အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရေစိုတလှည့် ခြောက်တစ်ခါရေထိန်းစနစ် (Alternate Wetting and Drying, AWD)

ရေစိုတလှည့် ခြောက်တစ်ခါရေထိန်းစနစ် (Alternate Wetting and Drying, AWD)

Green Way
Green Way • Greenovator • 03/01/2020

ရေစိုတလှည့်ခြောက်တစ်ခါ ရေထိန်းစနစ်(AWD)သည် စပါးအထွက်နှုန်းကို မထိခိုက်စေဘဲ ရေလိုအပ်မှုအနည်းဆုံးဖြင့် စိုက်ပျိုးရေကို အကျိုးရှိရှိ ချွေတာသုံးစွဲသော နည်းစနစ်တစ်ခု ဖြစ်ပါသည်။ 

စပါးစိုက်ခင်း၌ ရေပေးသွင်းရာတွင် စိုက်ခင်းရေလျော့နည်းတိုင်း ရေပေးသွင်းရမည့်အစား၊ ရေတိုင်းကိရိယာ (Field Water Tube)ကို မြေတွင်မြုပ်သွင်း၍ မြေမျက်နှာပြင်အောက် ၁၀လက်မအနက် ရေမရှိမှ ရေတစ်ဖန်ပြန်လည်သွင်းပေးခြင်းဖြစ်သည့် အလိုအပ်ဆုံးအချိန်ရောက်မှသာ ရေပေးသွင်းသောစနစ် ဖြစ်ပါသည်။ 

(၁)  အရှည် ၁၅လက်မ၊ အဝကျယ်၆လက်မ (သို့မဟုတ်) ၈လက်မရှိသည့် PVC ပလက်စတစ်ပိုက် (သို့မဟုတ်) ဝါးလုံးကို အသုံးပြုနိုင်ပါသည်။ 

(၂)  အဆိုပါပိုက်လုံး(သို့မဟုတ်) ဝါးလုံးကို မြေတွင်း၌ ရေစိမ့်ဝင်နိုင်ရန် အပေါက်များကို ၁ လက်မခြား ဖောက်ထားရပါမည်။

 

(၃)  စပါးစိုက်ခင်း တမန်းမြေတွင် မြေမျက်နှာပြင်အောက် ၁၀လက်မခန့်မြုပ်၍ မြေပေါ်တွင် ၅ လက်မခန့် ဖော်ထားပေးရပါမည်။

 

(၄)  မြေမျက်နှာပြင်ပေါ်တွင် ရေမရှိသော်လည်း ရေသွင်းရန်မလိုအပ်သေးဘဲ၊ ပိုက်လုံးအတွင်းသို့ငုံကြည့်လျှင် ရေမရှိသော အခြေအနေသို့ရောက်မှသာ ရေသွင်းပေးရမည် ဖြစ်ပါသည်။ 

ရေစိုတလှည့် ခြောက်တစ်ခါရေထိန်းစနစ်၏ အကျိုးကျေးဇူး

၁။  တောင်သူသမရိုးကျ ရေသွင်းနည်းကဲ့သို့ စိုက်ခင်း၌ ရေလျော့နည်းတိုင်း ရေသွင်းစရာမလိုခြင်းကြောင့် လုပ်အားခချွေတာနိုင်ပြီး၊ ကုန်ကျစရိတ်လည်း သက်သာစေပါသည်။

၂။  ရေ တစ်ကြမ်နှင့်တစ်ကြိမ်သွင်းရန် လိုအပ်သည့်ကာလသည် မြေအမျိုးအစားနှင့် ရာသီဥတုအပေါ်မူတည်၍ (၇-၈) ရက်ထားရှိနိုင်သဖြင့် ရေပေးသွင်းရမည့် အကြိမ်နှင့် စုစုပေါင်းသွင်းရေပမာဏကို လျော့နည်းစေပါသည်။

၃။  စပါးအထွက်နှုန်းကို မထိခိုက်သည့်အပြင် တောင်သူသမရိုးကျ ရေထိန်းစနစ်ထက် စိုက်ပျိုးရေကို (၂၀-၂၅) ရာခိုင်နှုန်းခန့် ချွေတာနိုင်ပါသည်။ 

၄။  စိုက်ခင်းအတွင်း ရေလိုအပ်မှ ရေသွင်းရသဖြင့် ဆည်ရေကို အားကိုးရသောဒေသများအတွက် လက်ရှိလှောင်ရေပမာဏနှင့် စိုက်ဧကတိုးချဲ့ စိုက်ပျိုးနိုင်မည် ဖြစ်ပါသည်။ 

၅။  ရေ အမြဲမလွှမ်းထားခြင်းကြောင့် စိုက်တန်းကြား လေဝင်လေထွက်ကောင်းစေပြီး စပါးပင်အတွက် လိုအပ်သော အာဟာရဓာတ်ရရှိနိုင်မှုကို တိုးပွားစေပြီး အမြစ်ဖွဲ့စည်းမှု အားကောင်းလာသဖြင့် အပင်ယိုင်လဲမှုကိုလည်း ကာကွယ်စေပါသည်။ 

၆။  စိုက်ခင်းမြေကို အလှည့်ကျ အခြောက်ခံထားခြင်းဖြင့် မလိုလားအပ်သော ပင်ပွားများထွက်ရှိမှုကို ဟန့်တားနိုင်သဖြင့် စိုက်ခင်းရှိ အနှံပါပင်ပွားများ အားကောင်းစေပြီး စပါးအထွက် ပိုမိုမြင့်မားစေပါသည်။ 

၇။  စိုက်ပျိုးရေးကို ချွေတာနိုင်သည့်အပြင် ဖန်လုံအိမ်ဓါတ်ငွေ့ (Green House Gas) ထွက်ရှိမှုကိုလည်း လျော့ချနိုင်မည် ဖြစ်ပါသည်။ 

လိုက်နာရမည့် အချက်များ

(၁) စိုက်ကွက်မြေမျက်နှာပြင် ညီညာရပါမည်။

(၂) ကန်သင်းကောင်း၍ ကန်သင်းလုံရပါမည်။ 

(၃) သမန်းကောင်းရပါမည်။

(၄) ပေါင်းမြက်များ အချိန်အခါမီ ကာကွယ်နှိမ်နင်းရပါမည်။ 

(၅) ရေသွင်းရေထုတ်မြောင်းများ ကောင်းမွန်ရပါမည်။

(၆) ပန်းမပွင့်ခင်အချိန်နှင့် ပန်ပွင့်ပြီး (၁)ပတ်အကြာထိ ရေအနက်(၂)လက်မခန့် ထိန်းထားပေးရပါမည်။

Source - တောင်သူအတွက်မှာနည်းပညာ (DAR) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ

JohnSaw • ဖြေကြားချက် 3 ခု

"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ

Kyaw Aye • ဖြေကြားချက် 3 ခု

ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ

U Than Toe Aung • ဖြေကြားချက် 3 ခု

ဆရာတို့ခင်ဗျားပျိုးပင်များနှုပ်ရလွယ်ကူအောင်မနှုပ်ခင်ဘယ်လိုဆောင်ရမလဲဖြေပေးပါဦးဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

ဆရာတို့ရေ စပါးယူဖရာ ဖစ်နေလို့ ကျန်ခဲ့တဲ့၁၅ရက်က ကာဘိုဆာဖန် 3gပတ် ထားတာလည်း မတန့်လို့ ဘာဆေးသုံးရမလည်း အကြံပေးပါအုံး

ko zaw • ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။