ယာသီးနှံများတွင် ရေအလေအလွင့်မရှိအောင်အသုံးချ၍ အထွက်နှုန်းအမြင့်ဆုံးရရှိစေရန် စီမံခန့်ခွဲနည်းလမ်းများ
အပင်များ အစာချက်လုပ်ရန် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ရေတို့ လိုအပ်သကဲ့သို့ အပင်၏ အရွက်၊ ပင်စည်နှင့် အခြားသောအစိတ်အပိုင်းများ တောင့်တင်းခိုင်မာရန်အတွက် ရေသည် မရှိမဖြစ်လိုအပ်ပေသည်။ ရေကို အမြစ်မှစုပ်ယူရာတွင် ရေတွင်ပျော်ဝင်နိုင်သော အာဟာရဓာတ်များကိုပါ အတူစုပ်ယူနိုင်သောကြောင့် ရေသည် ဘက်ပေါင်းစုံမှ အထောက်အကူပြုနေသည်။ ဒါ့ကြောင့် အပင်များအတွက် ရေလိုအပ်ချိန်တွင် ရေလုံလောက်စွာရရှိရန် အရေးကြီးပေသည်။
ယာသီးနှံဟုဆိုလျှင် အပူပိုင်းဒေသတွင် စိုက်ပျိုးရမှုကြောင့် ရေသည် အပင်နှင့် စိုက်ခင်းဧရိယာများမှ နည်းလမ်းမျိုးစုံဖြင့် ပိုမိုဆုံးရှုံးနေပေသည်။ အပင်များမှ ရေဆုံးရှုံးမှုများလျှင် အပင်ညှိုးခြင်းများဖြစ်၍ အစာချက်လုပ်မှုနှင့် အခြားလုပ်ငန်းဆောင်တာများကို ကျဆင်းစေသောကြောင့် အပင်များ ရှင်သန်ကြီးထွားမှုနှောင့်နှေး၍ ပျက်စီးဆုံးရှုံးစေနိုင်သည်။ အဓိကအားဖြင့် အပင်နှင့် စိုက်ခင်းဧရိယာများမှရေကို ပင်ငွေ့ပျံခြင်း(Transpiration) နှင့် ရေငွေ့ပျံခြင်း(Evaporation) တို့ကြောင့် ဆုံးရှုံးမှုအများဆုံးဖြစ်စေကာ တောင်သူများအနေဖြင့် ရေဆုံးရှုံးမှုကို လျော့ချနိုင်သော နည်းစနစ်များကို သိရှိထားရပါမည်။
ပင်ငွေ့ပျံခြင်း(Transpiration) သည် အပင်မှ ရေဆုံးရှုံးမှုတစ်မျိုးဖြစ်၍ ၎င်းကိုထိန်းချုပ်၍မရပါ။ အနည်းငယ်သာ လျော့ချနိုင်သည်။ ထိုနည်းလမ်းမှာ- အပင်မှ အစာမချက်လုပ်နိုင်သော ရောဂါကျရောက်နေသော အရွက်များ၊ မသန်စွမ်းသော အရွက်များ၊ ရင့်ရော်၍ဝါနေသောအရွက်များအား ချွေချ၍ ပင်ငွေ့ပျံခြင်းကို အနည်းငယ်လျော့ချနိုင်သည်။ ထို့ပြင် အရွက်၏ လေရှူပေါက်များ(Stomata) မှ ပင်ငွေ့ပျံခြင်းကို လျော့ချနိုင် သောအခြားနည်းလမ်းမှာ Abscisic acid ဆိုသော အပင်ဟော်မုန်းဆေးတစ်မျိုးကို ဖြန်းခြင်းဖြင့် လေရှူပေါက်တစ်ချို့တစ်ဝက်ကို ပိတ်စေ၍ ပင်ငွေ့ပျံခြင်းကို လျော့ချနိုင်သည်။
၎င်းတို့မှာ ယာသီးနှံများမှ ပင်ငွေ့ပျံခြင်းဖြင့် ရေဆုံးရှုံးမှုကို လျော့ချနိုင်သော နည်းလမ်းများဖြစ်ပေသည်။
