး ပဲစိမ်းမှုန့် တို့ဟူးကျိုနည်း

မွှေး ပဲစိမ်းမှုန့် တို့ဟူးကျိုနည်း

Green Way
Green Way • 19/01/2021

      ၀ယ်ရန်မလွယ်ကူသော ဒေသများတွင်သော်လည်ကောင်း ၊ အိမ်မှာ အေးဆေးလေး လုပ်စားချင်သူများ အတွက်သော်လည်းကောင်း တိုဟူး ကျိုနည်းလေး ရှယ်ပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

နနွင်းမှုန့် တစ်ဝက် (လ္ဘက်ရည်ဇွန်း )

ပဲစိမ်းမှုန့်၄၀၀တန် ၁ထုတ်

ထန်းလျှက်ခဲဖြူ ၂ခဲ

ရေ ရေသန့်ဗူးသေး ၁ဗူး 500ml

ဆား တစ်ဝက် (လ္ဘက်ရည်ဇွန်း ) နှင့်ဆီ ၁ဇွန်း (ထ္မင်းစားဇွန်း )

ပြုလုပ်နည်း

      ရေသန့်ဗူးသေးမှရေအနည်းငယ်ဖြင့် ထန်းလျှက်(၂)ခဲစိမ်ထားပါ ။ ကျန်ရေဖြင့်ပဲစိမ်းမှုန့်ကိုပျော်အောင်ဖျော်ပြီး ထန်းလျှက်ရည်စစ်ထည့်ပြီးဆား ၊ ဆီ ၊ နနွင်းမှုန့်ထည့်၍ မီးဖိုတွင်ကျိုပါ။အိုးကို အဆက်မပြတ် မွှေပေးပါ ။

       ပဲမှုန့်ရည်ပျစ်လာပြီးအစိမ်းနံ့ပျောက်လျှင်ချပြီး အအေးခံမည့်ခွက်ထဲထည့်ပြီး အအေးခံပါ ။

       စားခါနီးမှ အတုံးလေးများ ပါးပါးလှီးပြီး ဂေါ်ဖီ ၊ ကြက်သွန်နီဆီချက် ၊ ဟင်းခတ်မှုန့် ၊ မကျည်းရည် ၊ ငံပြာရည်၊ ငရုတ်သီးမှုန့် ၊ ရှောက်ရွက်ဖြင့် ချဉ်ငံစပ်လေး သုပ်စားနိုင်ပါသည် ။

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

2
812984

812984

လွန်ခဲ့သော ၃ နှစ် က

တကာတယောက်ကတို့ဟူးရောင်းရာတွင်ထန်းလျက်မပါ။

Khin Thida

Khin Thida

လွန်ခဲ့သော ၄ နှစ် က

ပြုလုပ်ကြည့်ပါဉီးမည်

You

ဆက်စပ်မေးခွန်းများ

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

wai wai oo • ဖြေကြားချက် 2 ခု

ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ

ပုတူး • ဖြေကြားချက် 1 ခု

မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်

Bonaparte Kyawhtay • ဖြေကြားချက် 1 ခု

အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ

မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။