ဟင်းသီးဟင်းရွက်ပင်များကို ရေပေးရာတွင် သိထားရမည့်အချက် (၄) ချက် အပိုင်း(၂)
ဖော်ပြခဲ့ပြီးသော “ဟင်းသီးဟင်းရွက်များပင်များကို ရေပေးရာတွင်သိထားရမည့်အချက် (၄) ချက်” ဆောင်းပါးတွင် ရေလိုအပ်မှုပမာဏနှင့် လိုအပ်သောအချိန်တို့ကို ဆုံးဖြတ်ရာတွင် စဉ်းစားရမည့် အချက်(၄) ချက်မှ ဆက်လက်၍ ရာသီဥတုနှင့် ရေပေးနည်းတို့ကို ယခုဆောင်းပါးတွင် ဖော်ပြသွားပါမည်။
၃) ရာသီဥတု
မိုးတိမ်ကင်းစင်ပြီး နေပူသောနေ့တွင် လေတိုက်ခတ်နေပါက လေမတိုက်ခတ်သောနေ့ထက် သစ်ပင်နှင့် မြေဆီလွှာမှရေတို့သည် ပိုမို၍ကုန်ဆုံးသည်။ အလားတူပင် အပူချိန် ၈၀ ဒီဂရီဖာရင်ဟိုက်ရှိပြီး၊ လေထုစိုထိုင်းဆနည်းသောနေ့တွင် လေထုစိုထိုင်းဆများသောနေ့ထက် ရေပိုမိုလိုအပ်သည်။
ရေငတ်ဒဏ်ခံနိုင်ခြင်း မတူကြချေ။ နှစ်ရှည်စားသုံးသီးနှံပင်များ မြေကွက်တွင် အခြေတကျဖြစ်ထွန်းပြီးသောအခါ အပင်များ၏ ရေလိုအပ်ချက်ခြားနားမှုသည် ပိုမိုထင်ရှားလာသည်။ ခရမ်းရောင်အပွင့်ရှိသော လာဗင်ဒါရေမွှေးပန်းပင်၌ သေးငယ်ပြီး ဖယောင်းသုတ်ထားသကဲ့သို့ အဖြူရောင်အရွက်ရှိသည်။ ထိုအပင်သည် ပူပြင်းသောနေ့၌ပင် ရေခမ်းခြောက်မှုဒဏ်ကိုခံနိုင်သည်။ သို့ရာတွင် ပူဒီနာပင်နှင့် လီမွန်ဘမ်းပင်တို့၌ ပါးလွှာသောအရွက်ရှိသည်။ ထိုအရွက်မှ ရေငွေ့ပျံသည်။ ထို့ကြောင့် အမြစ်များအတွက် ရေကို မကြာမကြာပေးရသည်။
မြေဆီလွှာမှ ရေငွေ့ပျံသည်။ ထို့ကြောင့် သစ်ပင်အမြစ်များ မြေဆီလွှာတွင် နက်နက်ဆင်းခြင်း၊ တိမ်တိမ်ဆင်းခြင်းသည် ရေလိုအပ်မှုပမာဏနှင့် ရေပေးရန် အနှေးအမြန်တို့ကို ဆုံးဖြတ်သည်။ ခရမ်းချဉ်ပင်၏အမြစ်များသည် ရာသီကုန်ချိန်၌ မြေတွင် ၂၄ လက်မခန့်အထိဆင်းသည်။ ဆလပ်ပင်၏အမြစ်သည် ၁၂ လက်မခန့်သာ မြေတွင်ဆင်းသည်။ နှစ်ရှည်ဟင်းခတ်အမွှေးအကြိုင်ပင်များနှင့် အသီးငယ်သောအပင်အများစု၏အမြစ်များသည် မြေတွင် ၁၂ လက်မခန့်ဆင်းပြီး၊ ဘေးသို့ ၃၆ လက်မနှင့်အထက် ဖြာထွက်သည်။ သစ်သီးပင်များ၏အမြစ်များသည် မြေတွင် ၂ ပေခန့်ဆင်းပြီး ဘေးသို့ ၂ ပေ သို့မဟုတ် ထို့ထက်ပိုပြီးဖြာထွက်သည်။ အမြစ်များ မြေတွင် နက်နက်ဆင်းပြီး၊ ဘေးသို့ ကျယ်ကျယ်ဖြာထွက်လျှင် မြေထဲမှ အစိုဓာတ်ကို ပိုမိုရယူနိုင်ပြီး ရေပေးသွင်းရချိန်လည်း ကျဲနိုင်သည်။
မိုးရွာသွန်းမှုနှင့် ရေပေးသွင်းမှုကိုချိန်ဆ၍ ဆောင်ရွက်ရသည်။ သစ်ပင်အမြစ်များသည် ရေကိုလည်းလိုအပ်သည့်နည်းတူ လေကိုလည်း လိုအပ်သည်။ ထို့ကြောင့် ရေဝပ်နေလျှင် အပင်များ သေကြေပျက်စီးကြသည်။ ထို့အပြင် ရေကိုလိုအပ်သည်ထက် ပိုမိုပေးသွင်းပါက အမြစ်ပွားရာနေရာထက် ကျော်လွန်သွားလျှင် ရေကို ဖြုန်းတီးပစ်ရာရောက်သည်။