ရေငွေ့ပျံခြင်း(Evaporation) သည် စိုက်ခင်းမြေဧရိယာမှ ရေဆုံးရှုံးမှုအများဆုံးဖြစ်ပေသည်။ ယာသီးနှံစိုက်ခင်းများတွင် ရေငွေ့ပျံခြင်းကို လျော့ချနိုင်သော နည်းလမ်းများစွာရှိပေသည်။
နည်းလမ်း (၁) - မစိုက်ပျိုးမီ ယာခင်းမြေကို ဗလာကျင်းထားခြင်းသည် မြေကြီးမှ ရေငွေ့ပျံ၍ ရေဆုံးရှုံးမှုကို ဖြစ်စေသည်။ ထို့ကြောင့် ၎င်းယာခင်းမြေကို ထယ်ထိုးထွန်မှောက်ထားခြင်းသည် မြေဆီလွှာရှိ လေဟာနယ်အပေါက်လေးများ( pore space) ကို ပျက်စေ၍ ရေငွေ့ပျံခြင်းကို လျော့ချနိုင်ပေသည်။
နည်းလမ်း (၂) - အပင်ဦးရေ(Plant population) ကို စဉ်းစားရပါမယ်။ အပင်ကျဲကျဲစိုက်ခြင်းသည် နေနှင့်တိုက်ရိုက်ထိတွေ့သော မြေနေရာလွတ်ဧရိယာကို များစေသောကြောင့် ရေငွေ့ပျံ၍ ရေဆုံးရှုံးမှုများစေသည်။ ထို့ကြောင့် ရေဆုံးရှုံးမှုကိုလျော့ချချင်လျှင် အပင်စိပ်စိပ်ဖြင့် အပင်ဦးရေများများစိုက်ခြင်းသည် မြေနေရာလွတ်ကို လျော့နည်းစေ၍ ရေငွေပျံခြင်းကို လျော့ချနိုင်ရုံသာမက အထွက်နှုန်းလည်းတိုးစေသည်။
နည်းလမ်း (၃) - ရေချွေတာသုံးစွဲခြင်းနည်းပညာ (Water saving technology) ဖြင့် ရေပေးသွင်းမှုကို စနစစ်တကျလုပ်ဆောင်ခြင်းသည် ရေအလေအလွင့်မရှိစေပဲ အပင်မှ ရေကို ကောင်းစွာအသုံးချနိုင်ရန် စီမံခန့်ခွဲနိုင်ပေသည်။ ၎င်းမှာ စိုက်ခင်းထဲသို့ ရေပေးသွင်းရာတွင် အပင်မှ အဓိကလိုအပ်ချိန်သာ ရေကိုပေးခြင်း၊ စိုက်ခင်းတစ်ကွင်းလုံး ရေသွင်းခြင်းမပြုပဲ အပင်ခြေရင်း၌ မြောင်းများ/ကြောင်းများ အတန်းလိုက်ဆွဲ၍ ရေပေးသွင်းခြင်းဖြင့် ရေစိုဧရိယာကို လျော့ချနိုင်ပေသည်။ ထို့ကြောင့် ရေငွေ့ပျံခြင်းကို လျော့ချနိုင်၍ ရေအလေအလွင့်မရှိပဲ ချွေတာသုံးစွဲနိုင်ပေသည်။
နည်းလမ်း (၄) - အပင်ခွဲစိုက်ခြင်း/ ဖြည့်စိုက်ခြင်း (Thinning or Filling) ဖြင့် မြေနေရာလွတ်များလျော့ချ၍ ရေငွေ့ပျံခြင်းကို လျော့နည်းစေသည်။
နည်းလမ်း (၅) - မြေဖုံးအုပ်ခြင်း( Mulching) သည်လည်း ရေငွေ့ပျံခြင်းကို လျော့ချနိုင်သည်။ မြေဖုံးအုပ်ရာတွင် ဘောင်များကို ပလတ်စတစ်အမဲဖြင့် ဖုံးအုပ်ခြင်း၊ ကောက်ရိုး၊မြက်ခြောက်တို့ဖြင့် ဖုံးအုပ်ခြင်းဟူ၍ အမျိုးမျိုးရှိသည်။ ထိုသို့ မြေဖုံးအုပ်ခြင်းသည် ရေငွေ့ပျံခြင်းကို လျော့ချနိုင်ရုံသာမက ရေသိုလှောင်မှု၊ ပေါင်းမြက်ထိန်းချုပ်မှု၊ ဆားငံမြေများတွင် pH မျှတစေမှု တို့ကိုကောင်းစေ၍ အထွက်နှုန်းတိုးစေသည်။
