စိုက်ပျိုးရေအသုံးပြုမှု
မြေနဲ့အတူ ရေးပေးစနစ်ဟာလည်း အတူတွဲအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ စိုက်ပျိုးရေရရှိ ရေးဟာ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးမှာ အဓိကအချက်ဖြစ်သလို အသုံးပြုရမယ့် ရေအမျိုး အစားနဲ့ ရေရဲ့အရည်အသွေးဟာလည်း သတိပြုရမယ့်အချက်ဖြစ်ပါတယ်။ မိုးရာသီစိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်အများစုအတွက် မိုးရွာသွန်းမှု မှန်ကန်တဲ့ဒေသများမှာ ရေပေးသွင်းရန် မလို ပေမဲ့ မိုးရွာသွန်းမှု မမှန်တဲ့ဒေသများ အထူးသဖြင့် အပူပိုင်းမိုးနည်းရပ်ဝန်းဒေသများမှာ စိုက်ပျိုးတဲ့ မိုးရာသီ ဟင်းသီးဟင်းရွက်များရဲ့ ရေလိုအပ်ချက်အတွက် ရနိုင်တဲ့ ရေအရင်းအမြစ် များကို အသုံးပြုကြရတာမို့ အသုံးပြုတဲ့ရေအရည်အသွေးဟာ အထူးအရေးကြီးပါတယ်။ အပူ ပိုင်းဒေသများမှာရှိကြတဲ့ ဆည်ရေ၊ ချောင်းရေနဲ့ သွင်းရေအများစုဟာ အငံဓာတ်များတဲ့ရေများ ဖြစ်ကြတဲ့အတွက် ခံနိုင်ရည်ရှိမဲ့ ဟင်းသီးဟင်းရွက်အမျိုးအစား ရွေးချယ်စိုက်ပျိုးနိုင်မှသာ အောင်မြင်မှုရနိုင်မှာ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်များအတွက် အသုံးပြုရန်သင့် မသင့်၊ စိုက်ပျိုးရေ အရည်အသွေးကိုလည်း ဓာတ်ခွဲစမ်းသပ်ပြီးမှ အသုံးပြုသင့်ပါတယ်။
စိုက်ပျိုးတဲ့ သီးနှံအမျိုးအစားပေါ်မူတည်ပြီး ရေပေးသွင်းနည်း စနစ်များကို သင့်တော်သလို အသုံးပြုကြရမှာဖြစ်ပါတယ်။ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်ကြတဲ့ တောင်သူအများစုဟာ ရေဖျန်းစိုက်ပျိုးကြတာများပြီး ရေတွင်း၊ ရေကန်များမှတစ်ဆင့် ရေစုပ်စက်များသုံးပြီး ရေဖျန်း၊ ရေလောင်းလာကြတာကို တွေ့ရပါတယ်။ ဆောင်းရာသီနဲ့ နွေရာသီမှာ စိုက်ကြတဲ့ ဟင်းသီးဟင်း ရွက်များမှာ ရေသွင်းစိုက်ကြတာများလို့ ရေအရည်အသွေးကောင်းမွန်ရေးနဲ့ ရေပေးစနစ် မှန်ကန် ရေးဟာ အထူးအရေးကြီးပါတယ်။ အထူးသဖြင့် အညာဒေသ ဆည်ရေ၊ ချောင်းရေနဲ့ တွင်းရေ များကို အသုံးပြုစိုက်ပျိုးသူများ အထူးသတိပြုရမယ့်အချက် ဖြစ်ပါတယ်။
ဖူးပွင့်ဝေမဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၁) ဟင်းသီးဟင်းရွက် အထွက်တိုးရေးနှင့်အတူ အရည်အ သွေးမြင့်မားပြီး ဈေးကွက်အကြိုက်ကိုပါ ဦးတည်ထုတ်လုပ်ကြရန်လိုအပ်လာပြီ ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြထားပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ
JohnSaw • ဖြေကြားချက် 3 ခု
"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ
Kyaw Aye • ဖြေကြားချက် 3 ခု
ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ
U Than Toe Aung • ဖြေကြားချက် 3 ခု
ဆရာတို့ခင်ဗျားပျိုးပင်များနှုပ်ရလွယ်ကူအောင်မနှုပ်ခင်ဘယ်လိုဆောင်ရမလဲဖြေပေးပါဦးဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
ဆရာတို့ရေ စပါးယူဖရာ ဖစ်နေလို့ ကျန်ခဲ့တဲ့၁၅ရက်က ကာဘိုဆာဖန် 3gပတ် ထားတာလည်း မတန့်လို့ ဘာဆေးသုံးရမလည်း အကြံပေးပါအုံး
ko zaw • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026