သစ်ပင်က ရေလိုသလောက် ပေးသွင်းရန် နှစ်နည်းရှိသည်။ ပထမတစ်နည်းမှာ အပင်ကိုလေ့လာကြည့်ရှု့ရသည်။ စနစ်တကျလေ့လာလျှင် သစ်ပင်က ရေလိုအပ်သောလက္ခဏာကို မညှိုးမီပြသည်။ အခြားတစ်နည်းမှာ မြေဆီလွှာကို စစ်ဆေးရသည်။ မြေဆီလွှာကို တူရွင်းပြား(ငန်းပြား)နှင့် တူးပြီး အပေါ်မှ ၅-၇ လက်မခန့်အနက်မှရသောမြေမှ အချင်းတစ်လက်မခန့်ရှိသောမြေကို ကြည့်ရသည်။ မြေဆီလွှာတွင် အစိုဓာတ် မည်သည့်အနက်တွင်ရှိကြောင်း သိနိုင်သည်။ သို့မဟုတ် သံချောင်းတစ်ချောင်းနှင့် မြေဆီလွှာတွင် ထိုးသွင်းကြည့်ပါက အလွှယ်တကူဝင်သွားသောနေရာအထိ အစိုဓာတ်ရှိနေသည်။
၄) ရေပေးနည်း
ရေပေးနည်းများစွာရှိသည်။ ရေပုံးနှင့် ရေဖျန်းခြင်း၊ ရေဖျန်းကိရိယာနှင့်ဖျန်းခြင်း၊ ရေမြောင်းနှင့် ရေသွင်းခြင်း၊ ကျင်းဖွဲ့၍ရေသွင်းခြင်း၊ အစက်ချနည်းဖြင့်ရေပေးခြင်း စသည်တို့ဖြစ်သည်။ ရေကိုမြန်မြန်သွင်းလျှင် မြေဆီလွှာက မြန်မြန်မစုပ်ယူနိုင်သောအခါ ရေများစီးဆင်းသွားခြင်း သို့မဟုတ် အိုင်ငယ်လေးများ ဖြစ်ပေါ်ခြင်းကိုတွေ့နိုင်သည်။ ရေများစီးဆင်းသွားလျှင် မြေဆီလွှာအပေါ်ယံသာစိုနိုင်သည်။ စိမ့်၍မဝင်နိုင်ချေ။ အချို့မြေကွက်သည် နာရီပေါင်းအတော်များများ သို့မဟုတ် ရက်ပိုင်းအထိ ရေသွင်းပေးရန်လိုအပ်သည်။ မြန်မာနိုင်ငံ၌ စနယ်မြေစေးတွင် ၈ နာရီ ရေသွင်းပေးရသည်။ ရေကို မြေကြီးက စုပ်ယူနိုင်သည့်နှုန်းအတိုင်း ပေးရသည်။ အကယ်၍ ရေသွင်းနှုန်းကို မထိန်းနိုင်လျှင် ရေကိုစီးဆင်းသွားသည်အထိသွင်း၍ တစ်နာရီခန့် ရေကိုမသွင်းဘဲ နားပြီး နောက်တစ်ကြိမ်ထပ်မံသွင်းရသည်။ ဤနည်းအားဖြင့် မြေဆီလွှာအစိုဓာတ်လုံလောက်သည်အထိ သွင်းရသည်။
နည်းပညာများကို ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၁) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆက်စပ်မေးခွန်းများ
"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ
Kyaw Aye • ဖြေကြားချက် 3 ခု
ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ
U Than Toe Aung • ဖြေကြားချက် 3 ခု
ဆရာတို့ခင်ဗျားပျိုးပင်များနှုပ်ရလွယ်ကူအောင်မနှုပ်ခင်ဘယ်လိုဆောင်ရမလဲဖြေပေးပါဦးဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
ဆရာတို့ရေ စပါးယူဖရာ ဖစ်နေလို့ ကျန်ခဲ့တဲ့၁၅ရက်က ကာဘိုဆာဖန် 3gပတ် ထားတာလည်း မတန့်လို့ ဘာဆေးသုံးရမလည်း အကြံပေးပါအုံး
ko zaw • ဖြေကြားချက် 5 ခု
ပျိုးပင် အရွက်ဝါပြီး ရွှက်ဖျားခြောက်နေခြင်းကို ဘာဓာတ်လိုအပ်တာလဲ? ဘယ်လိုကာကွယ်ရမလဲ?
than way • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026