နည်းလမ်း (၆) - မြေကာပင်များစိုက်ပျိုးခြင်း (Soil cover crop cultivation) ဖြင့် နေနှင့်မြေကြီး တိုက်ရိုက်ထိတွေ့မှုကို လျော့ချ၍ ရေငွေ့ပျံခြင်းကို လျော့နည်းစေသည်။ မြေကာပင်အဖြစ် ပဲပိစပ်စိုက်ပျိုးခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း တွေ့ရပေသည်။
အထက်ပါနည်းလမ်းများဖြင့် ရေဆုံးရှုံးမှုကို အဓိကဖြစ်စေသော ပင်ငွေ့ပျံခြင်းနှင့် ရေငွေ့ပျံခြင်းကို လျော့ချနိုင်၍ ရေအလေအလွင့်မရှိအောင် အကောင်းဆုံးအသုံးချပြီး ယာသီးနှံများ အထွက်နှုန်းအမြင့်ဆုံးရောက်စေရန် စီမံခန့်ခွဲစိုက်ပျိုးနိုင်ပေသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ohaker Min
လွန်ခဲ့သော ၁ နှစ် ကစျေးနှုန်းရောဘယ်လောက်ရှိလဲ
Ohaker Min
လွန်ခဲ့သော ၁ နှစ် ကရေပိုက်ကိုဘယ်မှာဝယ်ရလဲ
စစ်တောင်းမင်းသား
လွန်ခဲ့သော ၅ နှစ် ကနှစ်လခွဲနှမ်းမျိုးရှိရင်လမ်းညွှန်ပေးပါခင်ဗျ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ
JohnSaw • ဖြေကြားချက် 3 ခု
"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ
Kyaw Aye • ဖြေကြားချက် 3 ခု
ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ
U Than Toe Aung • ဖြေကြားချက် 3 ခု
ဆရာတို့ခင်ဗျားပျိုးပင်များနှုပ်ရလွယ်ကူအောင်မနှုပ်ခင်ဘယ်လိုဆောင်ရမလဲဖြေပေးပါဦးဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
ဆရာတို့ရေ စပါးယူဖရာ ဖစ်နေလို့ ကျန်ခဲ့တဲ့၁၅ရက်က ကာဘိုဆာဖန် 3gပတ် ထားတာလည်း မတန့်လို့ ဘာဆေးသုံးရမလည်း အကြံပေးပါအုံး
ko zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from သိင်္ဂီလှိုင်
အားလုံး
သာတူညီမျှဖြစ်မှုကို ဆုံးရှုံးနေရသောတောင်သူများ
29/10/2021
လယ်ယာမြေ စတော့ရှယ်ယာဈေးကွက်ဆိုတာဘာလဲ? ဘာလို့ သိထားသင့်တာလဲ?
20/10/2021
အိမ်တွင်းစိုက်အပင်လေးတွေရဲ့ စိတ်ဝင်စားစရာသမိုင်းကြောင်း
29/09/2021
သက်ရှည်ကျန်းမာစေလိုသောအားဖြင့် ပြင်းထန်စွာသတိပေးပါရစေ
03/12/2020
ငါးနုတ်ငါးဖွဲများ လျော့နည်းမျိုးတုံးလာရခြင်း အကြောင်းရင်းများနှင့် ဆက်စပ်နေသော စိုက်ပျိုးရေးကဏ္ဍတစ်စိတ်တစ်ပိုင်း
23/11/2020